မနက်ခင်း အိပ်ရာက နိုးနိုးချင်း ပထမဦးဆုံး ၁၀ မိနစ်ဟာ သင့်တနေ့တာမှာ အရေးကြီးဆုံး အချိန်လို့ ပြောလို့ရပါတယ်။ ဒါကြောင့်မို့လို့ ဒီ ၁၀ မိနစ်အတွင်းမှာ လွယ်လွယ်ကူကူနဲ့ ပြုလုပ်လို့ရပြီး သင့်ကို တနေကုန် စိတ်ကြည်လင်စေမယ့် အချက် ၇ ချက်ကို ရေးသားဖော်ပြ လိုက်ပါတယ်။
(၁) သင်ရဲ့ အိပ်ရာထချိန်ကို တိတိကျကျ သတ်မှတ်ထား သင့်ပါတယ်။ အိပ်ရာက နိုးပြီးမှ ခဏတဖြုတ် တမှေးပြန်လည် အိပ်စက်ခြင်းဟာ သင့်ကို တနေကုန် ထိုင်းမှိုင်း စေနိုင်ပါတယ်။
(၂) အိပ်ရာက နိုးနိုးချင်း ခန္ဓာကိုယ်ကို ဆန့်ထုတ်ခြင်းဟာ ကောင်းမွန်တဲ့ အမူအကျင့်တခု ဖြစ်ပါတယ်။ ဒီလို ပြုလုပ်ခြင်း အားဖြင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေနိုင်ပြီး ကြွက်သားတွေကိုပိုမို သန်မာစေနိုင်မှာ ဖြစ်ပါတယ်။
(၃) သင့်ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းဟာ ရေဓာတ်ကို မရှိမဖြစ် လိုအပ်ပါတယ်။ သင့်ရဲ့ အိပ်စက်ချိန် ၇ နာရီကနေ ၈ နာရီ အတောအတွင်းမှာ ရေသောက်ထားခြင်း မရှိတဲ့အတွက် အိပ်ရာနိုးနိုးချင်းမှာ ရေတဖန်ခွက်ကို မဖြစ်မနေ သောက်သုံးသင့် ပါတယ်။
(၄) မနက်စာ စားခြင်းဟာလည်း သင့်တနေ့တာမှာ အရေးကြီးဆုံး အချက် ဖြစ်ပါတယ်။ မနက်စာ စားခြင်းဟာ တနေ့တာရဲ့ ကယ်လိုရီ လောင်ကျွမ်းမှု ဖြစ်စဉ်ကို အထောက်အကူပြုနိုင်လို့ နေ့စဉ် စားသုံးသင့်ပါတယ်။
(၅) ဂီတဟာ လူတွေရဲ့ စိတ်ကို ပြောင်းလဲပေးနိုင်တယ် ဆိုတာကတော့ ငြင်းမရတဲ့ အချက်တခုပါပဲ။ သင့်မနက်ခင်းကို သင်နှစ်သက်တဲ့ သီချင်းတပုဒ်နဲ့ စတင်လိုက်ခြင်းအားဖြင့်သင့်ကို တနေကုန် စိတ်ကြည်လင်နိုင်စေမှာ ဖြစ်ပါတယ်။
(၆) မနက် အိပ်ရာထတာနဲ့ ဖုန်းအသုံးပြုတတ်တဲ့ အကျင့်ကို ရှောင်ကြဉ်သင့်ပါတယ်။ အကောင်းဆုံးကတော့ ဖုန်း Notification ကို ပိတ်ထားခြင်းပါပဲ။
(၇) အကောင်းမြင်စိတ်တွေ တိုးတက်လာစေဖို့အတွက် မနက်ခင်းတိုင်းမှာ စာဖတ်တဲ့ အလေ့အကျင့် လိုပါတယ်။ အထူးသဖြင့် သင့်စိတ်ကို ခွန်အားဖြည့်ပေးမယ့် စာမျိုးကို ရွေးပြီး ဖတ်သင့်ပါတယ်။
Ref ; thiskathryngirl.com