ကျောက်ကပ်သည် ခန္ဓာကိုယ်အတွင်း အညစ်အကြေးနှင့် အဆိပ်အတောက်များကို သန့်စင်ဖယ်ရှားပေး သော အစိတ် အပိုင်းဖြစ်ပြီး၊ အဆိပ်အတောက်များသည် ကူးစက်ရောဂါများဖြစ်ပွားစေပြီး ခန္ဓာကိုယ် ကို ထိခိုက်စေသောကြောင့် ကျောက်ကပ်သည် အရေးပါသည်။
ကျောက်ကပ် မကောင်းပါက အညစ်အကြေးနှင့် အဆိပ်အတောက်များသည် ခန္ဓာကိုယ်အတွင်း စုမိပြီး ကျောက် တည်လာနိုင်သည်။
ထို့ကြောင့် နေ့စဉ် သင်စားသောက်သော အစားအစာများတွင် အချို့သော အဆိပ်ပြေစေသည့် အစား အစာများ ထည့်သွင်းစားသောက်ရန်လိုအပ်ရာ ကျောက်ကပ်အတွက် အကောင်းဆုံး အဆိပ်အတောက် ပြေ ဖျော်ရည်များကို အောက်တွင် ဖေါ်ပြပေးလိုက်သည်။
၁။ သကြားမုန်လာဖျော်ရည်(Beetroot Juice)
Beetroot လို့ခေါ်သည့် သကြားမုန်လာတွင် ဓါတ်တိုးခြင်းကို ဆန့်ကျင်တိုက်ဖျက်ပြီး ဆီးအတွင်း အက်စစ်ဓါတ်ကို တိုးမြှင့်ပေးသော ဇီဝဓါတ် ပေါင်းဖြစ်သည့် ဘီတိန်းပါဝင်သည်။ သကြားမုန်လာနီကို ဖျော်ရည်ပုံစံဖြင့်သောက်လျှင် ကျောက်ကပ်အတွင်း ကယ်လ်စီ ယမ် ဖေါ့စဖိတ်နှင့် မဂ္ဂနီစီယမ်၊ အမိုနီး ယမ်းဖေါ့စဖိတ် ဖြစ်တည်မှုကို ရှင်းလင်းပေးသည်။
ကျောက်ကပ်လုပ်ငန်းဆောင်တာများကို ပိုမိုကောင်းမွန်စေပြီး ကျောက်တည်ခြင်းကို တားဆီးပေး သည်။
၂ ။ ခရန်ဘယ်ရီသီးဖျော်ရည်(Cranberry Juice)
ခရန်းဘယ်ရီသည် ဆီးလမ်းကြောင်းပိုးဝင်သော ရောဂါများအတွက်ကောင်းသည်။ ခရန်းဘယ်ရီ ဖျော် ရည်သည် ကျောက်ကပ်တွင် ကျောက်တည်စေသော ကယ်လ်စီယမ် အောက်ဆလိပ်ကိုသန့်စင်ပေး သည်။ အဆိပ်ပြေစေရန် အိမ်လုပ် ခရန်ဘယ်ရီသီး ဖျော်ရည်ကို သောက်သုံးနိုင်သည်။
၃။ သံပုရာရည် (Lemon Juice)
သံပုရာရည်သည် သဘာ၀ အက်စစ်ဓါတ်ပါသော ဖျော်ရည်ဖြစ်ပြီး ဆီးအတွင်း ဆီထရိတ်ပါဝင်မှု တိုး စေသည်။ ထို့ကြောင့် ကျောက်တည်ခြင်းကို လျှော့ကျစေသည်။ အဆိပ်အတောက် အလျင်အမြန် ပြေစေရန်အတွက် လပ်လပ်ဆပ်ဆပ် ညှစ်ထားသော သံပုရာရည်တခွက်ကို နေ့စဉ် သောက်သုံးနိုင် သည်။
၄ ။ ပန်းသီးဖျော်ရည်( Apple Juice)
ဘက်စုံကျန်းမာရေးအတွက် ကောင်းပြီး ခန္ဓာကိုယ်အတွင်း အထူးသဖြင့် ကျောက်ကပ်မှ အဆိပ် အတောက်များကိုပြေစေသည်။ ပန်းသီးဖျော်ရည်မှ ဆစ်ထရစ်အက်စစ်၊ အက်ဆီတစ်အက်စစ်နှင့် ဖေါ့စဖေါရပ်စ် အက်စစ် ကျောက်များကိုကျေစေသကဲ့သို့ ကျောက်တည်ခြင်းကိုလည်း တားဆီးနိုင် သည်။
၅ ။ ဘယ်ရီသီး ဖျော်ရည်
ဘလူးဘယ်ရီ၊ ရပ်စ်ဘယ်ရီ၊ ဘလက်ဘယ်ရီနှင့် ခရန်ဘယ်ရီသီးများသည် ဗီတာမင်၊ သတ္တုဓါတ်၊ ဓါတ်တိုး ဆန့်ကျင်ပစ္စည်းများနှင့် ကင်ဆာတားဆီးပေးသော ဖလာဗွန်နိုက်ဓါတ်များ ကြွယ်ဝသည်။ ထို ဓါတ်တိုးဆန့်ကျင် ပစ္စည်းများသည် ခန္ဓာကိုယ်အတွင်းမှ လွတ်လပ် ရယ်ဒီကယ်များဖယ်ရှားပေးပြီး ကျောက်ကပ်ရောဂါများကို တားဆီးပေးသည်။
၆ ။ ဒုဓလီ ရေနွေးကြမ်း(Dandelion Tea)
Dandelion ခေါ် ဒုဓလီရွက်တွင် ဖလာဗွန်နိုက်ဟုခေါ်သော ဓါတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်ပြီး ကျောက်ကပ်နှင့် သွေးကို သန့်စင်စေနိုင်ကာ ဆီးသွားလာမှုကို ကောင်းမွန်စေသည်။ ဒုဓလီ ရေနွေး ကြမ်းနေ့စဉ်သောက်ခြင်းသည် ကျောက်ကပ်မှ အဆိပ်အတောက်ပြေစေပြီး မည်သည့်ကျောက်ကပ် ရောဂါကိုမဆိုတားဆီးပေးသည်။
၇။ မုန်လာဥနီဖျော်ရည်(Carrot Juice)
မုန်လာဥနီတွင် ကယ်ရိုတင်းများပါဝင်ပြီး ကင်ဆာရောဂါကိုတိုက်ဖျက်ကာ ကျောက်ကပ်အတွင်းမှ အဆိပ် အတောက် နှင့်သတ္တုဓါတ်များကို ဖယ်ရှားပေးသည်။ မုန်လာဥနီတွင် ပါဝင်သော အမျှင်များ သည် အဆိပ်အတောက်များကို ချည်နှောင် ပြီး ခန္ဓာကိုယ်အတွင်းမှ ဖယ်ရှားပေးခြင်းဖြစ်သည်။
၈ ။ ဟင်းသီးဟင်းရွက်ဖျော်ရည်
ဟင်းသီးဟင်းရွက်များမှ ထုတ်ယူထားသော ဖျော်ရည်များတွင် ဓါတ်တိုးဆန့်ကျင်ပစ္စည်း၊ ဗီတာမင်နှင့် သတ္တုဓါတ်များ ပါဝင်သည်။ တရုတ်နံနံကြီး၊ ဟင်းနုနယ်၊ သခွားသီးနှင့် ဆလပ်ရွက် စသည့် ဟင်းသီး ဟင်းရွက်များကို ဖျော်ရည်ပုံစံဖြင့် သောက်သုံးလျှင် ကျောက်ကပ်အတွက်ကောင်းသည်။
၉ ။ အုန်းရည်
အုန်းရည်သည် ကျောက်ကပ်အတွက်ကောင်းသော သဘာဝအားဖြည့်ရည်ဖြစ်သည်။ သကြားနှင့် အက်စစ်ပါဝင်မှု နည်းပြီး ကယ်လိုရီလုံးဝမပါဘဲ ကျောက်ကပ်လုပ်ငန်းဆောင်တာများကို ပိုမိုကောင်း မွန်စေသော အီလက်ထရိုလိုက်များ ကြွယ်ဝသည်။ ရေဓါတ်တိုးစေရန် အုန်းရည်သောက်နိုင်သည်။
၁၀ ။ နာနတ်သီး နို့ဖျော်ရည်
နာနတ်သီးတွင် အာဟာရဓါတ်များနှင့် ဓါတ်တိုးဆန့်ကျင် ပစ္စည်းများကြွယ်ဝသည်။ အပင်မှရသော အာဟာရဓါတ်ဟု ခေါ်သည့် ဘရိုမယ်လိန်း အင်ဇိုင်းလည်းပါဝင်ပြီး ၎င်းသည် ကျောက်ကပ်လုပ်ငန်း ဆောင်တာများကို ကောင်းမွန်စေကာ ကိုယ်ခံစွမ်းအားကို အထောက်အကူပြုပြီး အရေပြားနာကျင် ခြင်းကို သက်သာစေကာ စနစ်ကျစေသည်။
Boldsky ကျန်းမာရေးနှင့် အလှအပရေးရာ မဂ္ဂဇင်းမှ 10 Best Detox Drinks For The Kidneys ကို ဘာသာပြန်ဆိုသည်။