နေ့စဉ် စားသုံးနေတဲ့ အစားအသောက်တွေထဲမှာ ပုံစံမျိုးစုံနဲ့ ပါဝင်နေတဲ့ သကြားစားသုံးမှု ပမာဏကို တနေ့လျှင် သကြား လက်ဖက်ရည်ဇွန်း ၆ ဇွန်းထက် ပိုမို မစားသုံးသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO (World Health Organization) က ထုတ်ပြန်ထားပါတယ်။
သကြား လွန်လွန်ကဲကဲ စားသုံးခြင်း (သကြား အစားများခြင်းကြောင့်) ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးတွေကို ဗဟုသုတအနေနဲ့ သိရှိနိုင်အောင် ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ရေးသားဖော်ပြ လိုက်ပါတယ်။
(၁) ဆီးချို ဝေဒနာရှင်များအနေနဲ့ သကြားစားသုံးမှု ပမာဏ များပါက အာရုံကြောများ ထိခိုက်ပျက်စီးနိုင်ပြီး ဦးနှောက် ရောင်ရမ်းမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
(၂) ပြုပြင်စီမံထားတဲ့ သကြားပမာဏ ပါဝင်မှု များပြားတဲ့ မုန့်အချိုတွေနဲ့ တာရှည်ခံ အစားအစာတွေကို လွန်လွန်ကဲကဲ စားသုံးမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီး စိတ်အားငယ်ခြင်များ ခံစားရစေနိုင်ကာ စိတ်ကျရောဂါ ဖြစ်နိုင်ခြေများကြောင်း အာဟာရဆိုင်ရာ သုတေသနပညာရှင်တွေက ဆိုပါတယ်။
(၃) သကြား အစားများခြင်းဟာ သွားတွေကို ပျက်စီးစေနိုင်တဲ့အပြင် ကိုယ်အလေးချိန်ကိုလည်း မြင့်တက်စေနိုင်ပါတယ်။ အချိုဓာတ်ကဲတဲ့ အစားအစားတွေဟာ ဆာလောင်မှု ပမာဏကို ပိုမိုမြင့်တက်စေနိုင်တဲ့အတွက် ကိုယ်အလေးချိန် လျှော့ချနေသူတွေ အနေနဲ့ သကြားကို အထူးရှောင်ကြဉ်သင့်ပါတယ်။
(၄) အချိုဓာတ်ကဲတဲ့ အစားအစာတွေဟာ လူကို စွဲလန်းစေတတ်ပါတယ်။ ဆေးလိပ်သောက်သုံးသူတွေ နီကိုတင်းဓာတ်ကို စွဲလန်းတာထက် သကြား စွဲလန်းခြင်းက ၈ ဆ ပိုကြောင်း ဆေးပညာဆိုင်ရာ သုတေသနပညာရှင်တွေက အတိအလင်း ပြောကြားထားတာကြောင့် အချိုဓာတ်ကဲတဲ့ အစားအစာတွေကို တတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။
(၅) သကြားစားသုံးမှု များခြင်းဟာ ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားတွေကို လျော့ကျစေနိုင်ကာ ဖျားနာမှုကို ဖြစ်စေတဲ့ ဓာတ်တိုး ဆန့်ကျင်ဓာတ်တွေကို အားပေးနိုင်ပြီး အရွယ် မတိုင်ခင် အိုမင်းရင့်ရော်မှုကို မြင့်တက်စေနိုင်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – မနက်စာ မစားခြင်းကြောင့် ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုး ၅ ခု
Ref ; naturallivingideas.com