Health

ချောကလက်နဲ့ အသားအရေ ထိန်းသိမ်းပြုပြင်ခြင်း

ချောကလက် မကြိုက်တဲ့ သူရယ်လို့ မရှိလောက်ဘူး လို့ ထင်ပါတယ်။ အသက် ကန့်သတ်ချက် မထားဘဲ ကလေး သူငယ်က စလို့ အရွယ်ရောက်ပြီး လူကြီးတွေ အထိ အားလုံးလိုလို ချောကလက် ကြိုက်ကြပါတယ်။ ဒါအပြင် ချောကလက်ကို စားရုံသက်သက် မဟုတ်ဘဲ သင့်အရေပြား လှပရေးအတွက် အသုံးပြုရတယ် ဆိုတာ သိပါသလား။ ချောကလက် လိမ်းပြီး ရေချိုးရတဲ့ စည်းစိမ်မျိုး သင် ခံစားဖူး ပါသလား။ ခန္ဓာကိုယ်တခုလုံး ချောကလက် သုတ်ပြီးနောက် ရေချိုးဇိမ်ခံတာဟာ နိုင်ငံအချို့မှာ ခေတ်စားနေပါပြီ။ ချောကလက် သုတ်လိမ်းခြင်းဟာ အရသာ ထူးပါတယ်။ ချောကလက် spa ဆိုတာကို ဘာနဲ့မှ မလဲနိုင်အောင် ထူးခြားတဲ့ ခံစားမှုကို သင် ခံစားရမှာပါ။

အရေပြားကို အားဖြည့်ပေးတယ်

ချောကလက်မှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒင့် တွေဟာ သင့်အသားအရေကို နူးညံ့ပျော့ပျောင်းစေပါတယ်။ ချောကလက် အညိုဟာ အသားအရေပြုပြင်ခြင်း အတွက် ပံ့ပိုးပစ္စည်းဖြစ်ပြီးတော့ သူ့ရဲ့အာနိသင်က သင့်ခန္ဓာကိုယ် ဖွံ့ဖြိုးမှု အတွက် ကောင်းမွန်စေပြီး အသားဖြူချင်လို့ အရေပြားကုသမှု ခံယူနေတာကိုပါ အထောက်အကူပြုပါတယ်။

စိတ်ဖိစီးမှု လျော့ကျစေတယ်

အရေပြား အပေါ် ချောကလက် သုတ်လိမ်းခြင်းဟာ စိတ်ဖိစီးမှုကို အထူးလျော့ကျစေပါတယ်။ စိတ်ဖိစီးမှု ဖြစ်ပေါ်စေတဲ့ ဟိုမုန်းဓာတ်ကို လည်း ချိန်ညှိ ပေးပါတယ်။ ကိုယ်ပေါ်ကို ချောကလက်ပူပူ သုတ်လိမ်းကြည့်မယ် ဆိုရင် အသားအရေ ဝင်းပပြီး စိတ်ဖိစီးမှု လျော့ကျစေ ပါတယ်။

အဆိပ်အတောက် ဖြေပေးတဲ့ ဓာတ်များပါဝင်တယ်

ချောကလက်မှာ အဆိပ်အတောက် ဖြေပေးတဲ့ ဓာတုပစ္စည်းတွေ ပါဝင်တယ် ဆိုတာ သင်သိပါသလား။ အဆိပ်အတောက် ဖြေပေးတဲ့ ဓာတုပစ္စည်းတွေဟာ ချောကလက် အညိုမှာ ပါဝင်ပြီးတော့ အရေပြားထဲက အဆိပ်တွေကို ချေဖျက်ပေး ပါတယ်။ ဒါအပြင် အရေပြားပေါ်က အမည်းစက်တွေ၊ အမည်းကွက်တွေကို သန့်စင် ဖယ်ရှား ပေးပါတယ်။ ချောကလက် နွေးနွေးလေး သုတ်လိမ်းပြီး ရေချိုးလိုက်ရင် အရေပြား ပိုမို ပျော့ပျောင်းလာတယ် ဆိုတာ တွေ့ရမှာပါ။

အရေပြား ပျက်စီးမှုမှ ကာကွယ်ပေးတယ်

ချောကလက်ဟာ နေရောင်မှာ ပါတဲ့ ခရမ်းလွန် ရောင်ခြည်ကို ကာကွယ်ပေးနိုင်ပြီး နေလောင်ခြင်း၊ အရေပြား ကင်ဆာ ဖြစ်ခြင်းတို့မှ ကာကွယ်ပေးနိုင်ပါတယ်။

သွေးအားကောင်းစေတယ်

ချောကလက် သုတ်လိမ်းခြင်းဖြင့် သင့် အရေပြားက ချောကလက်မှာ ပါဝင်တဲ့ ပံ့ပိုးဓာတ်ပစ္စည်းတွေကို စုပ်ယူပေးတဲ့ အတွက် သွေးလှည့်ပတ် စနစ်ကို ပိုမို ကောင်းမွန်စေပါတယ်။ သွေးလှည့်ပတ်မှု စနစ်ကောင်းတာနဲ့အမျှ သင့် အရေပြားဟာ လည်း စိုပြေဝင်းမွတ်စေမှာ အမှန်ပဲပေါ့။ ။

Ref: www.onlymyhealth.com

Loading