Health

လက်သည်းတွေက ပြောပြတဲ့ သင့်ကျန်းမာရေးအကြောင်း

သင့်လက်သည်းတွေဟာ သင့်ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေဖြစ်ပြီး လက်သည်းအရောင်နဲ့ ပုံစံဟာ ကျန်းမာရေး အခြေအနေကို ရောင်ပြန်ဟပ် နေပါတယ်။

ကျန်းမာရေး ကောင်းတဲ့သူတွေရဲ့လက်သည်းဟာ ပန်းနုရောင်သမ်းနေတတ်ပြီး လက်သည်းမှာ လိုင်းအစင်းတွေနဲ့ အပေါက်ပေါက်တွေ ရှိနေရင်တော့ ကျန်းမာရေးချို့ယွင်းတဲ့ ပြဿနာ တခုခုကို ညွှန်ပြနေတာ ဖြစ်ပါတယ်။

(၁) လက်သည်းတွေ အရောင်ဖျော့နေခြင်းဟာ သွေးအားနည်းခြင်း၊ အသည်းရောဂါနဲ့ အာဟာရဓာတ် ချို့တဲ့ခြင်းတို့ရဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။

(၂) လက်သည်းတွေဟာ အဝါရောင်ဖြစ်နေမယ်ဆိုရင် လက်သည်းမှိုစွဲတာဖြစ်ပြီး တခြားသော အကြောင်းအရင်း ကတော့ သိုင်းရွိုက်ရောဂါ၊ အဆုတ်ရောဂါနဲ့ ဆီးချိုရောဂါတို့ရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။

(၃) လက်သည်းတွေ ပြာနေခြင်းဟာ ခန္ဓာကိုယ်က အောက်စီဂျင်ဓာတ် လုံလောက်စွာ မရရှိတာဖြစ်ပြီး အဆုတ်ရောဂါနဲ့ နှလုံးရောဂါတို့ရဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။

(၄) လက်သည်းပေါ်မှာ လှိုင်းတွေထနေပြီး ချိုင့်ခွက်ငယ်တွေ ပေါ်နေမယ်ဆိုရင် ဒါဟာ အဆစ်ရောင်ရောဂါ လက္ခဏာ ဖြစ်ပြီး သေချာစွာ ကြည့်မယ်ဆိုရင် လက်သည်းအောက်ခြေ နီညိုရောင် အရောင်ကိုပါ တွေ့ရမှာဖြစ်တဲ့အတွက် ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။

(၅) လက်သည်းပေါ်မှာ အနက်ရောင်အစင်းတွေ ပေါ်လာပါက အရေပြားကင်ဆာရဲ့ ကနဦးအစ လက္ခဏာဖြစ်ပြီး အမြန် စစ်ဆေးသင့်ပါတယ်။

Ref ; webmd.com 

Loading