နေ့စဉ်လူ နေမှုဘဝရဲ့ စိတ်ဖိစီးမှုတွေကို အိမ်မွေးတိရစ္ဆာန်များ မွေးမြူခြင်းဖြင့် လျှော့ချနိုင်တယ်လို့ စိတ်ပညာရှင်တွေရဲ့ သုတေသန မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
ခွေး ၊ ကြောင်၊ ငါး၊ ငှက် အစရှိတဲ့ အိမ်မွေး တိရစ္ဆာန်တွေကို သန့်ရှင်းရေး လုပ်ပေး၊ အစာကျွေး၊ ဆော့ကစားပေးခြင်း စတာတွေ ပြုလုပ်ပေးခြင်းအားဖြင့် စိတ်ပျော်ရွှင်စေနိုင်ပြီး စိတ်ဖိစီးမှုများကို လျှော့ချပေးနိုင်ပါတယ်။
အိမ်မွေး တိရစ္ဆာန်လေးများနဲ့ အိမ်မှာအတူရှိနေတဲ့အချိန်မှာ စိတ်ဖိစီးမှု၊ စိုးရိမ်စိတ်နဲ့ အတွေးလွန်ခြင်းတွေကို လျော့ကျ စေတာကြောင့် နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေပြီး သွေးဖိအားကိုလည်း ထိန်းညှိပေးနိုင်တာကြောင့် နှလုံးနဲ့ ဆက်စပ်တဲ့ ရောဂါ ဖြစ်ပွားမှုနှုန်းကို လျော့ကျစေနိုင်ပါတယ်။
ခွေး (သို့မဟုတ်) ကြောင် အစရှိတဲ့ အိမ်မွေး တိရစ္ဆာန်တွေနဲ့ ပြေးလွှား ဆော့ကစားခြင်းအားဖြင့် ပုံမှန် လေ့ကျင့်ခန်း လုပ်ဖြစ်စေတဲ့ အပြင် ဦးနှောက် ကျန်မာရေးကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။
စိတ်ဖိစီးမှုများပြီး စိတ်ရှုပ်ထွေးနေတဲ့ အချိန်မျိုးတွေနဲ့ ရင်ဖွင့်ပြောပြစရာ လူမရှိတဲ့ အခါမျိုးတွေမှာ အိမ်မွေး တိရစ္ဆာန်တွေကို ရင်ဖွင့်ပြောပြပေးခြင်းအားဖြင့် စိတ်ပေါ့ပါး သွက်လက်စေပြီး စိတ်ဖိစီးမှုရဲ့ ၆၈ ရာခိုင်နှုန်းလောက်ကို လျော့ပါးစေနိုင်တယ် လို့ ၂၀၀၇ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ စိတ်ပညာရှင်တွေရဲ့ သုတေသနမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
မိမိကိုယ်ကို အထီးကျန်တယ်လို့ ခံစားရသူတွေအနေနဲ့လည်း အိမ်မွေးတိရစ္ဆာန်လေးများ မွေးမြူခြင်းအားဖြင့် မကြာခဏ အထီးကျန်တယ်ဆိုတဲ့ ခံစားချက်မျိုးတွေ မရှိစေနိုင်တော့ပါဘူး။
ဆက်စပ်ဖတ်ရှုရန် –အိမ်မွေး တိရစ္ဆာန်ကြောင်လေးတွေကို ဂရုစိုက်ရမယ့် နည်းလမ်း ၅ ခု
Ref ; psychologytoday.com