နွေရာသီကို စတင်ဝင်ရောက်လာပြီ ဖြစ်တဲ့အတွက် ပတ်ဝန်းကျင် အပူချိန်ကလည်း သိသိသာသာ မြင့်တက်နေပါပြီ။ ဒီလို နွေရာသီမှာ ခန္ဓာကိုယ် ရေဓာတ် ပြည့်ဝနေစေဖို့အတွက် စားသုံးပေးသင့်တဲ့ အသီးအနှံ ၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ဖရဲသီး
ရာသီပေါ် အသီးအနှံဖြစ်တဲ့ ဖရဲသီးမှာ ရေဓာတ် ၉၂ ရာခိုင်နှုန်းပါဝင်ပြီး ဝမ်းချုပ်တာကို ကာကွယ်စေပါတယ်။ ဖရဲသီးက ရေငတ် ပြေစေပြီး ကိုယ်တွင်းရှိ အဆိပ်ဖြစ်စေမယ့် အရာများကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ နွေ နေပူကြောင့် ခေါင်းကိုက်တဲ့အခါ ဖရဲသီးဖျော်ရည် သောက်ပေးရင် သက်သာပျောက်ကင်း စေပါတယ်။
ဒါ့အပြင် ညဘက် အိပ်မပျော်ခြင်းနဲ့ သတိမေ့လျော့ခြင်းတို့အတွက် ဖရဲသီးဟာ မှတ်ဉာဏ် ကောင်းစေပါတယ်။
(၂) သခွားသီး
သခွားသီးမှာ ဗီတာမင်စီ၊ ဖော်လစ်အက်ဆစ်၊ သံဓာတ်၊ ပိုတက်ဆီယမ်နဲ့ ဇင့်ဓာတ်တွေ ပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်း ပေးနိုင်ပြီး ဆိုးဝါးတဲ့ ခေါင်းကိုက်ဝေဒနာတွေကိုပါ သက်သာပျောက်ကင်း စေနိုင်ပါတယ်။
(၃) တရုတ် ဆီးသီး
တရုတ် ဆီးသီးမှာ ဗီတာမင် A,C,E နဲ့အမျှင်ဓာတ်တို့ ပါဝင်တာကြောင့် ဝမ်းမှန်စေပြီး နှလုံးကျန်းမာရေးကို အထူး ကောင်းမွန်စေပါတယ်။ ဗီတာမင် B17 ပါဝင်ခြင်းကြောင့် ကင်ဆာရောဂါကိုပါ တိုက်ဖျက်နိုင်စွမ်းရှိပါတယ်။
(၄) ခရမ်းချဉ်သီး
ခရမ်းချဉ်သီးမှာ ဗီတာမင်A ပါဝင်တဲ့အတွက် အမြင်အာရုံ ကောင်းစေပြီး ဗီတာမင် C ပါဝင်တဲ့အတွက် ခန္ဓာကိုယ် ခုခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။ Beta Carotene ပါဝင်တဲ့အတွက်ကြောင့် အသားအရေကို နေလောင်ဒဏ်မှလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၅) သခွားမွှေးသီး
နွေရာသီမှာ သခွားမွှေးသီး ဖျော်ရည် သောက်သုံးပေးမယ်ဆိုရင် ကူးစက်ရောဂါပိုးတွေကို တွန်းလှန်နိုင်စွမ်း ရှိတာကြောင့် နာမကျန်းမှုကို မဖြစ်စေနိုင်ပါဘူး။ သခွားမွှေးသီးမှာ ပိုတက်ဆီယမ် ၁၄ ရာခိုင်နှုန်းလောက် ပါဝင်တာကြောင့် သွေးတိုးရောဂါကို လျှော့ချနိုင်ပါတယ်။
Ref ; diabeticlivingonline