Health

နွေရာသီ နေပူပူမှာ သတိထားသင့်တဲ့ အပူရှပ်ခြင်း

Want create site? Find Free WordPress Themes and plugins.

အခုလို ပူပြင်းတဲ့ နွေရာသီမှာ ပြင်းထန်တဲ့ နေပူဒဏ်ကြောင့် နေပူထဲကနေ အဲကွန်းအခန်းထဲကို ရုတ်ချည်း ဝင်ရောက်ခြင်း၊ ရေခဲရေ သောက်ခြင်း၊ နေပူထဲ ထီး၊ ဦးထုပ် မပါဘဲ အပြင်သွားခြင်း၊ အအေးခန်းထဲမှ နေပူထဲသို့ ရုတ်တရက် ထွက်ခြင်း တို့ကြောင့် ခန္ဓာကိုယ်မှာ အပူအအေး ဆန့်ကျင်ဘက်ဖြစ်စဉ် (အပူရှပ်ခြင်း) ဖြစ်ပေါ်လာတတ်ပါတယ်။

အပူရှပ်ခြင်းကို အဓိကအားဖြင့် ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုနဲ့ နေပူထဲမှာ အလုပ်လုပ်သူ အများစု ခံစားရ တတ်ပါတယ်။ အပူရှပ်ခြင်းရဲ့လက္ခဏာတွေကတော့ ခန္ဓာကိုယ် အပူချိန်များခြင်း၊ ခေါင်းကိုက်ပြီး မအီမသာ ဖြစ်ခြင်း ၊ ကိုယ်လက်ကိုက်ခဲ ခြင်း၊ မျက်လုံးများ ပူခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ နှလုံးခုန် မြန်လာခြင်း၊ချွေးစေးများ ပြန်ပြီး အာခေါင်ခြောက်ခြင်းနဲ့ အဖျားတက်တာမျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

အပူရှပ်တဲ့အခါ နဖူး၊လည်ပင်း၊ ချိုင်းနဲ့ ပေါင်ခြံနေရာတွေကို ရေပတ် သေချာစွာ တိုက်ပေးဖို့လိုပြီး ရေပတ်တိုက်ပြီးတာနဲ့ အဝတ်ခြောက်နဲ့ ပြန်သုတ်ပေးရပါမယ်။ ဓာတ်ဆားရည် အပါအဝင် အရည်များများ သောက်ဖို့ လိုအပ်ပြီး သေချာစွာ အနားယူဖို့ လိုအပ်ပါတယ်။

ဒါပေမယ့် အဖျားက ပြန်တက်လိုက်၊ ကျလိုက် ဖြစ်တာမျိုးနဲ့ အပူအရမ်းကြီးတာမျိုးဆိုရင် ဆေးရုံ၊ဆေးခန်းတွေကို သွားပြဖို့ လိုအပ်ပါတယ်။ အပူရှပ်ခြင်းကို သေချာစွာ ဂရုစိုက်ခြင်း မရှိဘူးဆိုရင် ဦးနှောက်နဲ့ ခန္ဓာကိုယ်ရဲ့ အရေးကြီး အစိတ်အပိုင်းတွေကို ထိခိုက်စေပြီး သေဆုံးစေနိုင်ပါတယ်။

အပူရှပ်ခြင်းဟာ ကာကွယ်လို့ရတဲ့ ရောဂါဝေဒနာ အမျိုးအစား ဖြစ်ပါတယ်။ အပြင်မှာ နေအရမ်း ပူတဲ့အချိန် အပြင် ထွက်မယ် ဆိုရင် ဦးထုပ် (သို့မဟုတ်) ထီး ဆောင်းပါ။ ပေါ့ပါးပြီး ပွသော၊ အရောင်ဖျော့သော အဝတ်အစားများကို ဝတ်ဆင်ပါ။

ရေသောက်မယ်ဆိုရင် ရေခဲရေ အစား ရိုးရိုးရေသာ သောက်သုံးပါ။ နေပူထဲမှ အအေးခန်းထဲသို့ ဝင်ခါနီးတွင် ရေကို ကြိုတင် သောက်သုံးပါ။ ပူပြင်းတဲ့ နေ့လည်မှာ ကော်ဖီနဲ့ အရက်သေစာ သောက်စားခြင်းတို့ဟာ ရေပို ငတ်စေတဲ့အပြင့် အပူရှပ်ခြင်းကို ဖြစ်ပေါ်စေနိုင်တာကြောင့် ဒါတွေကို သောက်သုံးခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။

Ref : medicinenet.com

Did you find apk for android? You can find new Free Android Games and apps.
Loading