မနက်စာ မစားခြင်းကြောင့် ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုး ၅ ခု
မနက်စာစားခြင်းဟာ တနေ့တာရဲ့ စားသောက်မှုမှာ အရေးကြီးဆုံး ဖြစ်ပါတယ်။ လူအများစုဟာ မနက်ပိုင်း အလုပ်မှီ၊ ကျောင်းမှီဖို့ စိတ်စောနေခြင်းကြောင့် မနက်စာစားဖို့ အချိန်မပေးနိုင်တာမျိုးတွေ ဖြစ်တတ်ပြီး မနက်စာစားဖို့ ပျက်ကွက်လေ့ ရှိကြပါတယ်။
မနက်စာကို သေချာ မစားတဲ့အခါမှာ ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးတွေကို ဧရာဝတီ စာဖတ် ပရိသတ်တွေ သိရှိနိုင်အောင် ရေးသားဖော်ပြ လိုက်ပါတယ်။
(၁) မနက်စာ မစားခြင်းကြောင့် ခန္ဓာကိုယ်ဟာ သကြားဓာတ် လုံလောက်စွာ မရရှိတဲ့အတွက် အာဟာရ မလုံလောက်ခြင်း ကြောင့် ဦးနှောက်ဖွံဖြိုးမှုကို လျော့ကျစေပါတယ်။
(၂) မနက်စာ မစားခြင်းဟာ ခန္ဓာကိုယ် အလေးချိန်ကို မြင့်တက်စေနိုင်ပါတယ်။ မနက်စာ မစားခြင်းကြောင့် နေ့လယ်ဘက်မှာ အလွန်အကျွံ စားမိတဲ့အတွက် ကယ်လိုရီ ပမာဏ မြင့်တက်စေနိုင်ပါတယ်။
(၃)သုတေသန မှတ်တမ်းတွေအရ မနက်စာ မစားတဲ့ အမျိုးသမီးတွေဟာ ဆီးချို၊ သွေးချိုရောဂါ ဖြစ်ပွားမှုနှုန်း ၅၄ ရာခိုင်နှုန်း အထိ မြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။
(၄) မနက်စာ မစားခြင်းကြောင့် ခန္ဓာကိုယ် အင်အားယုတ်လျော့ပြီး တက်ကြွမှု မရှိဘဲ လေးလံထိုင်းမှိုင်း နေတတ်ပါတယ်။ မနက်စာ ပုံမှန် မစားသုံးခြင်းဟာ ဦးနှောက်မှတ်ဉာဏ် ချို့ယွင်းမှုကိုပါ ဖြစ်စေနိုင်ပါတယ်။
(၅) မနက်စာ ပုံမှန် မစားသုံးခြင်းကြောင့် ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှု ဖြစ်စဉ်တွေကို ကမောက်ကမ ဖြစ်စေပြီး ညဘက် တွေမှာ နှစ်ခြိုက်စွာ အိပ်မပျော်တာတွေ ဖြစ်ပေါ်စေပါတယ်။
Ref ; livestrong.com