အိပ်ရေးပျက်တာနဲ့ စိတ်ဖိစီးမှုများတာဟာ ဝက်ခြံတွေကို အလွယ်တကူနဲ့ မျက်နှာပေါ်မှာ နေရာ ယူစေပါတယ်။ ဒီလို ဝက်ခြံတွေ ပေါက်လာပြီဆိုရင် ဝက်ခြံတွေကို ဖုံးကွယ်တဲ့အနေနဲ့ မိတ်ကပ် အလွန်အကျွံ လိမ်းခြင်းမျိုး မပြုလုပ်သင့်ပါဘူး။ ဒီလို အခြေအနေမျိုးမှာ ရှေးယခင် အမျိုးသမီးတွေ လက်ထက်ကနေ ယနေ့ခေတ်အထိ အသုံးဝင်နေဆဲဖြစ်တဲ့ နည်းလမ်း တချို့ကို ဖော်ပြပေး လိုက်ပါတယ်။
ရှားစောင်းလက်ပပ်မှာ မျက်နှာအသားအရေပေါ်က ဘက်တီးရီးယားတွေနဲ့ ဓာတ်မတည့်မှုကြောင့် ဖြစ်ပေါ်တဲ့ အသားအရေ နီမြန်းရောင်ရမ်းခြင်းကို သက်သာစေတဲ့ ဂုဏ်သတ္တိ ရှိပါတယ်။ သွေးထွက်သံယို ဒဏ်ရာတွေပေါ်မှာ ရှားစောင်းလက်ပပ် လိမ်းပေးမယ်ဆိုရင် သွေးတိတ သက်သာစေနိုင်ပြီး အနာကျက် မြန်စေမှာပါ။ ပျက်စီးနေတဲ့ အသားအရေကို ကုသရာမှာ ရှားစောင်းလက်ပပ်ဟာ အစွမ်းထက် ဆေးတလက် ဖြစ်ပါတယ်။

(၁) ရှားစောင်းလက်ပပ် အပင်ကနေ ခြစ်ယူထားတဲ့ ရှားစောင်းလက်ပတ် ဂျယ်လ်အနည်းငယ်ကို Tea tree oil လက်ဖက်ရည် ဇွန်းတဇွန်းခန့်ဖြင့် ရောပြီး ဝက်ခြံဖြစ်တဲ့ နေရာမှာလိမ်းပေးပြီး မိနစ် ၃၀ ခန့် အကြာမှာ ရေနဲ့ ပြန်လည် ဆေးကြောပေးမယ်ဆိုရင် ဝက်ခြံတွေ ပျောက်ကင်း သက်သာလာမှာ ဖြစ်ပါတယ်။
(၂) ရှားစောင်းလက်ပပ်ကို သံပုရာရည် လက်ဖက်ရည်ဇွန်း ၃ ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ရေအနည်းငယ်ရောပြီး နေ့စဉ် သောက်သုံးပေးမယ်ဆိုရင်လည်း ဝက်ခြံတွေ အလျင်အမြန် ပျောက်ကင်းလာမှာ ဖြစ်ပါတယ်။
(၃) မျက်နှာကို ပုံမှန်သုံးနေကျ မျက်နှာသစ်ဆပ်ပြာနဲ့ သန့်စင်ပြီး အုန်းဆီနဲ့ ရှားစောင်းလက်ပပ် အရောကို ဝက်ခြံဖြစ်တဲ့ နေရာမှာ လိမ်းပေးမယ်ဆိုရင်လည်း ဝက်ခြံကို သက်သာစေနိုင်ပါတယ်။
Ref ; beautyepic.com