• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Health

ကင်ဆာဖြစ်စေနိုင်တဲ့ စားသောက်နေထိုင်မှု ပုံစံကို ရှောင်ပါ

by ချစ်ဖေ (တောင်တွင်းမြေ)
21 February 2018
in Health
A A
ကင်ဆာဖြစ်စေနိုင်တဲ့ စားသောက်နေထိုင်မှု ပုံစံကို ရှောင်ပါ
7.9k
VIEWS
Share on FacebookShare on Twitter

နေ့စဉ် နေထိုင်စားသောက်မှု ပုံစံတွေထဲမှာ ကင်ဆာ ဖြစ်နိုင်ခြေကို ပိုမို အားပေးနေတဲ့ ပုံစံတွေ ရှိနေပါတယ်။ သူတို့ကို ပုံစံလွဲ စားသောက် နေထိုင်မှု လို့လည်း ခေါ်ပါတယ်။ ကင်ဆာသာမက တခြားသော ကုသဖို့ ခက်ခဲတဲ့ ရောဂါတွေလည်း စံလွဲ စားသောက်နေထိုင်မှုက ဖြစ်စေနိုင်တာကြောင့် ဘာတွေ ပြုပြင်သင့် ရှောင်ရှားသင့်တယ် ဆိုတာ တင်ပြပေးလိုက် ပါတယ်။

RelatedPosts

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
1.2k
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
523
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
502

(၁) သကြားစားများရင် ။ ။ သင့် အနေနဲ့ သကြားများများရင် မကောင်းဘူး ဆိုတာ သိထားပြီး ဖြစ်မှာပါ။ အဝလွန်တာ တွေ၊ နှလုံးရောဂါတွေ၊ ဆီးချိုကနေ အခု ပြောမယ့် ကင်ဆာလို ရောဂါတွေပါ သကြားများများရင် ဖြစ်စေနိုင်ပါတယ်။ တက္ကဆက် တက္ကသိုလ်မှ MD Anderson ကင်ဆာဌာနက လေ့လာထားချက် အရ သကြားစားများရင် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ပိုစေတယ်လို့ သိရပါတယ်။

သကြားဟာ အသားပို ဖြစ်စေဖို့ အားပေးပြီး ပုံမှန် မဟုတ်တဲ့ ဆဲလ်ကြီးထွားဖို့ ဖြစ်စေပါတယ်။ ကြွက်တွေနဲ့ စမ်းသပ်ချက် အရ သကြားများများစားတဲ့ ကြွက်တွေမှာ ရင်သား ကင်ဆာ ဖြစ်နိုင်ခြေ ပိုတာ တွေ့လာရတယ်လို့ Active Eating Advice တည်ထောင်သူ Leslie Bonic က ပြောတာလည်း တွေ့ရပါတယ်။ အသီးတွေကနေပဲ သကြားဓာတ်ကို ရယူ စားသုံးတာ အကောင်းဆုံး ဖြစ်ပြီး သကြားဖြည့် အချိုရည်တွေ၊ ဓာတုသကြား၊ သကြားလုံးနဲ့ အချိုမုန့်တွေကို ရှောင်ကြဉ်တာ အကောင်းဆုံးလို့ ဆိုပါတယ်။

(၂) အပူသောက်တာများရင် ။ ။ မနက်စောစော ကော်ဖီလို၊ လဘက်ရည်လို သောက်သုံးမှုမှာ လိုအပ်တာထက် ပိုမို ပူအောင် ဖျော်စပ်သောက်သုံးမှုက အစာအိမ်ပြွန်ကင်ဆာ ဖြစ်နိုင်ခြေ ပိုစေတယ်လို့ International Journal of Cancer ရဲ့ ဖော်ပြချက် အရ သိရပါတယ်။

အပူများများ သောက်သုံးခြင်းက အစာအိမ်ပြွန်အတွင်း အဆင်မသင့်မှု ဖြစ်စေတယ်၊ ဒီလိုနဲ့ အချိန်ကြာလာရင်တော့ ဆဲလ်ပျက်စီးမှု ဖြစ်စေပြီး ကင်ဆာဖြစ်ဖို့အားပေးရာ ရောက်စေတယ်လို့ ဆိုပါတယ်။ အပူပဲ သောက်ချင်တယ် ဆိုရင် သောက်သုံးမှု ပမာဏ လျှော့ရင်လျှော့၊ အပူနည်းအောင် ဖန်တီးပြီး သောက်ချင် သောက်လို့ ရမယ် လို့ ဆိုပါတယ်။

(၃) အထားခံအောင် ဖန်တီးထားတဲ့ အသားတွေစားရင် ။ ။ ကြက်အူချောင်း၊ ဝက်အူချောင်းတွေ ကနေ ဝက်ပေါင်ခြောက်လို အသားတွေထိ အထားခံအောင် ဖန်တီးထားတဲ့ အသားတွေကို စားသုံးမယ် ဆိုရင် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ ပိုများစေတယ် လို့ International Agency for Research on Cancer ရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။

လေ့လာထားချက် အရ တရက်ကို ဝက်အူချောင်းလို အထားခံ အသား တပေါင်ရဲ့ လေးပုံ တပုံလောက်ပဲ စားပေးရုံနဲ့ အူမကြီး ကင်ဆာ ဖြစ်ဖို့ ၁၈ ရာခိုင်နှုန်း ပိုနိုင်စေတယ် လို့ ဆိုပါတယ်။ စားသုံးမှု များလေလေ ကင်ဆာ ဖြစ်နိုင်ခြေ ပိုလေလေ ဖြစ်ပြီး လျော့စားမယ်၊ ဒါမှမဟုတ် လက်ဆတ်ပြီး အသားဓာတ်၊ သံနဲ့ ဇင့်ဓာတ် ကောင်းကောင်းပါတဲ့ အမဲသားမျိုး ပိုစားသင့်တယ် လို့ ဆိုပါတယ်။

(၄) အရက်သောက်သုံးမှုများရင် ။ ။ အစကတည်းက အရက်သောက်များရင် မကောင်းမှန်း သိထားပြီး ဖြစ်မှာပါ။ ကျား၊ မ မရွေး တရက်ကို အရက် ၁ ပက် သောက်ပေးတာ ကောင်းပါတယ်။ ကျန်းမာရေး အတွက် ပေါ့။ ဒါပေမယ့် National Cancer Institute ရဲ့ ထုတ်ပြန်ချက် အရတော့ အသောက်များရင် အစာချေ လမ်းကြောင်း တလျှောက်လုံး အဆင် မသင့်မှု ဖြစ်စေနိုင်တယ်၊ Acetaldehyde လို ဓာတ်ကို ထွက်လာစေတယ်၊ သူက အဆိပ်အတောက် ဓာတ်တခု ဖြစ်ပြီး အစာအိမ်ကို ဒုက္ခပေးတော့မှာပါ။ အစာအိမ်ကနေ အဟာရဓာတ် စုပ်ယူမှုကိုပါ ဟန့်တားမှုလည်း ဖြစ်စေတယ်၊ အသည်းနဲ့ ကိုယ်တွင်း ကလီစာ ကင်ဆာတွေ အပြင် ရင်သားကင်ဆာ ဖြစ်နိုင်ခြေကိုတောင် ပိုလာစေတယ် လို့ ဆိုပပါတယ်။

(၅) ညဘက် အလုပ်လုပ်မယ် ဆိုရင် ။ ။ လေ့လာချက်များစွာရဲ့ အဆိုအရ ညဘက် အလုပ် လုပ်သူတွေက ကင်ဆာ ဖြစ်နိုင်ခြေ ပိုစေတယ် လို့ သိရပါတယ်။ ခန္ဓာကိုယ်ရဲ့ လှုံ့ဆော်စနစ်ကို အားနည်းစေတယ်၊ နိုးကြား တက်ကြွမှု နည်းစေတယ် လို့ ကွန်နက်တီကပ်မှာ ရှိတဲ့ New Milford က MD ဖြစ်သူ Sandra Lombardo က ပြောပါတယ်။ တကယ်လို့ သင့်အနေနဲ့ နေ့ခင်း အလုပ်မျိုး ရွေးလို့၊ လဲလို့ ရနိုင်ရင် လဲလုပ်ပါ။ ခန္ဓာကိုယ်ကို နိုးကြွမှု မှန်နေပါစေလို့ ဆိုပါတယ်။

(၆) အထိုင်များမယ် ဆိုရင် ။ ။ Journal of the National Cancer Institite ရဲ့ ဖော်ပြချက်မှာ ရုပ်ပိုင်းဆိုင်ရာ နေထိုင်မှုတွေက ရောဂါဖြစ်ပွားမှုတွေ၊ အဝလွန်ခြင်းနဲ့ ကင်ဆာတွေ အထိ ဖြစ်စေတယ် လို့ ဆိုပါတယ်။ အလွယ်ဆုံး ပြောရရင်တော့ အထိုင်များရင် ကင်ဆာ ဖြစ်နိုင်ခြေ ပိုစေပါတယ်။ နေ့စဉ် လှုပ်ရှားမှု ရှိပါစေ။ လေ့ကျင့်ခန်း လုုပ်ပါ။ သွေးတွင်းအောက်ဆီဂျင် လည်ပတ်မှုလည်း အားကောင်းစေပါတယ်။

သွေး လည်ပတ်မှု ကောင်းလာစေပြီး သွေးကြောတွင်း မလိုအပ်တဲ့ ဓာတ်တွေ သယ်ဆောင် ဖျက်ဆီးမှု ပိုကောင်းစေလို့ လှုပ်ရှားမှု ရှိနေ၊ မှန်နေစေဖို့ လိုအပ်ပါတယ် လို့ ဆိုထားပါတယ်။ အထိုင်များရင် ဦးခေါင်းနဲ့ လည်ပင်း ဆိုင်ရာ ကင်ဆာတွေ ဖြစ်စေမှု ပိုစေမယ်လို့ သိရပါတယ်။

(၇) အဝလွန်မယ် ဆိုရင် ။ ။ အထိုင်များခြင်းရဲ့ နောက်ဆက်တွဲ ဖြစ်တဲ့ အဝလွန်ခြင်း ဖြစ်စဉ်ကလည်း ကင်ဆာ ဖြစ်ဖို့ အားပေး စေပါတယ်။ National Cancer Institute ရဲ့ ထုတ်ပြန်ချက် အရ အဝလွန်ခြင်းက အစာအိမ်ပြွန်ကင်ဆာ၊ ပန်ကရီယ (သရက်ရွက်) ကင်ဆာ၊ အူမကြီးကင်ဆာနဲ့ စအိုကင်ဆာတွေ အပါအဝင် ရင်သားကင်ဆာ၊ ကျောက်ကပ် ကင်ဆာနဲ့ သိုင်းရွိုက်ကင်ဆာတွေ ဖြစ်စေဖို့ ပိုစေတယ် လို့ သိရပါတယ်။ အထူးသဖြင့် အဝလွန်တဲ့ အမျိုးသမီးတွေကရဲ့ အဆီဆဲလ်ကနေ Estrogen ပမာဏ မြင့်တက်မှု များလာစေပြီး ကလီစာနဲ့ ရင်သားကင်ဆာတွေ ဖြစ်နိုင်ခြေ ပိုစေတာ တွေ့လာရတာလည်း ဖြစ်ပါတယ်။

(၈) ပါးစပ်နဲ့ လိင်ဆက်ဆံရင် ။ ။ HPV လို့ လူသိများတဲ့ လူတွေမှာ ဖြစ်ပွား ကူးစက်တဲ့ Papillomavirus ရောဂါပိုးဟာ လိင်ဆက်ဆံခြင်းကနေ အများဆုံး ကူးစက်ပါတယ်။ အမေရိကန်မှာတော့ ဒီရောဂါပိုးဟာ ပါးစပ်နဲ့ လိင်ဆက်ဆံမှု ပုံစံ တခုတည်းကနေ ကူးစက်မှုနှုန်း ၇ ရာခိုင်နှုန်း ရှိတယ် လို့ ဆိုပါတယ်။ ဒီပိုးက ကူးစက်ခံရသူကို လည်ပင်းနဲ့ လည်မျိုကင်ဆာ ဖြစ်နိုင်ခြေ ၁ ရာခိုင်နှုန်း ပိုလာစေပြန်တယ် လို့ သိရပါတယ်။ ဒီပိုးက ဆဲလ်တွေကို ပုံမှန် ဖြစ်တည်မှု မမှန်စေပဲ ကင်ဆာဖြစ်ဖို့ အားပေးစေတာပါ။ ပါးစပ်နဲ့ လိင်ဆက်ဆံတာတွေ မလုပ်ဖို့၊ ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံတာတွေ မလုပ်ဖို့ အသိပေးထားပါတယ်။

(၉) ဖြည့်စွက်ဆေးတွေ သောက်သုံးမှုများရင် ။ ။ ဖြည့်စွက်ဆေးဆိုတာ သံဓာတ် လိုအပ်တယ်၊ အသားအစားနည်းလို့ သံဓာတ်အားဆေး ဝယ်သောက်တယ်၊ ဒီလို ဆေးတွေကို ပြောတာပါ။ ဒီနေ့ခေတ်မှာ သံဓာတ်လို အားဖြည့်ဆေးတွေကနေ ဗီတာမင်နဲ့ သတ္တုဓာတ် အစုံအတွက် ဆေးတွေ ရနိုင်နေတာပါ။

အရင်နှစ် အတွင်းက လေ့လာချက် အရ အခုလို ဖြည့်စွက်ဆေး သောက်သုံးမှုများရင် ကင်ဆာ ဖြစ်နိုင်ခြေ ပိုစေတာ တွေ့လာရ ပါတယ်။ ဖြည့်စွက်ဆေးတွေမှာ အမှန်တကယ် လိုအပ်တဲ့ အာဟာရနှုန်းထားပဲ အတိအကျ ပါဝင်ဖို့ ခက်ပါတယ်၊ ပိုနေတာတွေ ဖြစ်တတ်ပါတယ်။ ဒီတော့ လိုအပ်တာထက် ပိုသောက်မိရင် ဘေးထွက်ဆိုးကျိုး ရှိလာစေပြီး ကင်ဆာ ဖြစ်ဖို့ အားပေးတာတွေ ရှိလာစေပါတယ် လို့ ဆိုပါတယ်။

Ref: www.rd.com

Your Thoughts …
Tags: ကင်ဆာ
ချစ်ဖေ (တောင်တွင်းမြေ)

ချစ်ဖေ (တောင်တွင်းမြေ)

Similar Picks:

ကျန်းမာရေးအဖွဲ့အစည်းတွေက ဒီဆေးသောက်သုံးမှုဟာ ဘေးထွက်ဆိုးကျိုးတွေ များပြားလာနိုင်တယ်လို့ သတိပေးထုတ်ပြန်ချက်တွေ ထုတ်ပြန်ထားပါတယ်

ခွေး သန်ချဆေးဟာ ကင်ဆာရောဂါ ပျောက်စေတယ်လို့ သတင်းများ ထွက်ပေါ်

by ဟယ်လ်သင်
22 November 2019
7.3k

ဒီဆေးသောက်သုံးအပြီး ၃ လခန့်အကြာလောက်မှာ ဆရာဝန်တွေ လက်လျှော့ထားတဲ့ အဆုတ်ကင်ဆာရောဂါဟာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်တယ်လို့လည်း သူက ရှင်းလင်းထားပါတယ်။

ခံတွင်းကင်ဆာ လူနာတွေ အားလုံးက ကွမ်းစားကြသည်

ခံတွင်းကင်ဆာ ဝေဒနာရှင်အားလုံး ဆေးရွက်ကြီး ငုံဝါးသူများ ဖြစ်

by ဧရာဝတီ
24 November 2017
13.2k

ကွမ်းစားကြသဖြင့် ခံတွင်းကင်ဆာ အဖြစ်များပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက် ခြင်း တို့လည်း ခံတွင်းကင်ဆာ ဖြစ်ပွားစေသည့် အကြောင်းရင်းများတွင် အကျုံးဝင်သည်။

သေဆုံးနှုန်းအများဆုံး ကင်ဆာရောဂါများ

သေဆုံးနှုန်းအများဆုံး ကင်ဆာရောဂါများ

by ချစ်ဖေ (တောင်တွင်းမြေ)
9 April 2017
20k

အစားအသောက်၊ အနေအထိုင်တွေ ပြောင်းလဲဆင်ခြင်လာမှုရဲ့ အကျိုးဆက်တွေပါ။ အခု ပြောမယ့်ကင်ဆာ အမျိုးအစားတွေကတော့ သေဆုံးမှု အများဆုံးနဲ့ ဖြစ်ပွားမှု အများဆုံး စာရင်းဝင်တွေ ဖြစ်ပါတယ်။

ကင်ဆာဘေး ကင်းဝေးအောင် နည်းလမ်း ၉ ချက်ဆောင်

ကင်ဆာဘေး ကင်းဝေးအောင် နည်းလမ်း ၉ ချက်ဆောင်

by ဧရာဝတီ
11 January 2018
10.6k

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ချပြတဲ့ နည်းလမ်းတွေနဲ့ ကင်ဆာရောဂါကနေ ကင်းဝေးရေး အတွက် အထောက်အကူပြုမယ့် ဆောင်ရန်၊ ရှောင်ရန်တွေကို တင်ပြလိုက်ပါတယ်။

နေ့စဉ် စားသောက်နေတဲ့ အစားအစာတွေမှာ ကင်ဆာဖြစ်စေနိုင်တဲ့ အကြောင်းအရင်း များစွာ ပါဝင်ပါတယ်

နေ့စဉ် စားသောက်နေသော အစားအစာများမှ ကင်ဆာဖြစ်စေနိုင်သော အစားအသောက် ၅ မျိုး

by ဟယ်လ်သင်
9 March 2018
6.5k

ဆားရည်စိမ်ထားတဲ့ အစားအစာတွေနဲ့ ချဉ်ဖတ်တွေဟာ အစာအိမ်ကင်ဆာကို ဖြစ်ပွားစေနိုင်ပါတယ်။ အစာအိမ် ကင်ဆာဖြစ်ပွားမှုဟာ စားသောက်တဲ့ အစားအစာနဲ့ တိုက်ရိုက် ဆက်စပ်နေတာကြောင့် ကြာရှည်ခံအောင်

ကော်ဖီကိုပူပူနွေးနွေးအခြေအနေမှာ သောက်သုံးလေ့ရှိတာဟာ အစာပြွန်ကင်ဆာဖြစ်စေပါတယ်

ပူလွန်းတဲ့ အစားအသောက်တွေစားသုံးပါက ကင်ဆာဖြစ်နိုင်ခြေကို ၂ဆမြင့်တက်စေနိုင်

by ဟယ်လ်သင်
30 March 2019
18.5k

အစာပြွန်ကင်ဆာ ဖြစ်စေတဲ့အကြောင်းအရာတွေထဲမှာ ဆေးလိပ်သောက်သုံးခြင်း၊ အရက်အလွန်အကျွံ သောက်သုံးခြင်းနဲ့ ပူလွန်းတဲ့ အရည်နဲ့ အစားအစာတွေ စားသောက်ခြင်းက အဓိက အချက်တွေပဲဖြစ်ပါတယ်။

Next Post
အရမ်းကြိုးစားတာပဲ

အရမ်းကြိုးစားတာပဲ

လူစိတ်ဝင်စားမှု များနေတဲ့ “Cheese in The Trap” ကိုရီးယားဇာတ်လမ်း / Soompi

လူစိတ်ဝင်စားမှု များနေတဲ့ “Cheese in The Trap” ကိုရီးယားဇာတ်လမ်း မတ်လအတွင်း ရုံတင်မည်

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.3k

Most Read

  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate