မျက်လုံးဟာ စာရေးသူတို့ ခန္ဓာကိုယ်မှာ နေ့စဉ်အသုံးပြုနေတဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတခုဖြစ်ပြီး အလွန်ပဲ နုနယ်လှပါတယ်။ နေ့စဉ် ကွန်ပျူတာ အသုံးပြုနေရသူတွေနဲ့ ဖုန်းအသုံးပြုနေရသူတွေဟာ အမြင်အာရုံ အားနည်းခြင်းကို အနည်းနဲ့ အများ ဆိုသလို ခံစားနေရပါတယ်။
ဒါကြောင့်မို့လို့ မျက်လုံးအတွက် အမြင်အာရုံ ကောင်းစေမယ့် အစားအစာ ၅ မျိုးကို ဧရာဝတီ စာဖတ် ပရိသတ်တွေ သိရှိအောင် ရေးသားဖော်ပြ လိုက်ပါတယ်။
(၁) ဆယ်လ်မွန်ငါး
ဆယ်လ်မွန်ငါးမှာ ပါဝင်တဲ့ Omega3 Fatty Acid ဟာ အာရုံကြော အားကောင်းစေတဲ့အတွက် စားသုံးပေးသင့်တဲ့ အစားအစာ တမျိုးပဲ ဖြစ်ပါတယ်။ ငါး မကြိုက်သူတွေ အနေနဲ့ ငါးကြီးဆီ ဆေးလုံးများကို သောက်သုံးပေးသင့်ပါတယ်။
(၂) မုန်လာဥနီ
မုန်လာဥနီမှာ ပါဝင်တဲ့ ဗီတာမင်အေနဲ့ ဘီတာကယ်ရိုတင် ဓာတ်ဟာ မျက်ကြည်လွှာကို အားကောင်းစေပြီး မျက်လုံးနဲ့ ပက်သက်တဲ့ ရောဂါအမျိုးမျိုးကို ပျောက်ကင်းသက်သာစေနိုင်ပါတယ်။ မုန်လာဥနီကို နေ့စဉ်ပုံမှန် စားသုံးပေးမယ်ဆိုရင် မျက်လုံး အတွင်းပိုင်းမှာရှိတဲ့ ဆဲလ်တွေကို ကျန်းမာစေနိုင်တာကြောင့့် မျက်စိမှုန်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
(၃) ကိုက်လန်
ကိုက်လန်ဟာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပြီး မျက်လုံးကို အထူးအားကောင်းစေတဲ့ အစားအစာ တမျိုးပဲ ဖြစ်ပါတယ်။ ကိုက်လန်အပြင် ဟင်းနုနွယ်နဲ့ ငရုတ်ပွတွေမှာလည်း ဗီတာမင်အေဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် မျက်လုံး ကျန်းမာရေးအတွက် စားသုံးပေးသင့်ပါတယ်။
(၄) ကန်စွန်းဥ
ကန်စွန်းဥမှာ ပါဝင်တဲ့ အာဟာရ ဓာတ်တွေဟာ အာရုံကြော အားကောင်းစေပြီး အမြင်အာရုံ ချို့ယွင်းမှုတွေနဲ့ ဘက်တီးရီးယားတွေကြောင့် မျက်လုံးယားယံ ရောင်ရမ်းခြင်းတွေကို သက်သာစေနိုင်တဲ့အတွက် စားသုံးပေးသင့်ပါတယ်။
(၅) ဥအမျိုးမျိုး
ဥအမျိုးမျိုးမှာ ဇင့်ဓာတ်နဲ့ ဗီတာမင်အေဓာတ် ကြွယ်ဝစွာ ပါဝင်တာပြီး အသက်အရွယ်ကြောင့်ဖြစ်တဲ့ မျက်စိမှုန်ခြင်းနဲ့ မျက်လုံးအားနည်းခြင်းတွေကို သက်သာစေနိုင်တာကြောင့် စားသုံးပေးသင့်ပါတယ်။
Ref ; healthline.com