Health

နွေရာသီမှာ အဖြစ်များတဲ့ ရောဂါတွေကို ဘယ်လိုကာကွယ်မလဲ

Want create site? Find Free WordPress Themes and plugins.

နွေရာသီကာလမှာ ရာသီဥတု အပူရှိန် ပြင်းထန်ခြင်းကြောင့် ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့ရတတ်ပါတယ်။ ရာသီဥတု ဒဏ်ဟာ ခန္ဓာကိုယ်ကိုလည်း သက်ရောက်မှု ရှိတာကြောင့် နွေရာသီမှာ ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာနဲ့ ကာကွယ်လို့ရမယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

(၁) မျက်စိနာခြင်း

နွေရာသီမှာ ဖြစ်လေ့ဖြစ်ထ ရှိတတ်တဲ့ မျက်စိနာခြင်းဟာ မျက်စိရဲ့ အပြင်အမြှေးပါး ရောင်ခြင်းကြောင့် ဖြစ်ပြီး ခရမ်းလွန် ရောင်ခြည်နဲ့ ထိတွေ့မှုများခြင်း၊ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကြောင့်လည်း ဖြစ်ပေါ်နိုင်ပါတယ်။ ဒီလို ဝေဒနာတွေ မဖြစ်ပေါ်အောင် မျက်လုံးကို လက်နဲ့ မကြာခဏ ပွတ်တတ်တာမျိုး မပြုလုပ်သင့်ပါဘူး။ လက်ကို မကြာခဏ ဆေးတတ်တဲ့ အကျင့် ပြုလုပ်သင့်ပြီး မျက်နှာသုတ် ပုဝါ မျှဝေသုံးစွဲခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

(၂) ခေါင်းကိုက်ခြင်း

ရာသီဥတု အပူရှိန်ကြောင့် ခေါင်းကိုက်တာနဲ့ ခေါင်းတခြမ်း ကိုက်တာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတုကြောင့် ခေါင်းကိုက်တာမျိုး မဖြစ်ပေါ်ရအောင် ဖရဲသီးလို ရေဓာတ်များတဲ့ ရာသီပေါ် အသီးအနှံတွေကို စားသုံးသင့်ပြီး ရေခဲရေ သောက်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ရေများများ သောက်သုံး ပေးသင့်ပြီး နေပူထဲက ပြန်လာတဲ့ အခါမျိုးတွေမှာ ကောင်းမွန်စွာ အနားယူသင့်ပါတယ်။

(၃) တုပ်ကွေးဖြစ်ခြင်း

ရာသီဥတု အပူအအေး မမျှတခြင်းကြောင့် ရာသီတုပ်ကွေး ဖြစ်တတ်ပါတယ်။ တုပ်ကွေးရဲ့ လက္ခဏာတွေဖြစ်တဲ့ ချောင်းဆိုးတာ၊ နှာစေးတာနဲ့ ကိုယ်လက် နာကျင်ကိုက်ခဲတာတွေကို ခံစားရတတ်ပါတယ်။ ရာသီတုပ်ကွေးအတွက် အကောင်းဆုံး ကာကွယ်နည်းကတော့ ရေများများ သောက်သုံးခြင်းပဲ ဖြစ်ပါတယ်။ နှာစေး၊ ချောင်းဆိုးတဲ့အခါမှာ လက်ကိုင်ပုဝါ (သို့မဟုတ်) တစ်ရှူးသုံးသင့်ပြီး လူထူထပ်တဲ့နေရာတွေကို သွားလာခြင်းမျိုး ရှောင်ကြဉ်သင့်ပါတယ်။

Ref ; aboutcagayandeoro.com

Did you find apk for android? You can find new Free Android Games and apps.
Loading