ကမ္ဘာတဝှမ်းက ပလတ်စတစ် ရေသန့်ဘူးတွေကို လေ့လာ ဆန်းစစ်ခဲ့ရာမှာ လူကို အန္တရာယ်ဖြစ်စေတဲ့ ပလက်စတစ် အမှုန်ပါဝင်မှု ၉၃ ရာခိုင်နှုန်းခန့် တွေ့ရှိခဲ့လို့ သုတေသီတွေ အံ့သြခဲ့ရပါတယ်။
လေ့လာဆန်းစစ်ချက်မှာ အမေရိကန်၊ ထိုင်း၊ မက္ကဆီကို၊ အိန္ဒိယ၊ ဘရာဇီး၊ အင်ဒိုနီးရှား၊ တရုတ်၊ ကင်ညာနဲ့ လက်ဘနွန် နိုင်ငံတွေက ရေသန့်တံဆိပ် ၁၁ ခုရဲ့ ရေဘူးအမျိုးအစားပေါင်း ၂၅၉ မျိုးကို လေ့လာခဲ့ရာမှာ အခုလို ပလတ်စတစ် အမှုန်တွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
စစ်တမ်းကောက်ယူသူတွေရဲ့ ပြောပြချက်အရ နိုင်ငံ ၉ နိုင်ငံရဲ့ ရေသန့်ဘူး အမျိုးအစားတွေကို လေ့လာခဲ့ရာ လူကို အန္တရာယ် ဖြစ်စေတဲ့ Polypropylene, Polystyrene, Nylon နဲ့ Polyethylene Terephthalate တို့လို ပလက်စတစ် အမှုန်အမွှားပေါင်း ၉၃ ရာခိုင်နှုန်းလောက် တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ ၁ လီတာမှာ ပလတ်စတစ် အမှုန် ၁၀ ဒဿမ ၄ ရာခိုင်နှုန်းလောက် ရှိနေတဲ့သဘောပါ။
ဒီလို လူကို အန္တရာယ် ဖြစ်စေတဲ့ ပလတ်စတစ် အမှုန်တွေ ပါတဲ့ ရေကို သောက်လိုက်မယ်ဆိုရင် သင့် အစာအိမ် အူလမ်းကြောင်း တလျှောက် မျှောပါသွားပြီး နောက်ဆုံး အူမကြီးမှာ အနည်ထိုင်နေမှာပါ။ ပလတ်စတစ်ရဲ့ သဘောကိုက ပျော်ဝင်သွားတဲ့ အရာ မဟုတ်လို့ အစာအိမ်နဲ့ အတွင်း ကလိစာတွေကို ဒုက္ခပေးလာနိုင်ပါတယ်။
ပလတ်စတစ် ပါဝင်တဲ့ ရေတွေကို နေ့စဉ်နဲ့ အမျှ သောက်သုံးမိနေမယ်ဆိုရင် အာရုံစူးစိုက်မှု အားနည်းပြီး တက်ကြွလွန် ADHD ရောဂါ (Attention Deficit Hyperactivity Disorder) ၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု အားနည်းတဲ့ Autism ရောဂါနဲ့ ကင်ဆာရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ပတ်ဝန်းကျင်ကိုလည်း ထိခိုက်စေတဲ့အပြင် တာရှည်သောက်မယ်ဆိုရင် လူကိုအန္တရာယ်ဖြစ်စေတဲ့ တခါသုံး ပလက်စတစ် ရေသန့်ဘူးတွေအစား ပြန်လည်အသုံးပြုနိုင်တဲ့ ရေသန့်ဘူးတွေ ဒါမှမဟုတ် ရေသန့် ပုလင်းတွေကို ပြောင်းလဲသောက်ကြဖို့ ပညာရှင်တွေက တိုက်တွန်းထားပါတယ်။
Ref: Emma Deangela