ကမ္ဘာပေါ်ရှိ လူတိုင်းဟာ တနေ့နဲ့တနေ့ ကိုယ့်အသားရေကို နုပျိုလှပစေမယ့် နည်းလမ်းတွေကို ရှာဖွေနေကြ ပါတယ်။ အလှအပရေးရာ ကျွမ်းကျင်ပညာရှင်တွေကလည်း အသားရေအတွက် အလှအပစ္စည်း ထောင်ပေါင်း များစွာကို ထုတ်လုပ်နေပေမယ့် လောက နိယာမအရ ဇရာကို အံ့တုဖို့ဆိုတာ ရာနှုန်းပြည့် မဖြစ်နိုင်သေးပါဘူး။
“ဇရာ”ကို အံတုဖို့ရာ မဖြစ်နိုင်ပေမယ့်လည်း နိုင်ငံတိုင်းမှာ သူ့နည်းနဲ့သူတော့ အရေးအကြောင်းတွေကို လျော့နည်းစေမယ့် နည်းလမ်း ကိုယ်စီ ရှိကြပါတယ်။ အဲဒီထဲကမှ လွယ်လွယ်ကူကူ လုပ်နိုင်ပြီး ထိရောက်မှုရှိတဲ့ နည်းလမ်း တချို့ကို မျှဝေရေးသား လိုက်ပါတယ်။
(၁) Citrus Mask နဲ့ မျက်နှာပေါင်းတင်မယ်
အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ အရေးအကြောင်းတွေ မဖြစ်အောင်၊ ရှိနေတဲ့ အရေးကြောင်းတွေ မှေးမှိန် သွားအောင် လုပ်ပေးနိုင်တဲ့ “Citrus Mask” လုပ်မယ်ဆိုရင် သံပုရိုသီးရယ်၊ ပျားရည်ရယ်ပဲ လိုအပ်ပါတယ်။ သံပုရာသီး တလုံးလုံးကို အရည်ညှစ်လိုက်ပါ။ ညှစ်ထားတဲ့ သံပုရာရည်ထဲကို ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်း ထည့်ပြီး သမအောင် မွှေပါ။ အထိအခိုက် မခံတဲ့ Sensitive skin ဆိုရင် ရေနည်းနည်း ထပ်ရောပေးဖို့ လိုပါတယ်။
သေချာ မွှေထားတဲ့ အရည်ကို မျက်နှာအနှံ့ Cotton ball (ဝါဂွမ်းအလုံး) လေးနဲ့ လိမ်းပေးပါ။ မိနစ် အနည်းငယ် ကြာရင် မျက်နှာပေါ်မှာ တင်းရင်းလာသလို ခံစားရပါလိမ့်မယ်။ ပြီးရင်တော့ ရေနဲ့သေချာပြန်သန့်စင်ပေးပါ။ တပတ်တကြိမ် လုပ်ပေးမယ်ဆိုရင် အသားအရေ တင်းရင်းပြီး အရေးအကြောင်းတွေ မှေးမှိန်ပျောက်ကွယ် သွားတာ မြင့်တွေ့ရပါမယ်။
သံပုရာသီးမှာပါတဲ့ ဗီတာမင်စီနဲ့ ပျားရည်က ဗီတာမင်အီး ဓာတ်တွေက အသားအရေ စိုပြည်လှပစေနိုင်စွမ်း ရှိပါတယ်။ တကယ်လို့ သံပုရာသီး မရှိရင် မုန့်လာဥနီ အစားထိုးနိုင်ပါတယ်။
(၂) လည်ပင်းတဝိုက်က အရေအကြောင်းတွေ ကာကွယ်မယ်
အသက်အရွယ် ရလာတာနဲ့အမျှ နေ့စဉ်ထိတွေ့နေရတဲ့ နေရောင်ခြည်ဒဏ်တွေကြောင့် အသားအရေ အိုမင်းရင့်ရော် စေပါတယ်။ မျက်နှာ အသားအရေကို ထိန်းသိမ်းသင့်သလို လည်ပင်း တဝိုက်က အရေးအကြောင်းတွေကိုလည်း မေ့ထားလို့မရပါဘူး။ မျက်နှာထက် လည်ပင်းအရေပြား ပိုပါးလို့ အရေးအကြောင်းတွေ ရှိလာရင် ပိုသိသာပါတယ်။
ရှိရင်းစွဲ အသက်ထက် ၁၀ နှစ်လောက် ပိုငယ်သွားအောင် လည်ပင်းတဝိုက် အရေးအကြောင်းတွေ သက်သာစေမယ့် သဘာဝ နည်းလမ်းလေးကတော့ ရိုးရှင်းပါတယ်။
သံလွင်ဆီ၊ ဗီတာမင်အီး ဆေးတောင့်နဲ့ Vaseline အလှဆီပဲ လိုအပ်ပါတယ်။ သံလွင်ဆီ 10 ml ၊ ဗီတာမင်အီး ဆေးတောင့် ၃ တောင့်ရယ်၊ Vaseline အလှဆီ 3 g တို့ကို ခွက် တခုထဲ ရောမွှေလိုက်ပါ။
ရောမွှေထားတဲ့ ခွက်ကို ရေပူထဲထည့်ပြီး အပူပေးပါ။ ခဏကြာရင် ပြန်ဆယ်ပြီး အအေးခံ ထားပါ။ အအေး ခံပြီးလို့ရလာတဲ့ ခရင်မ်ကို နောက်ထပ ်ခွက်တခုထဲ ပြောင်းထည့်ပြီး အိပ်ရာမဝင်ခင် လည်ပင်းတဝိုက် အနှံ့ လိမ်းပေးလိုက်ပါ။
မအိပ်ခင် ဒီနည်းလမ်းအတိုင်း ပုံမှန်လုပ်ပေးမယ်ဆိုရင် အရေးအကြောင်းကင်းပြီး ငယ်ရွယ်နုပျိုတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါပြီ။ ၂ လအတွင်းမှာ လည်ပင်တဝိုက် တင်းရင်းလှပမှုကို ခံစား သိမြင်နိုင်မှာပါ။
(၃) မျက်လုံးနားတဝိုက် အရေးအကြောင်းတွေ ကာကွယ်မယ်
နောက်ထပ်အရေးကြီးတဲ့ မျက်လုံးနားတဝိုက် အရေးအကြောင်းတွေကို ကြိုတင်ကာကွယ် ထားသင့်ပါတယ်။ ကျီးခြေထောက်လို့ ခေါ်တဲ့ မျက်လုံးတဝိုက်က အရေးအကြောင်းတွေက သင်အသက်ကြီးလာပြီဆိုတာ အရင်ဆုံး ပေါ်လွင်စေတဲ့ နေရာပါ။ ဒါကြောင့် အသက် ၃၀ မတိုင်ခင်ကတည်းက Eye cream တွေ သေချာလိမ်းဖို့ အလှအပကျွမ်းကျင်သူတွေ အကြံပြုကြတာပေါ့။
ဈေးကွက်ထဲက Eye cream တော်တော်များများက တန်ဖိုးမြင့်တာမို့ ဘယ်တံဆိပ်သုံးရမလဲ ဝေခွဲမရသေးရင် Vaseline အလှဆီခရင်မ် အစားထိုး သုံးကြည့်ဖို့ အကြံပြုချင်ပါ တယ်။ အလွယ်တကူ ဝယ်လို့ရတဲ့ Vaseline အလှဆီကို ညအိပ်ရာ မဝင်ခင် မျက်လုံးတဝိုက် လိမ်းအိပ်ပြီး မနက်နိုးလာရင် ကြက်သီးနွေးရေနဲ့ မျက်နှာကို သေချာသစ်ပေးပါ။ အရေးအကြောင်းကင်းစင်တဲ့ အသားရေပိုင်ရှင် ဖြစ်လာပါလိမ့်မယ်။
Ref: Brightside