Health

သင့်ဘဝကို ပြောင်းလဲပေးဖို့ မနက်တိုင်း ပြုလုပ်သင့်တဲ့ အလေ့အကျင့် ၁၀ ခု

Want create site? Find Free WordPress Themes and plugins.

မနက်ခင်းမှာ တက်တက်ကြွကြွ ရှိနေသူက အခြားသူထက် နေ့တနေ့တာကို ပေါ့ပါးစွာ  ဖြတ်သန်းနိုင်ပါတယ်။ မနက် စောစောမှာတင် စိတ် မပါတပါနဲ့ အလုပ်လုပ်သူတွေက စိတ်ဖိစီးမှု၊ ရန်လိုမှုတွေနဲ့ စိတ်မရွှင်မပျ ဖြစ်တတ်ပါတယ်။

ဒါကြောင့် မနက်ခင်းတိုင်း လုပ်သင့်တဲ့ အလေ့အကျင့်ကောင်း ၁၀ ခုကို မွေးမြူနိုင်ဖို့ ဧရာဝတီ စာဖတ် ပရိတ်သတ်တွေ အတွက် ရေးသားဖော်ပြ လိုက်ပါတယ်။

(၁) စောစော ထပါ

မနက်စောစော ထသူတွေက ဆိတ်ငြိမ်တဲ့ ပတ်ဝန်းကျင်ကို ခံစားနိုင်ပြီး တနေ့တာ လုပ်ဆောင်ရမယ့် အရာတွေကို ကြိုတင် စီစဉ်နိုင်စွမ်း ရှိပါတယ်။ အောင်မြင်ပြီး လုပ်ငန်းခွင်မှာ တက်ကြွနေစေဖို့ မနက်စောစော ထသင့်ပါတယ်။

(၂) ပြတင်းပေါက်တွေ ဖွင့်ထားပါ

ပြတင်းပေါက်ကနေတဆင့် ဝင်လာတဲ့ နေရောင်ခြည်ကို ထိတွေ့ခံစားပါ။ နေရောင်ခြည်မှာ ဗီတာမင်ဒီ ပါဝင်ပြီး သင့်ကို စိတ်ခံစားချက်ကောင်းတွေ ပေးမှာပါ။ အိပ်ရာက နိုးတာနဲ့ ပြတင်းပေါက် ဖွင့်လိုက်ပြီဆိုရင် သင်ဟာ ပျင်းရိ မနေတော့ဘဲ တနေ့တာအတွက် စတင်လှုပ်ရှားဖို့ အဆင်သင့် ဖြစ်နေပါပြီ။

(၃) တရားထိုင်ပါ

နိုးလာပြီဆိုရင် ၁၅ မိနစ်ဖြစ်ဖြစ် တရားထိုင်နိုင်အောင် ထိုင်ကြည့်ပါ။ တခါလောက် လုပ်ကြည့်တာနဲ့ ဘယ်လောက် အကျိုးထူးလဲဆိုတာ သိလာပါလိမ့်မယ်။ တရားထိုင်ခြင်းဟာ  စိတ်ပိုင်းဆိုင်ရာ ပြဿနာနဲ့ အခြားသော ကိစ္စရပ်တွေမှာ အကျိုးသက်ရောက်မှု ကောင်းကောင်း ရရှိနိုင်ပါတယ်။

(၄) သံပုရာရည် သောက်ပါ

မနက်မှာ ရေချည်းပဲ သောက်မယ့်အစား သံပုရာရည် ညှစ်ထည့်ပြီး သောက်ကြည့်ပါ။ သံပုရာမှာ ဗီတာမင်စီ ပါဝင်တဲ့ အတွက်  သင့်အသားအရေနဲ့ သွေးကြောတွေကို ကျန်းမာစေပါတယ်။ ဒါ့အပြင် ပုံမှန် သောက်သုံးသူတွေအတွက် ဝိတ်ကျစေပါတယ်။

(၅) ရေချိုးပါ

မနက်ခင်းမှာ ရေချိုးမယ်ဆိုရင် ခန္ဓာကိုယ်နဲ့ စိတ်ကို လန်းဆန်းစေသလို အလုပ်အတွက် အကြံဉာဏ်ကောင်းတွေ ရေချိုးရင်းနဲ့ စဉ်းစားနိုင်ပါတယ်။

(၆)  ခွန်အားတက်စရာ တခုခု လုပ်ပါ

ခန္ဓာကိုယ် ကျန်းမာရေးအတွက် လေ့ကျင့်ခန်း လုပ်သလို စိတ်ကျန်းမာရေးအတွက် စာဖတ်ပါ။ မနက်ခင်းမှာ အားတက်စေမယ့် စာတပိုဒ်လောက်ဖြစ်ဖြစ်၊ ဘုရားစာဖြစ်ဖြစ် ရွတ်ကြည့်တာမျိုးက အချိန်ကာလ တခုအတွင်းမှာ ဘယ်လောက်တောင် ပြောင်းလဲသွားသလဲ သတိပြုမိမှာပါ။

(၇) ဖုန်းနဲ့ ဝေးဝေးနေပါ

နိုးလာတာနဲ့ ဖုန်းကို ကိုင်တာမျိုး ရှောင်ကြဉ်ပါ။ နိုးတာနဲ့ ၂ နာရီကြာမှ ဖုန်းကို ကြည့်နိုင်အောင် ကြိုးစားပါ။ စာဖတ်ခြင်း၊ အပင်ရေလောင်းခြင်း၊ လက်ဖက်စိမ်း တခွက် သောက်ခြင်းဖြင့် သင့်စိတ်ကို အရင် တည်ငြိမ်အောင်ထားပါ။ လူမှုကွန်ယက်တွေနဲ့ ဝေးဝေးနေခြင်းက သင့်ကိုယ်ပိုင် အချိန်ရရှိပြီး ဘဝအတွက် ရည်မှန်းချက်တွေကို သေချာ တွေးတောမိစေပါတယ်။

(၈) ကျေးဇူးတင်ပါ

လူတွေဟာ ကောင်းတာတွေကို ခဏလေးနဲ့ မေ့လွယ်ပါတယ်။ သင့်အပေါ် ကောင်းတဲ့သူတွေကို ကျေးဇူးတင်ဖု့ိ့ မနက်ခင်းမှာ စာရင်းလုပ်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် သင်က အကောင်းမြင်စိတ်ရှိတဲ့သူ ဖြစ်လာပါလိမ့်မယ်။

(၉) အာဟာရ ပြည့်ဝတဲ့ နံနက်စာ စားပါ

တနေ့လုံး ဖြတ်သန်းဖို့ အတွက် နံနက်စာဟာ အာဟာရ ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ မနက်ပိုင်းမှာ အဝစားထားရင် အဆာပိုခံပြီး ဆီကြော်မုန့်တွေနဲ့ အသင့်စားအစာတွေ စားဖို့ အခွင့်အရေး နည်းသွားပါလိမ့်မယ်။

(၁၀)  လေ့ကျင့်ခန်း လုပ်ပါ

မနက်ခင်း လေ့ကျင့်ခန်း လုပ်ခြင်းအားဖြင့် သင့်တနေ့တာအတွက် ခွန်အားတွေ ရရှိပြီး ပေါ့ပါးနေမှာပါ။ ပုံမှန် လေ့ကျင့်ခန်း လုပ်ရင် အဆီပိုတွေ ကျစေတာကြောင့် မနက်ခင်း စောစောထပြီး လေ့ကျင့်ခန်းလုပ်ဖို့ိကို မပျင်းနဲ့နော်။

ကဲ ဒါတွေက မနက်တိုင်း လုပ်သင့်တဲ့ အချက်တွေ ဖြစ်တာကြောင့် တပတ်လောက် လိုက်နာ ကြည့်ရင် ပြောင်းလဲ လာတဲ့ သင့်ကိုယ်သင် တွေ့ရပါလိမ့်မယ်။

ဆက်စပ် သတင်းလင့်ခ် – သင့်ကျန်းမာရေးကို ပိုမိုကောင်းမွန်လာစေဖို့ မနက်ခင်းတိုင်း ပြုလုပ်သင့်တဲ့ အချက် ၇ ချက်

Ref ; top10homeremedies.com

Did you find apk for android? You can find new Free Android Games and apps.
Loading