အခုပြောမှာက ညဘက် အိပ်စက်မှုတွေမှာ ကောင်းကောင်း အိပ်ပျော်စေမယ့် အစာတွေ ဖြစ်ပြီး အလုပ်ဖိစီးမှုနဲ့ အကြောင်းကြောင်းကြောင့် အိပ်မပျော်တတ်သူတွေ အတွက် အိပ်ပျော်လွယ်စေမယ့် အစားအစာတွေ ပါ။ ပြည်တွင်းမှာ စားသုံုးလေ့ ရှိတဲ့ အစာတွေကိုပဲ ပြောပြသွားမှာ ဖြစ်ပါတယ်။
(၁) အမဲသား ။ ။ အမဲသားမှာ Tryptophan ဆိုတဲ့ အက်စစ်ဓာတ် ကောင်းကောင်း ပါရှိပါတယ်။ ဒီအက်စစ်က Melatonin ဆိုတဲ့ ဟော်မုန်းဓာတ် ဖြစ်လာဖို့ အားပေးပြီး ဒီဟော်မုန်းဓာတ်က လူကို ကောင်းကောင်း အိပ်ပျော်စေပါတယ်။ ပြီးတော့ ဗီတာမင် ဘီ ၃ နဲ့ သံဓာတ်တွေလည်း ပါသေးတယ်။ သူတို့ကလည်း အနားယူတာနည်းလို့ ပင်ပန်းတာတွေကို လျော့နည်း သက်သာစေပါတယ်
(၂) တူနာငါး ။ ။ တူနာငါးမှာ အိုမီဂါ ၃ လို အဆီကောင်းကောင်း ပါရှိပါတယ်။ ဒီအဆီက အိပ်ပျော်ဖို့ လွယ်ကူ အဆင်ပြေစေပါတယ်။
(၃) ဆယ်လမွန်ငါး ။ ။ ဆယ်လမွန်ငါးမှာလည်း အိုမီဂါ ၃ ပါဝင်မှု များပါတယ်။ ညဘက် အိပ်မပျော်ချင်ရင် ညစာ အဖြစ် ချက်ပြုတ်စားသုံးသင့် ပါတယ်။
(၄) ရွှေဖရုံသီး ။ ။ သစ်သီးတွေထဲမှာ လူကို ကောင်းကောင်း အိပ်စက်မှု ရှိစေမယ့် အသီးပါ။ ကယ်စီယမ်၊ မဂ္ဂနီစီယမ်၊ အိုမီဂါ ၃၊ ကော့ပါး၊ ခရိုနီယမ်တွေ ကောင်းကောင်း ပါရှိပြီး ဒီဓာတ် အားလုံးက သင့်ကို အိပ်စက်လွယ်ဖို့ ကူညီပါလိမ့်မယ်။
(၅) ကညွတ် ။ ။ ကညွတ်မှာ ဗီတာမင် ဘီ၊ ကယ်စီယမ်၊ မဂ္ဂနီစီယမ်တွေ ကောင်းကောင်း ပါရှိပြီး ညစာ အနေနဲ့ ပိုမို စားသုံးပေးသင့်ပါတယ်။
(၆) ဥနီ (Beetroot) ။ ။ မြောက်အမေရိက တိုက်မှာ ပေါက်ရောက်တဲ့ မုန်လာမျိုးဝင် ဥတမျိုး ဖြစ်ပြီး သူ့မှာလည်း ကယ်စီယမ်နဲ့ မဂ္ဂနီစီယမ် ကောင်းကောင်း ပါရှိပါတယ်။ ဒီဓာတ်၂ ခု မလုံလောက်ရင် အိပ်မပျော်တဲ့ ဝေဒနာ ခံစားရနိုင်တာ လည်း ဖြစ်ပါတယ်။
(၇) အာတီချုပ် (Artichoke) ။ ။ ဂေါ်ဖီထုပ်ပုံစံ အရွယ်ထုပ် ဖြစ်ပြီး သူ့မှာ သံဓာတ် ကောင်းကောင်း ပါရှိပါတယ်။ မောပန်းခြင်း ကိုလည်း သက်သာစေပြီး အိပ်လို့လည်း ပျော်စေပါတယ်။
(၈) ပင်လယ်ရေညှိ ။ ။ ဒီနေ့ခေတ်မှာ အသင့်စား ပင်လယ်ရေညှိတွေ လွယ်လွယ် ရနိုင်နေပါပြီ။ သူ့မှာ Tryptophan လုံလောက်အောင် ပါရှိပြီး အိပ်ပျော်စေပါလိမ့်မယ်။
(၉) ထောပတ်သီး ။ ။ မနက်စာနဲ့ နေ့လည်စာတွေမှာ အပူပေးထားတဲ့ ထောပတ်သီးကို ထည့်သွင်းစားသုံး ပေးနိုင်ပြီး သူ့မှာ ဗီတာမင် ဘီ ကောင်းကောင်း ပါရှိလို့ အိပ်လို့ ကောင်းစေနိုင်ပါတယ်။
(၁၀) အစိမ်းရောင် အရွက်များ ။ ။ အစိမ်းရောင်ရင့်ရင့် ရှိတဲ့ အရွက်တွေ ဖြစ်တဲ့ ဟင်းနုနွယ်ရွက်တွေ၊ ကိုက်လန်လို အရွက်တွေမှာ မဂ္ဂနီစီယမ်နဲ့ ဗီတာမင် ဘီတွေ ကောင်းကောင်း ပါရှိပါတယ်။ အိပ်ရေးဝအောင် အိပ်ဖို့ အားပေးပါလိမ့်မယ်။
(၁၁) ပန်းပွင့်စိမ်း ။ ။ သူက သင့်ကိုယ်တွင်းက ကဖင်းဓာတ်ကို လျော့ချပေးပါလိမ့်မယ်။ ရလဒ်ကတော့ အိပ်ချင်စိတ် ဖြစ်လာဖို့ ကူညီပေးမှာပါ။
(၁၂) ပဲမျိုးစုံ ။ ။ ပဲတောင့် အနေနဲ့ရော ပဲစေ့ အနေနဲ့ပါ စားပေးနိုင်ပါတယ်။ ဗီတာမင် ဘီ ကောင်းကောင်း ပါရှိပါတယ်။ Serotonin ဆိုတဲ့ ဟော်မုန်း ဖြစ်တည်ဖိုု့ အားပေးပြီး ဒီဟော်မုန်းက အိပ်ပျော်လွယ်စေတာပါ။
(၁၃) ဗာဒံစေ့ ။ ။ သူ့မှာ ငါးတွေလိုပဲ အိုမီဂါ ၃ အပြင် ဗီတာမင် ဘီ၊ မဂ္ဂနီစီယမ်နဲ့ ကယ်စီယမ်တွေ ကောင်းကောင်း ပါရှိပါတယ်။ အိပ်ပျော်ဖို့ ဆေးတခွက်လိုပါပဲ။
(၁၄) သစ်ကြားသီး ။ ။ သူ့မှာ Trytophan ဓာတ်လည်း ပါတယ်။ ကယ်စီယမ်၊ မဂ္ဂနီစီယမ်နဲ့ ဆီလီနီယမ်တွေ ပါရှိလို့ သင့်ကိုု အိပ်ချင်စိတ်ရော အိပ်မောကျ စေပါလိမ့်မယ်။
(၁၅) မြင်းစားဂျုံ (Oats) ။ ။ ပြည်တွင်းမှာတော့ အဟာရဖြည့် ကွေကာလို နှံစားပြောင်းနဲ့ ဖန်တီးတဲ့ အစာတွေမှာ ရောနှော ထုတ်လုပ်လေ့ရှိတာ တွေ့ရပါတယ်။ သူကတော့ အိပ်ချင်စိတ် ဆိုတာထက် အချိန်ကြာ အိပ်စေဖို့ အားပေးပါတယ်။
(၁၆) ပန်းဂျုံ (Buckwheat) ။ ။ ကော့ပါးနဲ့ အမျှင်ဓာတ် ကောင်းကောင်း ပါရှိတာကြောင့် သူတို့က အိပ်စက်ဖို့လည်း အားပေးသလို သွေးတွင်း သကြားဓာတ်ကိုလည်း မျှတစေပါတယ်။
(၁၇) ဒိန်ချဉ် ။ ။ ဒိန်ချဉ်က အိပ်စက်ချင်စိတ် ဖြစ်လာစေမယ့် ဓာတ်ဖြစ်တဲ့ Melatonin ဖြစ်လာစေဖိုု့ အားပေးမယ့့် Probiotics ကောင်းကောင်း ပါရှိပါတယ်။
(၁၈) အဆီနည်းတဲ့ ဒိန်ခဲ ။ ။ သင့် အနေနဲ့ မအိပ်ခင် ညလယ်စာ စားလေ့ရှိရင် အဆီနည်းတဲ့ ဒိန်ခဲကို ရောနှော စားပေးသင့် ပါတယ်။ သူ့မှာ Tryptophan ကောင်းကောင်း ပါရှိလို့ အိပ်ချင်စိတ် ဖြစ်ဖို့ ကူညီပါလိမ့်မယ်။
(၁၉) ငှက်ပျောသီး ။ ။ သူ့မှာ မဂ္ဂနီစီယမ် ကောင်းကောင်း ပါရှိပြီး ကောင်းကောင်း အိပ်ပျော်လွယ်စေပါတယ်။
(၂၀) ချယ်ရီသီး (အချဉ်) ။ ။ သစ်သီးတွေထဲမှာ ချဉ်တဲ့ ချယ်ရီသီးက Melatonin ပါရှိမှု အများဆုံးပါပဲ။ ကောင်းကောင်း အိပ်ပျော် စေမယ့် အသီးပါပဲ။
(၂၁) ဆေးလဘက်ရည် (Herbal Tea) ။ ။ မအိပ်ခင် ဆေးလဘက်ရည် သောက်ပေးတာ ကျန်းမာရေး အတွက် အိပ်ပျော်လွယ်စေပြီးတဲ့ အပြင် အိပ်ကောင်းစေပါတယ်။
Ref: www.businessinsider.com