လူအချို့ဟာ အကြောင်းအမျိုးမျိုးကြောင့် အိပ်ရေးပျက်လေ့ ရှိကြပါတယ်။ အသက်အရွယ် အပိုင်းအခြားအလိုက် အိပ်ချိန်ဟာ လျော့သွားတတ်တဲ့အတွက် လူတဦးဟာ တနေ့မှာ ၆ နာရီကနေ ၈ နာရီအထိ အိပ်စက်သင့်ပါတယ်။
အိပ်ရေးပျက်မှုကြောင့် ဘယ်လို နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုတာ ဧရာဝတီ စာဖတ်ပရိသတ်တွေ သိရှိနိုင်အောင် ရေးသားဖော်ပြ လိုက်ပါတယ်။
(၁) အိပ်ရေးပျက်တာကြောင့် ဦးနှောက်ရဲ့ ကြိုတင်မှန်းဆ ပူပင်တတ်တဲ့ တုံ့ပြန်မှုကို ပိုမိုများပြား လာစေတဲ့အတွက် စိုးရိမ်စိတ် လွန်ကဲတတ်ပါတယ်။
(၂) အိပ်ရေးပျက်ခြင်းကြောင့် ဦးနှောက်ဆီ သွေးစီးဆင်းမှုနှုန်း လျော့ကျပြီး နှလုံးသွေးကြော ကျန်းမာရေး ထိခိုက်ကာ လေဖြတ်နိုင်စွမ်း များစေပါတယ်။
(၃) အိပ်ရေး မဝတဲ့အခါ ဆာလောင်စေတဲ့ ဟော်မုန်းတွေဖြစ်တဲ့ Ghrelin နဲ့ Leptin ဟော်မုန်းတွေဟာ မြင့်တက်လာတဲ့ အတွက် အစာကို သာမန်ထက် လွန်ကဲစွာ ပိုစားသောက် ဖြစ်စေပါတယ်။
(၄) အိပ်ရေးပျက်တာကြောင့် စိတ်ဖိစီးမှုကို တုံ့ပြန်နိုင်စွမ်းများပြီး အင်ဆူလင်ယဉ်ပါးမှု (insulin resistance) ကိုမြင့်တက်စေတာကြောင့် ဆီးချိုရောဂါဖြစ်ပွားနိုင်ပါတယ်။
(၅) တနေ့ကို ၅ နာရီနဲ့ ၆ နာရီကြားသာ အိပ်စက်ပါက သွေးတိုးရောဂါ ဖြစ်နိုင်ချေ များစေပါတယ်။
(၆) အိပ်ရေး ပျက်တာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝစက်ဝန်းကို ကမောက်ကမ ဖြစ်စေကာ သွေးဖြူဥ လုပ်ငန်းများ ချွတ်ယွင်း လာတာကြောင့် ကိုယ်ခံအားကို ကျစေပါတယ်။
(၇) အလွန်အကျွံ အိပ်ရေးပျက်ပါက မျိုးရိုးဗီဇ လုပ်ဆောင်နိုင်စွမ်းတွေ ပြောင်းလဲသွားတဲ့အတွက် စိတ်ဖိစီးမှုများကာ ခန္ဓာကိုယ် ရောင်ရမ်းမှုတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – အိပ်ချိန် ပြည့်ပြည့်ဝဝရဖို့ ညဘက် တရေးနိုးတဲ့အခါ ရှောင်ကြဉ်ရမယ့် အချက် ၅ ချက်
Ref : webmd.com