Health

သင်္ကြန်မှာ အသားအရေ မပျက်စီးအောင် ဘယ်လိုကာကွယ်ကြမလဲ

မကြာခင် ကျရောက်လာမယ့် သင်္ကြန်ပွဲတော်မှာ ရေကစားထွက် လည်ပတ်ကြမယ့် ပျိုမေတွေအတွက် သင်္ကြန်တွင်းမှာ အသားအရေ မပျက်စီးအောင် ထိန်းသိမ်းကာကွယ်ရမယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) တနေကုန် ရေစိုစိုမှာ ရေကစားရမှာ ဖြစ်တဲ့အတွက် မိတ်ကပ်အနေနဲ့ Waterproof (ရေစိုခံ) မိတ်ကပ် အမျိုးအစားကို ရွေးချယ်သင့်ပြီး မိတ်ကပ်ကို အရမ်းထူထူ လိမ်းခြင်းမျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။

(၂) မျက်နှာပေါ်မှာ အသုံးပြုမယ့် Eye Liner ၊ Mascara အစရှိတာတွေကိုလည်း ရေစိုခံမယ့် အမျိုးအစားတွေကို ရွေးချယ်သင့်ပြီး နှုတ်ခမ်းနီကိုတော့ ဆိုးလိုက်ရင် နှုတ်ခမ်းသားပေါ်မှာ ခြောက်ပြီး သိပ်သိပ်သည်းသည်း ဖြစ်သွားစေမယ့် အရောင်တောက်တောက် အမျိုးအစားမျိုးကို သုံးပေးသင့်ပါတယ်။

(၃) သင်္ကြန်မှာ ရေကစားတဲ့အခါ နေပူပူမှာ ရေစိုစိုနဲ့ နေရမှာဖြစ်တာကြောင့် မိတ်ကပ်မပြင်ခင် Sunscreen ကို အရင် လိမ်းပေး သင့်ပြီး အပြင်မသွားခင် ၁၅ မိနစ် ခန့်ကြိုပြီး လိမ်းပေးသင့်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ဟာ အသားအရေကို အိုမင်း ရင့်ရော်စေနိုင်တဲ့အပြင် အရေပြားပြသနာတွေကို ဆိုးဆိုးရွားရွား ဖြစ်စေနိုင်တာကြောင့် SPF 50 PA ++ ပါတာကို လိမ်းပေးနိုင်ပါတယ်။

(၄) နေလောင်နိုင်တဲ့ အသားအရေ နေရာကို ၃ နာရီခြားတခါ ထပ်မံ လိမ်းပေး သင့်ပါတယ်။ ရေကစားပြီး ပြန်လာတဲ့အခါ တွေမှာလည်း အသားအရေကို ဆပ်ပြာအပျော့စားနဲ့ ဆေးကြောသန့်စင်ပေးပြီး သခွားသီး ဒါမှမဟုတ် အာလူးစတဲ့ သဘာဝအသီးအနှံ Face Mask တမျိုးမျိုးကို မျက်နှာပေါ် ကပ်ပေးသင့်ပါတယ်။

(၅) နေလောင်ထားတဲ့ အသားအရ နေရာပေါ်ကိုတော့ ရေဓာတ်ပေးနိုင်တဲ့ ရှားစောင်းလက်ပတ် ဂျယ်လ် အသုံးပြုပေးနိုင်ပါတယ်။ အသားအရေမှာ ရေဓာတ် ပြည့်ဝနေစေဖို့ တနေ့တာလုံး ရေများများ သောက်ဖို့ကိုလည်း မမေ့လျော့သင့်ပါဘူး။

(၆) ညဘက်မှာတော့ မျက်နှာကို သေချာစွာ ပြန်လည် ဆေးကြောပြီး အသားအရေကို ပြန်လည် အားဖြည့်ပေးမယ့် Night Cream နဲ့ Whitening ပါတဲ့ Body Lotion မျိုးကို လိမ်းပြီး အိပ်သင့်ပါတယ်။

Ref ; uk.nuxe.com

Loading