Health

မျက်နှာပေါ်က ချွေးပေါက်တွေ ပိတ်စေနိုင်တဲ့ အမှားများ

Want create site? Find Free WordPress Themes and plugins.

ချွေးပေါက်တွေကို အရေပြားမှာ တွေ့ရတတ်ပြီး မျက်နှာကို သေချာဆေးကြော သန့်စင်တာ မလုပ်နိုင်ရင် ချွေးပေါက်မှာ အညစ်အကြေးတွေ စုလာတတ်တာကြောင့် ဆားဝက်ခြံ၊ ဝက်ခြံနဲ့ အခြားသော အရေပြား ပြဿနာတွေ ဖြစ်လာနိုင် ပါတယ်။

ဒါ့အပြင် ချွေးပေါက်တွေ ကျယ်လာရတဲ့ အကြောင်းက မိတ်ကပ်၊ လေထု ညစ်ညမ်းမှုနဲ့ ဟိုမုန်းဓာတ် ပြောင်းလဲမှု မှာလည်း မူတည်နေပါတယ်။ ဒါဆိုရင် ချွေးပေါက်တွေ ပိတ်ဆို့စေတဲ့ အမှားတွေကို လေ့လာကြည့်ရအောင်။

(၁) မျက်နှာ ခဏခဏ ထိခြင်း

သင်ဟာ မျက်နှာကို လက်နဲ့ မကြာခဏ ပွတ်သပ်မိတယ်ဆိုရင် ဝက်ခြံ ပေါက်နိုင်ပါတယ်။ လက်က အညစ်အကြေး၊ ဘက်တီးရီးယားနဲ့ အဆီတွေက သင့်မျက်နှာက ချွေးပေါက်တွေထဲ ဝင်နိုင်ပြီး အရေပြား ပြဿနာတွေ ဖြစ်စေနိုင် ပါတယ်။

(၂) နေပူဒဏ် ခံခြင်း

နေပူဒဏ် ခံခြင်းဟာ ချွေးပေါက် ပိတ်စေသလို အရေးကြောင်းတွေလည်း ဖြစ်လာစေပါတယ်။ အချို့သော နေလောင်ဒဏ် ကာကွယ် ခရင်မ်တွေမှာ ချွေးပေါက်တွေကို ပိတ်ဆို့စေတဲ့ ပစ္စည်းပါဝင်ပါတယ်။ ဒါကြောင့် ပေ့ါပါးပြီး အဆီပြန် သက်သာစေတဲ့ နေလောင်ဒဏ် ကာကွယ် ခရင်မ်မျိုး ရှာပြီး နေပူရှောင်ကြည့်ပါ။

(၃) ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်တဲ့အခါ ကျန်ခဲ့တဲ့ အမှုန့်၊ အညစ်အကြေးတွေက အရေပြားကို ဒုက္ခပေးနိုင်ပါတယ်။  ဆေးလိပ် သောက်ခြင်းကြောင့် ချွေးပေါက်တွေ ပိတ်စေသလို အသားအရောင် မညီမှု၊ မျက်နှာ ညိုညစ်လာခြင်း စတဲ့ အရာတွေ ဖြစ်စေပါတယ်။

(၄) မသန့်ရှင်းတဲ့ အခင်းပေါ်မှာ အိပ်ခြင်း

အိပ်ရာခင်းနဲ့ ခေါင်းအုံးက အညစ်အကြေးတွေက သင့်မျက်နှာကို အဆီပြန်ခြင်း၊ ချွေးပေါက်ပိတ်ခြင်းနဲ့ ဝက်ခြံတွေ ဖြစ်စေပါတယ်။ ဒါကြောင့် ဒီလို အရေပြား ပြဿနာတွေ မဖြစ်စေဖို့ အတွက် အိပ်ရာခင်း ပုံမှန်လဲပေး သင့်ပါတယ်။

(၅) ဖုန်းပြောခြင်း

ဖုန်းဟာ နေရာ အတော်များများမှာ ထားခြင်း ခံရတဲ့အတွက် သူ့မှာလည်း အညစ်အကြေးတွေ ကပ်တွယ် နေတတ် ပါတယ်။ သင်က ဖုန်းကိုသန့်ရှင်းရေးမလုပ်ဘဲ မျက်နှာနဲ့ကပ်စကားပြောမိတယ်ဆိုရင် ဖုန်းကနေတဆင့် သင့်မျက်နှာမှာ အရေပြား ပြဿနာတွေ ဖြစ်လာစေပါတယ်။

(၆) Exfoliation မလုပ်ခြင်း

Exfoliate လုပ်ခြင်းကို တပတ်တခါ ပြုလုပ်သင့်ပါတယ်။ ဒါဆိုရင် မျက်နှာက အဆီ၊ ဆဲလ်အသေနဲ့ အညစ်အကြေး ဖယ်ရှားပေးနိုင်သလို Skincare တွေက သင့်အရေပြားဆီ ကောင်းကောင်း စိမ့်ဝင်စေပါလိမ့်မယ်။ ဆဲလ်အသေ ဖယ်ရှားခြင်းကို အသားခြောက်တဲ့သူက တပတ်တခါ လုပ်သင့်သလို အဆီပြန်သူတွေက ၂ ပတ်တခါ ပြုလုပ်သင့် ပါတယ်။

(၇) မိတ်ကပ် မဖျက်ဘဲ အိပ်ခြင်း

နေ့ခင်းမှာ မိတ်ကပ် လိမ်းတဲ့အခါ အဆီ၊ ဖုန်မှုန့်နဲ့ ဘက်တီးရီးယားတွေ ကပ်နေတဲ့အတွက် ညဘက်အိပ်ခါနီး မိတ်ကပ် ဖျက်ပြီးမှ အိပ်သင့်ပါတယ်။ မိတ်ကပ် မဖျက်မိတဲ့အခါ မျက်စိ ယားယံခြင်း၊ ဝက်ခြံ ပေါက်ခြင်း၊ မျက်တောင်မွှေး ပျက်စီးခြင်း စတဲ့ ဆိုးကျိုးတွေ အများကြီး ခံစားရနိုင်ပါတယ်။

(၈) လေ့ကျင့်ခန်း လုပ်ချိန် မိတ်ကပ် လိမ်းခြင်း

အားကစား လုပ်နေတဲ့ အချိန်မှာ ဘာမှ မလိမ်းသင့်ပါဘူး။ မိတ်ကပ် လိမ်းထားရင် ချွေးနဲ့ ဘက်တီးရီးယားက အရေပြားမှာ ပိတ်မိနေပြီး ဆားဝက်ခြံ၊ အရေပြားယားယံခြင်းနဲ့ ဝက်ခြံတွေထွက်လာစေနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်ပြီးတိုင်း အနည်းဆုံး မျက်နှာသစ်ပေး သင့်ပါတယ်။

(၉) အလှကုန်ပစ္စည်း မှားယွင်းစွာ သုံးမိခြင်း

သင့်အသားအရည်နဲ့ လိုက်ဖက်တဲ့ အလှကုန်ပစ္စည်းကိုသာ ရွေးချယ်ပါ။ သင်သဘောကျတာထက် သင့်အသားအရည် အမျိုးအစားနဲ့ လိုက်ဖက်တဲ့ အလှကုန်ပစ္စည်းကို သုံးပါ။ ဒါ့အပြင်ရေစိုခံမိတ်ကပ် ကြာရှည်စွာ သုံးခြင်းကိုရှောင်ပါ။ ရေစိုခံ မိတ်ကပ်တွေက ချွေးပေါက်ပိတ်ခြင်းနဲ့ ဝက်ခြံတွေ ဖြစ်စေနိုင်ပါတယ်။

(၁၀) ရေချိုးနည်းမှားယွင်းခြင်း

သင်အသုံးပြုနေတဲ့ ဆပ်ပြာနဲ့ Conditioner တွေက အရေပြား ပြဿနာတွေ ဖြစ်စေပါတယ်။ Conditioner သုံးထားတယ် ဆိုရင် ရေချိုးခန်း အပြင် မထွက်ခင် မျက်နှာကို ပြန်သစ်ပါ။ ရေပူထက် ရေနွေးနဲ့ ချိုးခြင်းက သင့်အရေပြားအတွက် ပိုကောင်းပါတယ်။

ချွေးပေါက်တွေ ပိတ်ဆို့လာတဲ့အခါ ဖြူဝင်းလှပပြီး အနာအဆာ ကင်းတဲ့မျက်နှာကို ဆုံးရှုံးရပါလိမ့်မယ်။ အထက်က နည်းလမ်းတွေကို သိရှိပြီးလိုက်နာမယ်ဆိုရင် ချွေးပေါက် ပိတ်ဆို့ခြင်းမှ ကင်းဝေးစေမှာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ် – မျက်နှာပေါ်က ဆားဝက်ခြံတွေ အလွယ်တကူ ရှင်းထုတ်နိုင်မယ့် နည်းလမ်း ၃ ခု

Ref ; top10homeremedies.com

Did you find apk for android? You can find new Free Android Games and apps.
Loading