ထမင်းချက်တဲ့အခါ အလွယ်တကူနဲ့ သွန်ပစ်လိုက်တဲ့ ဆန်ဆေးရေဟာ ဗီတာမင်နဲ့ သတ္တုဓာတ်များစွာ ကြွယ်ဝပါတယ်။ မျက်နှာ အသားအရေနဲ့ ဆံပင် ကျန်းမာရေးအတွက် အလှကုန်ပစ္စည်းမျိုးစုံကို အသုံးပြုကြတဲ့အခါ ဘေးထွက်ဆိုးကျိုးအနေနဲ့ အသားအရေထိခိုက်တာမျိုးတွေ ဖြစ်ပေါ်နိုင်ပါတယ်။
သဘာဝပစ္စည်းဖြစ်တဲ့ ဆန်ဆေးရေကတော့ မျက်နှာအသားအရေနဲ့ ဆံပင်ကျန်းမာရေးအတွက် အလွန်ပဲ အသုံးတည့် လှတာကြောင့် ဆန်ဆေးရေရဲ့ အသုံးဝင်ပုံတွေကို ဧရာဝတီ စာဖတ်ပရိသတ်တွေ အတွက် ရေးသား ဖော်ပြ လိုက်ပါတယ်။
(၁) မျက်နှာသစ်တဲ့အခါ ရေအစား ဆန်ဆေးရေ ကို အသုံးပြုပြီး မျက်နှာသစ်ပေးမယ်ဆိုရင် ဓာတ်မတည့်ခြင်းကြောင့် ဖြစ်တဲ့ အရေပြား စပ်ဖျဉ်းဖျဉ်း ဖြစ်ခြင်းကို သက်သာစေပြီး မျက်နှာ အဆီပြန်ခြင်းကိုလည်း သက်သာစေပါတယ်။ ပုံမှန် အသုံးပြုပေးမယ်ဆိုရင် ဝက်ခြံတွေကို သက်သာစေပြီး ဝက်ခြံကြောင့် ဖြစ်တဲ့ အမာရွတ်တွေကို မှေးမှိန်ပျောက်ကွယ် စေနိုင်ပါတယ်။
(၂) ထိခိုက်ရှနာ ဒဏ်ရာတွေ ဖြစ်တဲ့အခါ ဒဏ်ရာပေါ်ကို ဆန်ဆေးရေ အနည်းငယ်လောင်းချပေးမယ်ဆိုရင် ဒဏ်ရာကို သွေးတိတ် စေနိုင်ပါတယ်။ ခြင်ကိုက်ခံရတာကြောင့် အရေပြား ယားယံတာမျိုး ဖြစ်တဲ့အခါမှာလည်း ခြင်ကိုက်ဖုပေါ်ကို ဆန်ဆေးရေ အနည်းငယ် သုတ်လိမ်းပေးမယ်ဆိုရင် ယားယံခြင်းကို သက်သာစေနိုင်ပါတယ်။
(၃) အခုလို နွေရာသီမှာ နေလောင်ဒဏ်ကြောင့် အသားအရေပျက်စီးပြီး နေလောင်ကွက်တွေ ဖြစ်ပေါ်တဲ့အခါ နေလောင်ထားတဲ့ အရေပြားနေရာကို ဆန်ဆေးရေနဲ့ သုတ်လိမ်းပေးမယ်ဆိုရင် နေလောင်ဒဏ်ကို သက်သာပျောက်ကင်း စေနိုင်ပါတယ်။
(၄) ဆန်ဆေးရေနဲ့ ခေါင်းလျှော်ပေးမယ်ဆိုရင် ဆံသားတွေကိုပျော့ပျောင်းစေပြီး ဆံပင်ကျွတ်ခြင်းကို သက်သာစေနိုင် ပါတယ်။
Ref : naturallivingideas.com