Health

သွားတိုက်ဆေးကို အသုံးပြုပြီး အသားအရေ တောက်ပအောင် ဘယ်လိုလုပ်မလဲ

တကိုယ်ရေ သန့်ရှင်းရေးအတွက် နေ့စဉ် အသုံးပြုနေတဲ့ သွားတိုက်ဆေးဟာ သွားတွေ ဖြူဖွေး သန့်ရှင်းဖို့အပြင် အသားအရေကို တောက်ပကြည်လင်စေတဲ့ အစွမ်းလည်းရှိတာကြောင့် သွားတိုက်ဆေးရဲ့ အသားအရေ အတွက် အသုံးဝင်ပုံတွေကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ရေးသားဖော်ပြ လိုက်ပါတယ်။

(၁) သွားတိုက်ဆေးမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေဟာ အသားအရေကို ကျစ်လစ် သိပ်သည်းစေပြီး ရောင်ရမ်းမှုကို သက်သာစေတဲ့ အစွမ်းရှိတာကြောင့် နီရဲပြီး ရောင်ရမ်းနေတဲ့ ဝက်ခြံဖုတွေပေါ်မှာ အနည်းငယ်တို့ပြီး လိမ်းပေးနိုင်ပါတယ်။

(၂) ညအိပ်ခါနီးတိုင်း ဝက်ခြံပေါက်ပြီး ကျန်ခဲ့တဲ့ အမည်းစက် အမာရွတ်တွေပေါ်မှာ သွားတိုက်ဆေး အနည်းငယ် သုတ်လိမ်းပြီး အိပ်မယ်ဆိုရင် အမည်းစက်တွေ တဖြည်းဖြည်းနဲ့ မှေးမှိန်ပျောက်ကွယ်သွားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

(၃) နှာခေါင်းပေါ်မှာ ဖြစ်လေ့ရှိတဲ့ ဆားဝက်ခြံတွေပေါ်ကို သွားတိုက်ဆေး အနည်းငယ် သုတ်ပြီး သွားပွတ်တံ အနုစားနဲ့ သွားတိုက်သလို နှာခေါင်းပေါ်ကို ပွတ်တိုက်ပေးမယ်ဆိုရင် ဆားဝက်ခြံတွေ သိသိသာသာပျောက်ကင်းသွားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

(၄) သွားတိုက်ဆေး အနည်းငယ်ကို သံပုရာရည် လက်ဖက်ရည်ဇွန်း တဇွန်းနဲ့ ရောပြီး မျက်နှာ အသားအရေ အတွက် အသုံးပြုတဲ့ Face Mask အဖြစ် အသုံးပြုမယ်ဆိုရင် မျက်နှာအသားအရေ ကြည်လင် ဖြူဝင်းလာမှာ ဖြစ်ပါတယ်။

(၅) ညိုမဲနေတဲ့ နှုတ်ခမ်းသားပေါ်ကို သွားတိုက်ဆေး အနည်းငယ်နဲ့ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း တို့ ရောထားတဲ့ အရောကို သုတ်လိမ်းပေးမယ်ဆိုရင် သဘာဝအတိုင်း ပန်းရောင်သန်းတဲ့ နှုတ်ခမ်းသားကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

(၆) လက်သည်းခွံတွေ အရောင် တောက်ပလာစေဖို့ အတွက် သွားတိုက်ဆေးကို အသုံးပြုပြီး လက်သည်းခွံပေါ်ကို ပွတ်တိုက် ပေးမယ်ဆိုရင် ချေး (ဂျီး) ညှော်ကင်းစင်ပြီး သဘာဝအတိုင်း ကြည်လင်စေမယ့် လက်သည်းခွံကို ရရှိမှာ ဖြစ်ပါတယ်။

Ref ; glowpink.com

Loading