Health

သင် မသိသေးတဲ့ သံပရာသီးရဲ့ အသုံးဝင်ပုံများ

Want create site? Find Free WordPress Themes and plugins.

ဗီတာမင်စီဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ သံပုရာသီးဟာ လွယ်လွယ်ကူကူနဲ့ ဝယ်လို့ရတဲ့အပြင် နည်းလမ်း အမျိုးမျိုးလည်း အသုံးဝင်ပါတယ်။

လူအများစု သိကြတဲ့ သံပုရာသီးရဲ့ အသုံးဝင်ပုံ နည်းလမ်းတွေထဲကမှ မသိသေးတဲ့ အခြား အသုံးပြုနည်းတွေကို ဧရာဝတီ စာဖတ် ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

(၁) အမှိုက်ပုံးတွေကနေ အနံ့ဆိုးတွေ ထွက်မလာစေဖို့ အတွက် သံပုရာသီးခြမ်း တခြမ်းကို အမှိုက်ပုံးထဲ ထည့်ထား ပေးခြင်းအားဖြင့် အနံ့ဆိုးတွေကို စုပ်ယူနိုင်စေနိုင်ပါတယ်။

(၂) အသား၊ ငါးတွေ ကိုင်ပြီး လက်မှာ အနံ့ စွဲကျန်နေခဲ့တဲ့အခါ ရေထဲကို သံပုရာသီး ညှစ်ထည့်ပြီး လက်ဆေးပေးမယ် ဆိုရင် အနံ့အသက်တွေ ပျောက်ကင်းစေပါတယ်။

(၃) သံပုရာခွံကို ရေခဲသေတ္တာထဲ ထည့်ထားရင် ရေခဲသေတ္တာထဲက အနံ့အသက်တွေ ကင်းဝေးစေပါတယ်။

(၄) သံပုရာသီးကို ခြမ်းထားတဲ့ သံပုရာခြမ်းပေါ်မှာ ဆားအနည်းငယ် သုတ်ပြီး အိမ်ထောင့်တွေမှာ ထားပေးမယ်ဆိုရင် ပိုးဟပ်တွေ အဝေးကို ပြေးစေနိုင်ပါတယ်။

(၅) အရည်ညှစ်ပြီးသား သံပုရာခွံကို ဒူးနဲ့ တံတောင်ဆစ်တွေမှာ လိမ်းပေးမယ်ဆိုရင် ဒူး၊ တံတောင်ဆစ် မဲတာတွေကို ပျောက်ကင်းစေနိုင်ပြီး အသားအရေကို စိုပြေစေပါတယ်။

အခုလို ရာသီဥတု ပူပြင်းတဲ့ နွေရာသီမှာ သံပုရာသီးကို ပျားရည်နဲ့ ရောစပ်ပြီး သောက်ပေးမယ်ဆိုရင် သံပုရာသီးမှာပါတဲ့ ဂလူးကို့စ်နဲ့ သတ္တုဓာတ်ကြောင့်  ချွေးထွက်လွန်ခြင်းမှ သက်သာစေပြီး ရင်ပူခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။

Ref ;  diyhealthfit.com

Did you find apk for android? You can find new Free Android Games and apps.
Loading