မနက်အိပ်ရာ ထချိန်နဲ့ ဗိုက်အလွန်အမင်း ဆာနေတဲ့ အချိန်မျိုးတွေမှာ အများစုဟာ အစားအစာကို စဉ်းစား မနေအားဘဲ အလွယ်တကူ ရှိတာကို စားသောက်တတ်ကြပါတယ်။ လူ့ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အစာအိမ်မှာ အစာ မရှိတဲ့ အချိန် တချို့သော အစားအစာတွေကို စားမိတယ် ဆိုရင်တော့ မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ် လာနိုုင်တာ ကြောင့် ဝမ်းဗိုက်ထဲမှာ အစာမရှိချိန် မစားသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) မဂ္ဂနီဆီယမ်ဓာတ် ကြွယ်ဝလွန်းတဲ့ ငှက်ပျောသီးကို ဝမ်းဗိုက်ထဲ အစာ မရှိတဲ့အချိန် စားသုံးမိမယ်ဆိုရင် သွေးထဲမှာ မဂ္ဂနီဆီယမ်ဓာတ် မြင့်တက်လာပြီး ကယ်လိုရီ လွန်ကျွံမှုကို ဖြစ်စေပါတယ်။ နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ သွေးလည်ပတ်မှုနှုန်းကို မြန်စေတာကြောင့် Heart Attack ဖြစ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။
(၂) ဆိုဒါအပါအဝင် သကြားဓာတ် အလွန်အမင်း ပါဝင်တဲ့ အရည်တွေဟာ အဝလွန်ခြင်းအပြင် ဆီးချိုရောဂါကိုပါ ဖြစ်စေနိုင်တာကြောင့် ဗိုက်ထဲ အစာမရှိချိန် မျိုးတွေမှာ မသောက်သုံးသင့်ပါဘူး။ အစာအိမ်ရဲ့ အစာခြေစနစ်ကိုပါ နှေးကွေးစေပြီး အစာအိမ်နံရံတွေကိုပါ ထိခိုက်စေနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။
(၃) ချဉ်တဲ့ အသီးအနှံတွေမှာ ပါဝင်တဲ့ ဗီတာမင်စီဟာ သာမန်အချိန်တွေမှာ ခန္ဓာကိုယ်ကို အကျိုးပြုစေတာ မှန်ပေမယ့် အစာ မရှိချိန် စားသုံးမိမယ်ဆိုရင် အစာအိမ်ရောင်ရမ်းခြင်းတွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။
(၄) သာမန်အားဖြင့် မနက်အိပ်ရာက နိုးတာနဲ့ ဝမ်းဗိုက်ထဲမှာ အစာမရှိချိန် ကော်ဖီသောက်သုံးလေ့ ရှိသူတွေမှာ ရင်ပူခြင်းနဲ့ အူတွင်း မအီမသာဖြစ်ခြင်းတွေကို ခံစားရတတ်ပါတယ်။ နေ့လည်နဲ့ ညနေပိုင်းတွေမှာ သောက်သုံးခြင်းဟာ ကိစ္စ မရှိပေမယ့် အစာမရှိချိန် သောက်သုံးမယ် ဆိုရင်တော့ အစာအိမ်နဲ့ အူတွင်း ထိခိုက်မှုတွေကို ဖြစ်စေနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။
Ref : littlethings.com