“အရွယ်မတိုင်ခင် မျက်နှာအသားအရေ ပျက်စီးခြင်းနဲ့ အရေးအကြောင်းများ ဖြစ်ပေါ်ခြင်းရဲ့ အဓိက အကြောင်းအရင်းဟာ နေ့စဉ် မိတ်ကပ်လိမ်းခြင်းကြောင့် ဖြစ်တယ်” လို့ အမေရိကန်နိုင်ငံရဲ့ အရေပြားဆိုင်ရာ သုတေသနပညာရှင်တွေက သုံးသပ် ပြောဆိုပါတယ်။
အရေပြားဆိုင်ရာ သုတေသနပညာရှင်တွေရဲ့ လေ့လာသုံးသပ်ချက်အရ ၄၅ ရာခိုင်နှုန်းသော အမျိုးသမီးတွေရဲ့ အရေပြား ဆိုင်ရာ ပြဿနာဟာ နေ့စဉ် မိတ်ကပ်လိမ်းခြင်းကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်ပြီး ၁၄ ရာခိုင်နှုန်းသော အမျိုးသမီး တွေရဲ့ အရေပြားဆိုင်ရာ ပြဿနာကတော့ မိတ်ကပ်မှာပါတဲ့ ပါဝင်ပစ္စည်းတချို့နဲ့ ဓာတ်မတည့်မှုကြောင့့် ဖြစ်တဲ့ ဝက်ခြံနဲ့ အမည်းစက် ပြဿနာတွေလို့ ဆိုပါတယ်။
မိတ်ကပ်လိမ်းတဲ့အခါ မိတ်ကပ် ညီညာအောင် ဆွဲရတဲ့အတွက် အရေးအကြောင်းတွေ ဖြစ်ပေါ်စေနိုင်သလို ချွေးနဲ့ ဖုန်မှုန့် တွေကြောင့်လည်း မျက်နှာအသားအရေကို ပျက်စီးစေနိုင်ပါတယ်။ အဓိကအားဖြင့် ဆယ်ကျော်သက် အရွယ်တွေ အနေနဲ့ မိတ်ကပ် မလိမ်းသင့်ပါဘူး။
ဆယ်ကျော်သက် အရွယ်ဟာ ခန္ဓာကိုယ် ကြီးထွားဖို့ ဟော်မုန်း အပြောင်းအလဲ ဖြစ်တဲ့အရွယ် ဖြစ်ပြီး ဟော်မုန်း အပြောင်းအလဲကြောင့် ဝက်ခြံတွေ ထွက်လာတတ်ပါတယ်။ ဒီလိုအချိန်မှာ မိတ်ကပ် လိမ်းလိုက်မယ်ဆိုရင် ချွေးပေါက်တွေ ကြားမှာ အဆီစုသလို ဖြစ်သွားပြီးတော့ ဝက်ခြံတွေ ပိုမိုဆိုးရွားလာမှာပဲ ဖြစ်ပါတယ်။
ဆယ်ကျော်သက် အရွယ်မှာတော့ မိတ်ကပ်အစား ရေဓာတ်ဖြည့် Moisturizer တွေကိုသာ လိမ်းသင့်ပါတယ်လို့ အရေပြားဆိုင်ရာ သုတေသနပညာရှင်တွေက အကြံပြုထားပါတယ်။
မျက်နှာ အသားအရေ အမြဲ ကြည်လင်အောင် skin care ကိုသာ အဓိက လုပ်သင့်ပြီး နေ့စဉ် မိတ်ကပ်လိမ်းသူတွေ အနေနဲ့လည်း မိတ်ကပ်ကို လျှော့လိမ်းမယ်ဆိုရင် ဝက်ခြံ၊ အမည်းစက်နဲ့ အရေးအကြောင်းတွေကို လျော့ပါး သက်သာစေမှာ ဖြစ်ပါတယ်။ မျက်နှာ အသားအရေ ကျန်းမာအောင် မိတ်ကပ်လိမ်းပြီးတိုင်းလည်း Makeup Remover အသုံးပြုပြီး သန့်စင်သင့်တယ် အလှအပရေးရာ ပညာရှင်များက အကြံပြုထားပါတယ်။
Ref ; foxnews