အမျိုးသမီး အများစုဟာ အသားအရေ လှပကျန်းမာအောင် နည်းလမ်းအမျိုးမျိုးနဲ့ ထိန်းသိမ်းကြပေမယ့် မှားယွင်းနေတဲ့ လုပ်ဆောင်ချက် အချို့ကြောင့် အသားအရေဟာ ထင်သလောက် ထိထိရောက်ရောက် မပြောင်းလဲတာကို ကြုံဖူးကြမှာပါ။
ဒါကြောင့်မို့လို့ အမျိုးသမီးများ မျက်နှာ အသားအရေ ကျန်းမာအောင် ပြုလုပ်သင့်တဲ့ အချက် ၅ ချက်ကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ရေးသားဖော်ပြ လိုက်ပါတယ်။
(၁) Cleansing သေချာလုပ်ပါ
အရွယ် မတိုင်ခင် အိုမင်းရင့်ရော်မှုနဲ့ အပြစ်ကင်းစင်တဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ မျက်နှာကို Cleansing လုပ်တဲ့ အပိုင်းဟာ အရေးကြီးပါတယ်။ မဖြစ်မနေ ပြုလုပ်သင့်တဲ့ Skincare ထိန်းသိမ်းနည်းတွေထဲမှာ Cleansing လည်း ပါဝင်တာကြောင့် လူတိုင်း ဂရုတစိုက် ပြုလုပ်သင့်တဲ့ အရာတခု ဖြစ်ပါတယ်။
(၂) မိတ်ကပ်ဖျက်ပြီး အိပ်ရာဝင်ပါ
မိတ်ကပ် မဖျက်ဘဲ အိပ်ရာဝင်တာဟာ အရေးမကြီးဘူးလို့ ထင်ရပေမယ့် မိတ်ကပ် မဖျက်ဘဲ အိပ်စက်မယ်ဆိုရင်တော့ မိတ်ကပ်မှုန်တွေနဲ့ အဆီတွေပိတ်ပြီး ဝက်ခြံတွေ ဖြစ်ပေါ်လာစေမှာပါ။ အသားအရေ ကြည်လင် လှပလိုသူတိုင်း ညဘက် အိပ်ရာမဝင်ခင်မှာ မိတ်ကပ်ဖျက်တာကို မဖြစ်မနေ ပြုလုပ်သင့်ပါတယ်။
(၃) Moisturizer လိမ်းပါ
မျက်နှာ အသားအရေ အဆီပြန်တတ်သူတွေဟာ Moisturizer မလိမ်းသင့်ဘူးလို့ ထင်တတ်ကြပါတယ်။ မျက်နှာကို အစိုဓာတ် ထိန်းသိမ်းဖို့အတွက် အသားအရေ ခြောက်သွေ့သူတွေရော မျက်နှာ အဆီပြန်တတ်သူတွေပါ မိမိနဲ့ သင့်တော်မယ့် Moisturizer မဖြစ်မနေ ရွေးချယ် အသုံးပြုသင့်ပါတယ်။
(၄) Sunscreen လိမ်းပါ
အသားအရေ ထိန်းသိမ်းသူတိုင်း နေရောင်ဒဏ် ကာကွယ်ပေးတဲ့ Sunscreen အသုံးပြုသင့်ပါတယ်။ နေရောင်ခြည် ဒဏ်ဟာ အသားအရေကို ကြမ်းတမ်း ရင့်ရော်စေပြီး အမည်းစက်တွေကို ဖြစ်ပေါ်စေနိုင်တဲ့အတွက် Sunscreen မဖြစ်မနေ အသုံးပြုသင့်ပါတယ်။
(၅) မျက်နှာပေါင်းတင်ပါ
မျက်နှာ ပေါင်းတင်ခြင်းဟာ အသားအရေ ကြည်လင်ဖို့ အချက်တွေထဲက တခုဖြစ်တာကြောင့် တပတ်မှာ နှစ်ကြိမ်ခန့် ပေါင်းတင်ပေးဖို့ လိုအပ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – အမျိုးသမီးများ နေ့စဉ် မိတ်ကပ်လိမ်းခြင်းဟာ အသားအရေ ပျက်စီးစေနိုင်သလား
Ref ; glowpink.com