ရာသီဥတု အပြောင်းအလဲနဲ့ ရေသောက်နည်းခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်းတို့ကြောင့် နှုတ်ခမ်းသား ခြောက်တာနဲ့ နှုတ်ခမ်းသား အက်ကွဲတာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ နှုတ်ခမ်းဟာ ခန္ဓာကိုယ်ရဲ့ အခြားသော အစိတ်အပိုင်းတွေလို အဆီဂလင်း မပါရှိတာကြောင့် ခြောက်သွေ့မှုကို ပိုမိုခံစားရစေပါတယ်။
နှုတ်ခမ်းသား ခြောက်သွေ့တာနဲ့ နှုတ်ခမ်းသား အက်ကွဲတဲ့ ပြဿနာတွေကို ဂရု မပြုမိဘူးဆိုရင် အက်ကွဲတာကနေ တဆင့် နှုတ်ခမ်းသားကနေ သွေးထွက်တာတွေ အထိ ဖြစ်လာနိုင်ပါတယ်။ ဒီလို ပြဿနာတွေအတွက် ကုသမှုတွေ များစွာထဲကမှ အလွယ်တကူ ပြုလုပ်လို့ရတဲ့ အိမ်တွင်းကုထုံး နည်းအချို့ကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ရေးသားဖော်ပြ လိုက်ပါတယ်။
(၁) ပျားရည်
ပျားရည်ကို ခြောက်သွေ့နေတဲ့ နှုတ်ခမ်းသားပေါ် သုတ်လိမ်း ပေးထားမယ်ဆိုရင် နှုတ်ခမ်းသားကို နူးညံပျော့ပျောင်းစေပြီး နှုတ်ခမ်းခြောက်ခြင်းနဲ့ နှုတ်ခမ်းသား အရေပြား ကွာကျခြင်းကို သက်သာစေပါတယ်။
(၂) Green Tea ထုပ်
Green tea သောက်ပြီးတဲ့ အခါမှာ ကျန်တဲ့ Green Tea အထုပ်ငယ်လေးတွေကို ခြောက်သွေ့ အက်ကွဲနေတဲ့ နှုတ်ခမ်းသားပေါ်မှာ ကပ်ပေးခြင်းအားဖြင့် နှုတ်ခမ်းသား အက်ကွဲတာကို ထိထိရောက်ရောက် သက်သာစေနိုင်ပါတယ်။
(၃) သံလွင်ဆီ (သို့မဟုတ်) အုန်းဆီ
သံလွင်ဆီဟာ အဆီဓာတ်ကို ပြန်လည် ဖြည့်တင်းပေးနိုင်တဲ့အတွက် ခြောက်သွေ့နေတဲ့ နှုတ်ခမ်းသားပေါ်ကို သုတ်လိမ်း ပေးနိုင်သလို အိမ်တိုင်းမှာရှိတဲ့ အုန်းဆီကိုလည်း နှုတ်ခမ်းသားခြောက်သွေ့အက်ကွဲခြင်းတွေအတွက် အသုံးပြုပေး နိုင်ပါတယ်။
Ref ; glowpink.com