ခရမ်းလွန်ရောင်ခြည် ဆိုတဲ့ (Ultraviolet Rays) ဟာ အလွန်ပြင်းထန်တဲ့ ရောင်ခြည်ဖြစ်ပြီး နံနက် ၁၀ နာရီနဲ့ ညနေ ၄ နာရီ ကြားမှာ အပြင်းထန်ဆုံး ဖြစ်ပါတယ်။ UV Rays မှာ UVA, UVB နဲ့ UVC ဆိုပြီး ၃ မျိုး ရှိပါတယ်။
UVA ဟာ အရေပြားရဲ့အနက်ရှိုင်းဆုံး အလွှာကို ထိုးဖောက် နိုင်ပြီး အရွယ် မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဖြစ်စေပြီး UVB ကတော့ အရေပြားရဲ့ အပေါ်ယံအလွှာကို ထိုးဖောက်ပြီး နေလောင်ခြင်း၊ ခန္ဓာကိုယ်မှာ အနီစက်တွေ ထွက်လာခြင်းနဲ့ အရေပြားကင်ဆာအထိဖြစ်စေနိုင်ပါတယ်။ UVC ရောင်ခြည်ကိုတော့ ကမ္ဘာမြေရဲ့ အိုဇုန်းလွှာမှ Filter အဖြစ် ခံပေးထားပြီး UVC ဟာ အန္တရာယ် အရှိဆုံးရောင်ခြည် ဖြစ်ပါတယ်။
ကမ္ဘာတဝှမ်းမှာ UV Rays ကြောင့် အရေပြားကင်ဆာ ဖြစ်ပွားမှုနှုန်းဟာ နှစ်စဉ် ၂သန်းမှ ၃သန်းခန့် အထိ ရှိပါတယ်။ ခရမ်းလွန်ရောင်ခြည်ကို အလွန်အမင်း ခံရပါက အရေပြားထိခိုက် ပျက်စီးမှုတွေ ဖြစ်နိုင်သလို မျက်စိကိုလည်း ထိခိုက်စေ နိုင်ပါတယ်။
ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်စိ အတွင်းတိမ် ရောဂါ ဖြစ်နိုင်ခြေ များစေပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း WHO (World Health Organization) ရဲ့ခန့်မှန်းချက်အရ ရေတိမ်ရောဂါဟာ နေရောင်ခြည်နဲ့ ကြာရှည်စွာထိတွေ့ခြင်းကတဆင့် ဖြစ်ပွားမှုနှုန်း ၂၀ ရာခိုင်နှုန်း ပိုဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ခရမ်းလွန်ရောင်ခြည်ဟာ ကိုယ်ခံအား စနစ်ကိုလည်း အားနည်း စေနိုင်တာကြောင့် ကူးစက်ရောဂါတွေကိုလည်း ပိုမို ဖြစ်ပွားစေနိုင်ပါတယ်။
ဒီလို ခန္ဓာကိုယ်အတွက် ဆိုးကျိုးတွေ ဖြစ်စေတဲ့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ခရမ်းလွန် ရောင်ခြည် အပြင်းထန်ဆုံး အချိန်ဖြစ်တဲ့ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီကြားမှာ ခန္ဓာကိုယ်အပေါ် အကာအကွယ် မပါဘဲ အပြင်ထွက်ခြင်း ရှောင်ရှား သင့်ပါတယ်။
မဖြစ်မနေ အပြင်ထွက်ရမယ် ဆိုရင်လည်း အရောင်ဖျော့ဖျော့ အကျႌ လက်ရှည်၊ ဦးထုပ်၊ ထီး၊ နေကာမျက်မှန် စတာတွေကို အကာအကွယ်အနေနဲ့ ဝတ်ဆင်သင့်ပါတယ်။ နေရောင်ခြည် ကာကွယ်မှု SPF (Sun Protection Factor) ပါဝင်တဲ့ Sunscreen တွေကို လိမ်းပေးသင့်ပြီး ရေများများ သောက်ပေးဖို့လည်း လိုအပ်ပါတယ်။
Ref ; wikipedia.org/wiki/Ultraviolet