ဗိုက်ပူခြင်းဟာ ဒီနေ့ခတ်မှာ အသက်ကြီးငယ်မရွေး ဖြစ်လေ့ရှိတဲ့ အဓိကပြဿနာ တခုလို့ ပြောလို့ရပါတယ်။ ဝမ်းဗိုက်ပိုင်း အဆီစုမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဗိုက်ပူခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ “နှလုံးရောဂါ၊ ဆီးချိုနဲ့ လေဖြတ်ခြင်း” အစရှိတဲ့ ရောဂါတွေလည်း ဖြစ်ပွားလာနိုင်ပါတယ်။
ဒီလို နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်ပေါ်မလာရအောင် မိမိတို့အိမ်မှာ နေ့စဉ်အသုံးပြုနေတဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေနဲ့ ပျောက်ကင်းအောင် ပြုလုပ်လို့ ရပါတယ်။ ဗိုက်ပူခြင်းကို ပျောက်ကင်း သက်သာစေမယ့် နည်းလမ်းအချို့ကို ရေးသား ဖော်ပြလိုက်ပါတယ်။
(၁) အစားမစားခင် သံပုရာရည် သောက်သုံးပေးခြင်းဟာ ဗိုက်ပူခြင်းအပြင် အသည်းအဆီဖုံးခြင်းကိုပါ သက်သာ စေနိုင်ပါတယ်။ တခုသတိပြုရမှာက သံပုရာရည်သောက်ပြီး နာရီဝက်ခန့်ကြာမှ အစာ စားရမှာပါပဲ။
(၂) ဂျင်းနဲ့ရေနွေး ပြုလုပ်ထားတဲ့ ဂျင်းလက်ဖက်ရည်ကို တနေ့ကို ၂ ခွက် ပုံမှန်သောက်သုံးပေးမယ် ဆိုရင်တော့ ဗိုက်ပူခြင်းကို ပျောက်ကင်းစေနိုင်မှာပါ။ ဂျင်းဟာ အစာကြေစေပြီး ခန္ဓာကိုယ်က မလိုအပ်တဲ့ အဆီပိုတွေကို လောင်ကျွမ်းစေနိုင်တဲ့ ဂုဏ်သတ္တိ ရှိပါတယ်။
(၃) မနက်ခင်းတိုင်း ကြက်သွန်ဖြူ ၃ တက်စားပေးမယ် ဆိုရင်တော့ ၂ ပတ်အတွင်းမှာပဲ ဗိုက်ပူတာ သိသိသာသာ ပျောက်ကင်းလာမှာ ဖြစ်ပါတယ်။
(၄) ဟင်းလျာ ချက်ပြုတ်တဲ့အခါမှာ ပန်းသီးရှာလကာရည်ကို အသုံးပြုပေးမယ်ဆိုရင်လည်း ဗိုက်ပူခြင်းကို ပျောက်ကင်းစေနိုင်မှာ ဖြစ်ပါတယ်။
(၅) နောက်ထပ် အကောင်းဆုံး နည်းလမ်းကတော့ Green Tea ကို တနေ့ ၂ ခွက်ကနေ ၃ ခွက် ပုံမှန် သောက်သုံး ပေးခြင်းပါပဲ။
(၆) သစ်ကြံပိုးခေါက်ကို ဟင်းလျာ ချက်ပြုတ်တဲ့အခါနဲ့ အသုပ်သုပ်စားတဲ့အခါမျိုးမှာ လက်ဖက်ရည်ဇွန်း တဇွန်းခန့် ထည့်ပြီး စားသုံးပေးမယ်ဆိုရင်လည်း ဗိုက်ပူခြင်းကို ပျောက်ကင်းစေနိုင်မှာ ဖြစ်ပါတယ်။
(၇) ဒါကတော့ နောက်ဆုံးနဲ့ အလွယ်ကူဆုံး နည်းလမ်းပါ။ ရေများများ သောက်ခြင်းပါပဲ။ ရေသောက်ခြင်းဟာ အဝလွန်ခြင်းနဲ့ ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှား ပေးနိုင်ပါတယ်။
Ref ; theindianspot