Health

ရေအေးအစား ရေနွေးသောက်သင့်တဲ့ အချက် ၅ ချက်

Want create site? Find Free WordPress Themes and plugins.

တနေ့တာရဲ့ စားသောက် နေထိုင်မှုပုံစံမှာ အရေးပါလှတဲ့ ရေသောက်ခြင်းမှာ ရေရဲ့ အပူဓာတ်၊ အအေးဓာတ် အပေါ်မူတည်ပြီး ကျန်းမာရေး အကျိုးရလဒ်တွေကလည်း ပြောင်းလဲသွားပါတယ်။

သာမန်အားဖြင့် ပြောရမယ်ဆိုရင် ရေတိုင်းနီးပါးဟာ အတူတူပဲ ဆိုပေမယ့် ရေနွေးသောက်တာနဲ့ ရေအေးသောက်တာရဲ့ ကျန်းမာရေး ရလာဒ်ကတော့ မတူညီတာကြောင့် ရေနွေး ဘာကြောင့် သောက်သင့်သလဲဆိုတဲ့ အချက်တွေကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ရေးသား ဖော်ပြလိုက်ပါတယ်။

(၁) ဆေးပညာရှင်တွေရဲ့ သုတေသန လေ့လာချက်အရ မနက်အိပ်ရာ ထထချင်း ရေနွေးသောက်ခြင်းဟာ အစာခြေစနစ်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေကို ပြေပျောက်စေနိုင်ပါတယ်။ အစာ စားပြီးတဲ့အခါမျိုးတွေမှာ ရေအေး သောက်သုံးမယ်ဆိုရင် အစားအသောက်မှာပါတဲ့ အဆီတွေဟာ ခဲသွားပြီး အူနံရံကို ကပ်စေပြီး အဲဒီကတဆင့် အူလမ်းကြောင်း ကင်ဆာဖြစ်ပေါ်စေနိုင်တာကြောင့် အစာစားပြီးတိုင်း ရေနွေးကိုသာ သောက်သုံးသင့်ပါတယ်။

(၂) ရေနွေးသောက်သုံးခြင်းဟာ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတဲ့အပြင် ကိုယ်တွင်း ဇီဝဖြစ်ပျက်မှုကို မြန်စေတာကြောင့် ကိုယ်အလေးချိန် လျှော့ချနေသူများ သောက်သုံးသင့်ပါတယ်။

(၃) အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေအတွက် ရေနွေးသောက်သုံးခြင်းဟာ ထိရောက် အသုံးဝင်ပါတယ်။ နှာခေါင်းပိတ်ခြင်းကို သက်သာစေပြီး အသံဝင်ခြင်းနဲ့ လည်ချောင်းနာခြင်းတို့ကို သက်သာစေပါတယ်။

(၄) ရေနွေးသောက်သုံးတဲ့အခါ အာရုံကြောစနစ်အတွင်း စုပုံနေတဲ့ အညစ်အကြေးတွေကို သန့်စင်စေနိုင်တဲ့အပြင် ဦးနှောက်ကြွက်သားတွေကို ပြေလျော့စေပြီး အာရုံကြောစနစ်ကို နှိုးဆွပေးနိုင်တာကြောင့် အာရုံစူးစိုက်မှု အားကောင်း စေပါတယ်။

(၅) ရေနွေးသောက်သုံးခြင်းဟာ ခန္ဓာကိုယ်တွင်းက အဆီတွေကို ဖြိုခွဲပေးနိုင်တဲ့အပြင် ခန္ဓာကိုယ်တွင်းကို သန့်စင်ပေးနိုင်ပြီး ရောဂါပိုးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

Ref ; steptohealth.com

Did you find apk for android? You can find new Free Android Games and apps.
Loading