Health

အမျိုးသမီးများ အသားအရေ ကြည်လင်ဝင်းပစေမယ့် ပန်းသီး ရှာလကာရည် အစွမ်း

Want create site? Find Free WordPress Themes and plugins.

မိန်းကလေးတိုင်း ရှိရင်းစွဲ အလှထက် ပိုလှချင်ကြသူတွေချည်းပါပဲ။ မျက်နှာအလှကို ပိုလှလာအောင် ပြင်ကြသလို ခန္ဓာကိုယ် အချိုးအစားဆိုလည်း ကြည့်ကောင်းနေအောင် ထိန်းသိမ်းကြပါတယ်။ အကောင်းစား အလှပြင် ပစ္စည်းတွေ အတွက် ငွေကုန်ခံ တတ်သလို အသားအရေ လှဖို့ဆိုရင် ဘယ်နည်းလမ်းမဆို စမ်းသပ်ချင်စိတ်လည်း ရှိကြပါတယ်။

ဈေးကြီးမှ အသားရေအတွက် အကျိုးရှိတာ မဟုတ်ပါဘူး။ အကုန်အကျ နည်းနည်းနဲ့ အိမ်မှာပဲ အလွယ်တကူ ရတဲ့ သဘာဝ ကုထုံးတွေနဲ့လည်း အသားရေ လှပအောင် ဖန်တီးယူလို့ ရပါတယ်။ ဒါကြောင့် ပန်းသီး ရှာလကာရည် (Apple Cider Vinegar) အသုံးပြုပြီး အသားရေ လှပအောင် ပြုပြင်ထိန်းသိမ်းနိုင်မယ့် နည်းလမ်းကောင်းတွေကို ဝေမျှပေးချင်ပါတယ်။

အသက်ကြီးလာတဲ့အခါ ဖြစ်တတ်တဲ့ အမည်းစက်၊ အမာရွတ်တွေနဲ့ မျက်နှာပေါ်က အပြစ်အနာဆာတွေက တကယ်ပဲ စိတ်ညစ်စရာ ကောင်းပါတယ်။ ဒါတွေကို မှေးမှိန် ဖျော့သွားအောင် ပန်းသီး ရှာလကာရည်နဲ့ ကုစားနိုင်ပါတယ်။ ဝါဂွမ်းစလေးမှာ ပန်းသီး ရှာလကာရည် အနည်းငယ် စွတ်ပြီး မျက်နှာပေါ်က အမည်းစက်၊ အမာရွတ်ရှိတဲ့ နေရာတွေကို လိမ်းပေးပါ။ သိသိသာသာ ပျောက်ကင်းသွားပါလိမ့်မယ်။

အရေးကြောင်းတွေကလည်း အမည်းစက်တွေလိုပါပဲ၊ ဇရာရဲ့ လက္ခဏာတွေမို့ စိတ်ညစ်စရာပါ။ ဒီလို မဖြစ်အောင် အသက် ၃၀ မတိုင်ခင်တည်းက အရေးကြောင်းကို ကာကွယ်တဲ့ ခရင်မ်တွေ ကြိုတင်လိမ်းကြရပါတယ်။ Anti-Aging ခရင်မ်တွေ ပိုထိရောက်အောင် နေ့စဉ် ပန်းသီး ရှာလကာရည်ပါ မျက်နှာကို လိမ်းပေးပါ။

မျက်နှာ အသားရေ လှနေရုံနဲ့ မပြီးသေးပါဘူး။ pH Level မညီရင် အဆီပြန်ပြီး ကြည့်ရဆိုးပါတယ်။ တချို့ကျတော့ လည်း အဆီနဲ့ ခြောက်သွေ့တာ ရောနေတဲ့ ပေါင်းစပ် အသားရေတွေပါ။ ဒီလို မဖြစ်ရအောင် ပန်းသီး ရှာလကာရည် သုံးပြီး ကုစားနိုင်ပါတယ်။

ဝက်ခြံကလည်း ပျိုမေတို့အတွက် ခေါင်းကိုက်စရာ ပြဿနာပါ။ သွားစရာ လာစရာ ရှိတဲ့အချိန် မျက်နှာပေါ် ဝက်ခြံ ပေါက်နေရင် အခက်တွေ့ပြီပေါ့။ တခြား ဝက်ခြံပျောက်ဆေးတွေထက် ပန်းသီး ရှာလကာရည်က အချိန်တိုအတွင်း အလျင်အမြန် သက်သာစေပါတယ်။ တကယ်တော့ ဝက်ခြံဖြစ်တာဟာ အဆီတွေနဲ့ ဖုန့်မှုန့် အညစ်အကြေးတွေ ကြောင့်ပါ။ PH level ကို ပြန်ညှိပေးနိုင်တဲ့ ပန်းသီ ရှာလကာရည်ကြောင့် ဝက်ခြံကြောင့် ရောင်ရမ်းတာ၊ အမာရွတ် ကျန်ခဲ့မှာကိုပါ စိုးရိမ်နေစရာ မလိုပါဘူး။

ဆက်စပ် သတင်းလင့်ခ်များ – အမျိုးသမီးများအတွက် သဘာဝအတိုင်း လှပစေမယ့် မိတ်ကပ်ပြင်နည်း

အမျိုးသမီးများ မျက်နှာ အသားအရေ ကျန်းမာအောင် ပြုလုပ်သင့်တဲ့ အချက် ၅ ချက်

Ref: Better Me

Did you find apk for android? You can find new Free Android Games and apps.
Loading