ထိခိုက် ဒဏ်ရာကြောင့်ဖြစ်စေ ပိုးမွှားကိုက်ခဲ အနာနဲ့ ဝက်ခြံတွေကြောင့်ဖြစ်စေ သင့်အသားအရေနဲ့ မျက်နှာပေါ်မှာ အမာရွတ်တွေ ထင်ကျန်နိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အရေပြားတွေထဲမှာ မျက်နှာ အသားအရေဟာ နုနယ်လွန်းတာကြောင့် အမာရွတ်တွေ ပျောက်ဖို့ ပိုခဲယဉ်းပါတယ်။
ပျောက်ဖို့ ခဲယဉ်းတဲ့ မျက်နှာပေါ်က အမာရွတ်တွေ သက်သာ ပျောက်ကင်းစေမယ့် သဘာဝ နည်းလမ်း ၅ ခုကို ဧရာဝတီ စာဖတ်ပရိသတ်တွေ သိရှိနိုင်အောင် ရေးသားဖော်ပြ လိုက်ပါတယ်။
(၁) ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်မှာ အမာရွတ်တွေကို မှေးမှိန်စေပြီး အရေပြား ဆဲလ်အသစ်တွေ ပြန်လည် ဖြစ်ပေါ်စေတဲ့ ဂုဏ်သတ္တိ ရှိတာကြောင့် အမာရွတ်တွေပေါ်မှာ ရှားစောင်းလက်ပပ်ရဲ့ ဂျယ်လီတွေနဲ့ နေ့စဉ်ပုံမှန် သုတ်လိမ်းပေးမယ်ဆိုရင် သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။
(၂) သံပုရာသီး
သံပုရာသီးမှာ ပါဝင်တဲ့ ဗီတာမင်စီဓာတ်ဟာ အသားအရောင်ကို ပြန်လည်ညီညာစေပြီး အမာရွတ်တွေကို ပျောက်ကင်း စေနိုင်ပါတယ်။ သံပုရာရည်ကို အမာရွတ်ရှိတဲ့ အရေပြားပေါ်မှာ လိမ်းပေးပြီး ခြောက်သွားရင်တော့ ရေနဲ့ ဆေးချပေးပါ။ ဒီနည်းလမ်းကို နေ့စဉ်ပုံမှန် ပြုလုပ်ပေးမယ်ဆိုရင် အမာရွတ်တွေ ပျောက်ကင်းလာမှာပါ။
(၃) ပျားရည်
သဘာဝ ပျားရည်ကို အမာရွတ်ပေါ်မှာ သုတ်လိမ်းပေးပြီး လက်ချောင်းတွေနဲ့ နှိပ်နယ်ပေးမယ်ဆိုရင် အသားအရေကို ဝင်းမွတ်တောက်ပစေပြီး အမာရွတ်တွေကို သက်သာပျောက်ကင်း စေနိုင်ပါတယ်။
(၄) အုန်းဆီ
အုန်းဆီမှာ ပါဝင်တဲ့ ဗီတာမင်အီးဟာ အသားအရေကို ချောမွေ့စေပြီး အိပ်ရာဝင်ကာနီးတိုင်း အုန်းဆီကို အမာရွတ်ပေါ်မှာ လိမ်းပေးမယ်ဆိုရင် အသားအရေ ကြည်လင်ပြီး အမာရွတ်တွေကို သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
(၅) မုန့်ဖုတ်ဆိုဒါ
အသားအရေနဲ့ အလှအပအတွက် အကျိုးကျေးဇူး များစွာရှိတဲ့ မုန့်ဖုတ်ဆိုဒါဟာ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး ဝက်ခြံ အမာရွတ်တွေကို အထူးပဲ သက်သာစေပါတယ်။ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း တဇွန်းကို ရေအနည်းငယ်နဲ့ ရောစပ်ပြီး အမာရွတ်ပေါ်မှာ နေ့စဉ်ပုံမှန် လိမ်းပေးမယ်ဆိုရင် အမာရွတ်တွေကို သိသိသာသာ ပျောက်ကင်းစေနိုင်ပါတယ်။
Ref ; beautyepic.com