ငှက်ပျောသီးဟာ အလွယ်တကူ ဝယ်လို့ရတဲ့ အသီးအနှံ တမျိုးဖြစ်တဲ့အပြင် ဈေလည်းချိုသာပြီး အာဟာရဓာတ်လည်း ကြွယ်ဝပါတယ်။ ငှက်ပျောသီးကို ပုံမှန် စားသုံးပေးခြင်းအားဖြင့် ရရှိနိုင်မယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေကို ဖော်ပြ ပေးသွားမှာ ဖြစ်ပါတယ်။
ရေဓာတ်နဲ့ အမျှင်ဓာတ် ကြွယ်ဝတယ်
ငှက်ပျောသီးမှာ ရေဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့အတွက် အသားအရေနဲ့ ဆံကေသာကို အထူးကောင်းမွန် စေပါတယ်။ ဒါ့အပြင် အစာခြေစနစ်ကို ကောင်းမွန်စေပြီး အစာအိမ်နာတာ ရောင်တာတွေကိုလည်း သက်သာစေပါတယ်။ အမျှင်ဓာတ်လည်း ကြွယ်ဝတာကြောင့် ဝမ်းမှန်စေပြီး အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။
ပိုတက်ဆီယမ် ကြွယ်ဝတယ်
ငှက်ပျောသီးမှာ ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်တာကြောင့် အရက်နာကျတဲ့ အခါမျိုးတွေနဲ့ ဆေးလိပ်ဖြတ်ထားသူတွေ စားသုံး ပေးသင့်ပါတယ်။ ငှက်ပျောသီးမှာပါတဲ့ ပိုတက်ဆီယမ်က အရိုးအဆစ်တွေအတွက် ကောင်းမွန်စေပြီး ဆီးတွင်း ကယ်လ်ဆီယမ် စွန့်ထုတ်မှုကို လျော့နည်းစေတဲ့အတွက် အရိုးပွရောဂါ ဖြစ်ပွားမှုကို လျော့ကျစေပါတယ်။
ဗီတာမင်စီက ကိုယ်ခံအား ကောင်းစေတယ်
ငှက်ပျောသီးမှာ ပါဝင်တဲ့ ဗီတာမင်စီဓာတ်ဟာ ကိုယ်ခံအား ကောင်းစေပြီး ရောဂါပိုးတွေ ဝင်ရောက်ခြင်းမှ ကာကွယ် ပေးပါတယ်။ ငှက်ပျောသီးမှာ ပါဝင်တဲ့ အချိုဓာတ် ၃ မျိုးဟာ ခန္ဓာကိုယ်အင်အားကို အလျင်အမြန် ဖြည့်ဆည်း ပေးနိုင်ပါတယ်။ အာဟာရ ပညာရှင်တွေရဲ့ လေ့လာချက်အရ ငှက်ပျောသီး စားသုံးခြင်းဟာ စိုးရိမ်ပူပန်စိတ်တွေကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။
Ref : glaminati.com