Health

ခဏခဏ နားအူတတ်တာ ဘာကြောင့်လဲ

Want create site? Find Free WordPress Themes and plugins.

လူတွေမှာ အကြောင်း အမျိုးမျိုးကြောင့် နားမကြာခဏ အူတတ်ပါတယ်။ ဒါပေမယ့် တချို့ နားအူခြင်း ပုံစံတွေကတော့ စိုးရိမ်ရပါတယ်။ မျက်စေ့အဆုံး နားအရှုံးလို့လည်း လူကြီးသူမတွေ ပြောတာကြောင့် နားအူတာနဲ့ ဆက်စပ်ပြီး သတိပြုဖွယ် အချက်တချို့ကို လေ့လာတင်ပြပါမယ်။

ဘာလို့ နားအူတာလဲ ။ ။ နားကနေ လိုအပ်ချက် တခုခု အတွက် အချက်ပြခြင်း ပုံစံ ဖြစ်တယ် လို့ နယူးဖောင်လန်းက နားဘက်ဆိုင်ရာ ပညာရှင် ရှောင်ကင်ဒန်း (Sean Kinden) က ပြောပါတယ်။ ပုံမှန် အတိုင်း လုပ်ဆောင်နိုင်ခြင်း မရှိလို့ အချက်ပြခြင်းပါ။ ဒါပေမယ့် ကိုယ်ခံအားနည်း လို့ ဖြစ်မယ် ဆိုုတဲ့ ထင်မြင်ချက် တခုတည်းနဲ့ နားအူနေတာကို ပြီးစလွယ် မထားပါနဲ့။ အမြန်ဆုံး ဆရာဝန်နဲ့ ပြသ စစ်ဆေးသင့်ပါတယ်။

ဆူဆူညံညံ နားထောင်တာ လျှော့ပါ ။ ။ ဆူညံသံ မြင့်မြင့် (အပြင်းစား ရော့ခ် သီချင်းသံမျိုး) နားထောင်ခြင်းက နားအူစေတဲ့ အချက် တချက်ပါ။ ဆူညံသံများတဲ့ စက်တွေကြားမှာ၊ အသံကျယ်ကျယ်နဲ့ သီချင်းနားထောင်တာတွေ၊ ဒီလို အချက်တွေက နားစည်ကို “ဒဏ်” ဖြစ်စေပါတယ်။ နားအူလွယ်စေပါတယ်။ သီချင်းသံလည်း အနေတော်ပဲ နားထောင်ပါ၊ ဆူညံတဲ့ ဝန်းကျင်မှာ ဆိုုရင်လည်း နားကို အကာအကွယ် ဖြစ်မယ့် အရာနဲ့ ဖုံးအုပ် အလုပ် လုပ်ပါ။

ပုံမှန် နားသန့်ရှင်းရေး လုပ်ပါ ။ ။ နားအတွင်းက နားဖာချေးတွေ ပုံမှန် ထွက်ရှိပါတယ်။ ဒီ နားဖာချေးကို ပုံမှန် သန့့်ရှင်းမှု မလုပ်ပေးရင် အကြားစွမ်းရည် မကောင်းတော့ဘဲ ပိတ်နေသလို ခံစားရနိုင်ပါတယ်။ နားဖာချေး ပိတ်တာ များလာရင်လည်း နားအူစေဖိုု့ အားပေး သလို ဖြစ်စေပြီး ပုံမှန် နားသန့်ရှင်းရေး လုုပ်ပေးရင်တော့ နားအူတာ ဖြစ်နိုင်ခြေ နည်းစေပါတယ်။

အာရုံစူးစိုုက်မှု လျှော့ပါ ။ ။ အလုပ်ကို ပုံမှန် လုပ်ပါ။ မိမိကိုယ်ကိုယ် အရမ်း ဖိအားပေးပြီး အာရုံထည့် မလုုပ်ပါနဲ့။ အာရုံ စူးစိုက်မှု များတာက နားအူစေနိုင်ပါတယ်။ ဒီလိုုပဲ ခေါင်းကိုက်တာတွေ၊ မူးဝေခြင်းနဲ့ အန်ချင်စိတ်တွေတောင် ဖြစ်စေနိုင်ပါတယ်။ ဒီလို ဒဏ်တွေ စုလာရင်တော့ သင့် အနေနဲ့ စိတ်ဖိစီးမှု ပိုလာပြီး နေထိုင်မကောင်း ဖြစ်စေနိုင်ပါတယ်။

ဟော်ကီလို အားကစား လုပ်ဆောင်မှုတွေ အတွက် ဦးခေါင်း အကာအကွယ် သုံးပါ၊ ဆောက်လုပ်ရေး လုပ်ငန်းတွေလို အလုုပ်သမားတွေ အတွက် ဦးထုပ် အမြဲ ဆောင်းပါ။ စိတ်ပိုင်းဆိုင်ရာ အာရုံစူူးစိုက်မှု များခြင်းရော ဦးခေါင်းထိခိုက်မှု တခုခု အတွက် နားအူစေနိုင် သလို နောက်ဆက်တွဲ ခေါင်းကိုက် မူးဝေမှု ဝေဒနာတွေ ခံစားရနိုင်ပါတယ်။

သွားတွေကောင်းမွန်ပါစေ ။ ။ သွားတွေရဲ့ အမြစ် မေးရိုးနဲ့ ဦးခေါင်းခွံံက ဆက်စပ်နေပါတယ်။ သွားကိုက်ခြင်းလိုု ဝေဒနာ ဖြစ်ရင် နားလည်း လိုက်အူစေလာနိုင်ပါတယ်။ သွားတွေ ကောင်းမွန်နေပါစေ။ လိုုအပ်ရင် သွားဆရာဝန်နဲ့ ပြပါ။ ကုသပါ။ သွားတွေ ကောင်းနေရင် နားလည်း မအူစေပါဘူး။

သောက်ဆေးတွေလျှော့ပါ ။ ။ သောက်ဆေးများများ သောက်သုံးခြင်းက နားအူတာ ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် သောက်ဆေး ပြင်းလေလေ နားအူနိုင်လေလေ ဖြစ်ပါတယ်။ ဒီဆေးတွေမှာ ပဋိပစ္စည်းတွေ၊ စိတ်နိုးကြွမှုဓာတ်တွေ၊ အကိုက်အခဲ ပျောက်စေတဲ့ ဓာတ်တွေ ပါရှိပါတယ်။ ဒီလို ဓာတ်တွေ ပါရှိတဲ့ ဆေးများများ၊ ပြင်းပြင်း သောက်မိရင် နားအူစေနိုုင်ပါတယ်။ ဖြစ်နိုင်ရင် အချိန်ခွဲ သောက်ပါ။ ဆေးများများ သောက်တဲ့ အကျင့် ပြင်ပါ။

ပုံမှန်မဟုတ်တဲ့ အရိုးကြီးထွားမှုကြောင့် နားအူစေပါတယ် ။ ။ ဒီလို ပုံမှန် မဟုတ်တဲ့ အရိုးကြီးထွားမှုကို Otosclerosis လို့ ခေါ်ပြီး နားရဲ့ အလယ်ပိုင်း အရိုးက ပုံမှန် မဟုတ်ပဲ ကြီးထွားလာခြင်းပါ။ ဒီလို ဖြစ်စဉ်ကြောင့် နားလေးခြင်းနဲ့ နားအူခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့်တော့ အသက် ၃၀ လောက်မှာ ကြီးထွားမှု ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကံကောင်းတာ တခုက ခွဲစိပ် ကုသလို့ ရပါတယ်။ မျိုးရိုးလိုက်တတ်တဲ့ အခုလို ပုံမှန် မဟုတ်တဲ့ အရိုး ကြီးထွားတတ်သူတွေက အလေးထားပြီး စစ်ဆေး ကုသမှု ခံယူသင့်ပါတယ်။ လူတိုင်းတော့ မဖြစ်တတ်ပါဘူးတဲ့။

ပုံမှန်စစ်ဆေးမှု ခံယူပါ ။ ။ နားအူခြင်း၊ နားလေးချင်သလို ဖြစ်ခြင်းက ကျန်းမာရေး လိုအပ်ချက် တခုုကြောင့် အဖြစ်များ ပါတယ်။ နားတွင်း ပုံမှန် မဟုတ်တဲ့ အရည်စုဖွဲ့မှုတွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နားစည်ယောင်ခြင်း ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သွေးတိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆီးချိုနဲ့ ဓာတ်မတည့်မှုတွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီတော့ သင့် အနေနဲ့ နားလေးချင်သလို ဖြစ်နေတာ၊ အူလာတာတွေ ရှိရင်တော့ မပေါ့ဆပဲ ဆရာဝန်နဲ့ ပြပါ။ ပုံမှန် စစ်ဆေး ကုသမှု ခံယူပါ။

စိတ်ဖိစီးမှု နည်းအောင် နေပါ ။ ။ နားအူခြင်းက ရုပ်ပိုင်းဆိုင်ရာ ဖြစ်စေမယ့် စိတ်ခံစားချက်မှာ စိတ်ဖိစီးမှု များရင်လည်း နားအူစေနိုင် ပါတယ်။ အာရုံများလာစေတာကလည်း နားအူဖို့ ဖြစ်လာစေတာပါ။ အထူးသဖြင့်တော့ စိတ်ဖိစီးမှု များနေချိန်နဲ့ တနေကုန် ပင်ပန်းထားပြီး ညအချိန်တွေမှာ နားအူသလို ခံစားရပါလိမ့်မယ်။ စိတ်ဖြေသာဖို့ ကော်ဖီ အသောက်များရင်လည်း ပိုဆိုးပါတယ်။ ကော်ဖီကို သင့်ရုံပဲ သောက်ပါ။ အထက်မှာ ပြောခဲ့သလို ပုံမှန် အလုပ်လုပ်ပါ၊ ကိုယ့်စိတ်ကို ဖိအားမပေးပါနဲ့။

နားအူနေတာ မသက်သာဘူး ဆိုရင် ။ ။ နားအတွင်း ထိခိုက်မှုဟာ ပျောက်ကင်းဖို့ အချိန်ပေးရပါတယ်၊ တခါတလေ တသက်လုံး ကုမရအောင် ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် နားကြား ကိရိယာ အကူတပ်ဆင်ပြီး အတတ်နိုင်ဆုံး နားကြားအောင် နေနိုင်ပါတယ်။ ဒီလို စက်အကူ မသုံးချင်ရင် နားအူ၊ နားကိုက် ပြန်လည် သက်သာစေမယ့် ကုသနည်း ရှိပါတယ်။ အသံထွက် အနေအထားအပေါ် မူတည်ပြီး ကြားအောင်၊ နားလည်အောင် သင်ပေးတဲ့ နည်းပါ။ နှုတ်ခမ်းလှုပ်ရှားမှုကို ကြည့်ပြီး နားလည်အောင် ကြည့်တဲ့ သဘောပါ။

အချိန်တော့ ပေးပြီး သင်ရပေမယ့် တတ်လွယ်တယ် လို့ ဆိုပါတယ်။ ပြီးတော့ စက်အကူထက် အသုံးဝင်တယ် လို့လည်း ဆိုပါတယ်။

Ref: www.rd.com

Did you find apk for android? You can find new Free Android Games and apps.
Loading