ရာသီဥတု အပူရှိန် ၊ ခရမ်းလွန်ရောင်ခြည်နဲ့ ပတ်ဝန်းကျင်ရှိ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကြောင့် သင့်မျက်နှာ အသားအရေဟာ ညစ်နွမ်း ခြောက်သွေ့နေနိုင်ပါတယ်။
မျက်နှာ အသားအရေ ပြန်လည် တင်းရင်းကြည်လင်စေဖို့ အတွက် အိမ်မှာ အလွယ်တကူရှိတဲ့ ရေခဲတုံးလေးတွေက ကူညီပေး ပါလိမ့်မယ်။ မျက်နှာ အသားအရေ ပြဿနာတွေအတွက် ရေခဲတုံးရဲ့ အံအားသင့်ဖွယ် အသုံးတည့်လှတဲ့ အကျိုးကျေးဇူးတွေကို ဧရာဝတီ စာဖတ်ပရိသတ်တွေ အတွက် ရေးသားဖော်ပြ လိုက်ပါတယ်။
(၁) မိတ်ကပ် မလိမ်းခင် မျက်နှာ အသားအရေအနှံ့ကို ရေခဲတုံး ကပ်ပေးမယ်ဆိုရင် မိတ်ကပ်သားကို စွဲစေပြီး မိတ်ကပ် လိမ်းပြီးချိန်မှာပါ မျက်နှာ အသားအရေကို ချောမွေ့ ကြည်လင်စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မျက်နှာ အဆီပြန်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။
(၂) နီရဲ ရောင်ရမ်းနေတဲ့ ဝက်ခြံ အဖုတွေပေါ်မှာ ရေခဲတုံး ကပ်ပေးမယ်ဆိုရင် ဝက်ခြံဖုလေးတွေ ချပ်သွားမှာဖြစ်ပြီး ဝက်ခြံဖုတွေပေါ်က ဘက်တီးရီးယားတွေနဲ့ အညစ်အကြေးတွေကို သန့်စင်စေမှာ ဖြစ်ပါတယ်။ ဝက်ခြံဖုတွေပေါ်ကို နေ့စဉ်ပုံမှန် ရေခဲတုံး ကပ်ပေးမယ်ဆိုရင် ဝက်ခြံအမာရွတ်တွေကိုပါ မှေးမှိန် ပျောက်ကွယ်စေနိုင်ပြီး ချွေးပေါက် ကျဉ်းစေနိုင်ပါတယ်။
(၃) နေလောင်ထားတဲ့ မျက်နှာ အသားအရေ နေရာကို ရေခဲတုံးကပ်ပေးခြင်းအားဖြင့် နေလောင်ကွက်တွေကို လျော့ပါး စေပြီး မျက်နှာ အသားအရေကို ကြည်လင် လန်းဆန်းစေပါတယ်။
(၄) မျက်နှာပေါ်က အရေးအကြောင်းတွေ နေရာကို ရေခဲတုံး ကပ်ပေးခြင်းအားဖြင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး အရေးအကြောင်းတွေကို လျော့ပါးစေကာ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း လက္ခဏာတွေမှလည်း ကာကွယ်ပေးနိုင် ပါတယ်။
(၅) အိပ်ရာဝင် နောက်ကျတာနဲ့ အိပ်ရေးမဝခြင်းတို့ကြောင့် ဖြစ်ပေါ်တတ်တဲ့ မျက်ကွင်းညိုခြင်းတို့ကို မျက်လုံး အောက်နားမှာ ရေခဲတုံး ကပ်ပေးရုံနဲ့ သက်သာပျောက်ကင်း စေနိုင်ပါတယ်။
Ref : steptohealth.com