“Listerine” လို့ ဆိုလိုက်တာနဲ့ ခံတွင်းအနံ့ဆိုးတွေ ဖယ်ရှားပြီး သန့်စင်အောင် လုပ်ပေးတဲ့ ခံတွင်းနံ့ပျောက် ဆေးရည်လို့ပဲ လူတွေသိကြတာပါ။ တကယ်တော့ Listerine ကို အခြား နေရာတွေမှာလည်း အသုံးပြုနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေအတွက် အသုံးဝင်တဲ့ ဆေးရည်လို့လည်း ညွှန်းဆို ချင်ပါတယ်။
ဒါကြောင့်မို့လို့ ခံတွင်းနံ့ပျောက် ဆေးရည် Listerine ရဲ့ အသုံးဝင်ပုံ အမျိုးမျိုးကို ဧရာဝတီ စာဖတ် ပရိသတ်တွေ ဗဟုသုတအနေနဲ့ သိရှိနိုင်အောင် ရေးသားဖော်ပြ လိုက်ပါတယ်။
(၁) ခြေသည်း မှိုစွဲတာဟာ ကုရခက်သလို၊ ပျောက်ဖို့လည်း မလွယ်ပါဘူး။ တကြိမ် ပျောက်သွားရင် ထပ်ဖြစ်တဲ့ ရောဂါမျိုးပါ။ ပျိုမေတို့ရဲ့ ခြေသည်းတွေမှာ မှိုစွဲတာ ကြည့်ရ ဆိုးပါတယ်။ ဒါကို ကုသဖို့ဆိုရင် ခြေထောက် ရေစိမ်မယ့် ရေနွေးထဲ Listerine နည်းနည်း ရောထည့်ပြီး မိနစ် ၂၀ လောက် စိမ်ကြည့်ပါ။ ထူးခြားမှုကို မြင်တွေ့ ရပါလိမ့်မယ်။ ပုံမှန်စိမ်ပေးရင် မှိုရောဂါ ပျောက်သွားတဲ့ထိ အစွမ်းထက် ပါတယ်။
(၂) အရေပြား ယားယံတဲ့ နေရာ တဝိုက်ကို ဂွမ်းနဲ့ Listerine နည်းနည်း စွတ်ပြီး တို့ပေးမယ်ဆိုရင် သက်သာ စေပါတယ်။
(၃) အပြင်ထွက်ခါနီး Roll On (ချိုင်းချွေးနံ့ ပျောက်ဆေး) ကုန်နေလို့ စိတ်ညစ် မသွားပါနဲ့။ Listerine က Roll On လို ချွေးနံ့ကြောင့်ဖြစ်တဲ့ ချိုင်းနံ့ကို သက်သာစေပါတယ်။
(၄) ဗောက်ကြောင့် စိတ်ညစ်ရပြီး ခေါင်းလျှော်ရည်စုံနေပြီဆို Listerine သုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။ ခေါင်း မလျှော်ခင် ဦးရေပြားအနံ့ Listerine ကို သုတ်လိမ်းပြီး နှိပ်နယ်ပေးပါ။ ပြီးရင် သန့်စင်သွားတဲ့အထိ ရေနဲ့ သေချာ ပြန်လျှော်လိုက်ရင် ဗောက်တွေ ပျောက်ပြီပေါ့။
(၅) မျက်နှာပေါ်မှာ ဝက်ခြံထွက်လို့စိတ်ညစ်နေတယ်ဆိုရင် cotton pad သုံးပြီး Listerine ရည်နဲ့ သန့်စင်ပေးပါ။ ပျောက်ကင်း သက်သာသွား ပါလိမ့်မယ်။ အညိုအမည်း စွဲနေတဲ့ ဒဏ်ရာတွေဆိုလည်း ဖြစ်တဲ့နေရာ တဝိုက်ကို Listerine လိမ်းပေးရင် တဖြည်းဖြည်းနဲ့ အရောင်ကျ သွားပါလိမ့်မယ်။
(၆) သင့် သွားတိုက်တံကို တိုက်ပြီးတိုင်း ပိုးမွှားတေ ွမကပ်အောင် သေချာ သန့်စင် ပေးသင့်ပါတယ်။ သွားတိုက်တံပေါ်က ပိုးမွှားတွေသေပြီး သန့်စင်သွားအောင် Listerine အရည်ထဲ နစ်ထားလိုက်ပါ။
(၇) နောက်ထပ် အသုံးဝင်တဲ့ နည်းလမ်းက ဖုန်း Screen တွေကို Listerine နဲ့ တိုက်ပေးမယ်ရင် တောက်ပြောင်ပြီး အသစ်အတိုင်း ပြန်ဖြစ်အောင် လုပ်ပေးနိုင်ပါတယ်။
(၈) သွားကိုက်၊ သွားနာ ဖြစ်တဲ့အခါ Listerine အရည်ကို ကိုက်တဲ့နေရာထဲ နည်းနည်းလောက် ထည့်ပေးရင် သက်သာစေပါတယ်။
(၉) အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေဖြစ်ရင် ပိုးဝင်နိုင်လို့ မဖောက်ပစ်ပါနဲ့။ Listerine ရည်သာ လိမ်းထား လိုက်ရင် ပျောက်သွားပါလိမ့်မယ်။
Ref: Useful Tips