Health

ကျားပဋိသန္ဓေတားဆေး လာတော့မည်

Want create site? Find Free WordPress Themes and plugins.

အရင်တုန်းကတော့ ပဋိသန္ဓေတားဆေး ဆိုတာ အမျိုးသမီးတွေပဲ သောက်ရတဲ့ ဆေးပါ။ လိင်ဆက်ဆံမှု အကာအကွယ် ပစ္စည်း ကွန်ဒုံးမှာ အမျိုးသားတွေ အတွက်ရော အမျိုးသမီးတွေ အတွက်ပါ ထုတ်လုပ်တာ ရှိတယ်။ ဒီလိုပဲ ပဋိသန္ဓေ တားဆေးကိုလည်း အမျိုးသားတွေ အတွက် ထုတ်လုပ်ဖို့ ပညာရှင်တွေ ကြိုးပမ်းနေပါပြီ။ အခု လက်ရှိ အချိန်အထိ ကျားပဋိသန္ဓေတားဆေး ထုတ်နိုင်ဖို့ စမ်းသပ်နေတဲ့ အဆင့်တော့ ရောက်နေပါပြီ။

DMUA လို့ ဆိုတဲ့ dimethandrolone undecanoate ဟာ ၁၉၆၀ ပြည့်နှစ်တွေလောက် ကတည်းက အမျိုးသမီး ပဋိသန္ဓေ တားဆေးတွေထဲမှာ ထည့်သွင်းဖော်စပ်တဲ့ ဟော်မုန်းအရော အဖြစ် အသုံးပြုလာခဲ့တာ ကြာပါပြီ။ သူ့မှာ ဟော်မုန်းဓာတ် အရောတွေ ပါရှိတယ်။ Androgen, Testostrone နဲ့ Proggestin တို့လိုပေါ့။ ဒီလို ဟော်မုန်းတွေကို ရောစပ်လိုက်တဲ့ အတွက် ရလဒ်က Testostrone တွေကို အားနည်းစေတယ်၊ ပြီးတော့ လိင်ဆက်ဆံချိန် မအင်္ဂါအတွင်း ဝင်လာမယ့် သုတ်တွေကိုလည်း အားနည်းစေတယ်။ အကျိုးဆက်ကတော့ ကိုယ်ဝန်ရဖို့ ခက်သွားစေတော့တာပေါ့။

ဒီလို DMUA ဟော်မုန်း အရော ဆေးကို အခုအခါမှာ လေ့လာသူတွေက အမျိုးသားပေါင်း ၁၀၀ မှာ စမ်းသပ်ထားပြီး ဖြစ်တယ် လို့ ဆိုပါတယ်။ အဆိုပါ အမျိုးသားတွေကို အရောအဆ မတူတဲ့ ဆေးတွေ၊ ဆေးသောက်နှုန်းတွေ ခွဲခြား တိုက်ကျွေးပြီး စမ်းသပ်ထားတာ လို့ ဆိုပါတယ်။ ဒီလိုစမ်းသပ်ချက်တွေ အရ အမျိုးသားတွေ အတွက် ပဋိသန္ဓေ တားဆေးဟာ သူတို့ရဲ့ သုတ် အရေအတွက် (ပမာဏ) ကို သိသာတဲ့ သက်ရောက်မှု မရှိစေဘဲ သုတ်တွေရဲ့ အားကိုပဲ သက်ရောက်မှု ရှိစေသလို၊ အမျိုးသမီးတွေ သောက်သုံးတဲ့ DMUA ပါရှိတဲ့ ကိုယ်ဝန်တားဆေးတွေလိုပဲ အခုဆေးက အမျိုးသားတွေ သောက်ရင်လည်း သုတ်ကို အားနည်းစေပြီး ကိုယ်ဝန်ရဖို့ ခက်သွားစေတယ် လို့ ဆိုလာပါတယ်။

အဓိက အနေနဲ့တော့ ခန္ဓာကိုယ်တွင်းကနေ ကိုယ်ဝန်ရဖို့ အရေးပါတဲ့ Testostrone ဟော်မုန်း ထုတ်လွှတ်မှုကို အားနည်း သွားစေတယ်၊ ဒီလိုနဲ့ အခု ဆေးကို အမျိုးသားတွေ သောက်မယ် ဆိုရင်လည်း အမျိုးသမီးမှာ ကိုယ်ဝန်ရဖို့ ခက်ခဲသွားစေမှာ ပါလို့ လေ့လာချက် လုပ်ဆောင်နေတဲ့ အမေရိကန်နိုင်ငံ၊ ဝါရှင်တန် တက္ကသိုလ်က လေ့လာရေး ခေါင်းဆောင် ဒေါက်တာ စတီဖန်နီး ပေ့ဂ်ျ (Stephanie Page) က Endocrine Society ဆိုတဲ့ သိပ္ပံနဲ့ ဆေးပညာ နှီးနှောဖလှယ်ပွဲမှာ သူ့ရဲ့ တွေ့ရှိချက်ကို ပြောသွားတာ တွေ့ရပါတယ်။

ဒါပေမယ့် သူကပဲ ဆက်ပြီးတော့ လက်ရှိမှာ အမျိုးသားတွေ အတွက် ပဋိသန္ဓေတားဆေးကို စမ်းသပ်နေဆဲ ကာလ ဖြစ်ပြီး သူ့ရဲ့ စမ်းသပ်ချက် အတွင်းမှာ Testostrone ဟော်မုန်းကို လျော့ချပေးနိုင်မှု ရှိသလို တချို့ အမျိုးသားတွေမှာ ဟော်မုန်းကို ပိုပြီး အားကောင်း စေသလို ဖြစ်နေစေလို့ ဆေးက တည်မြဲ အဆင့် မရှိသေးဘဲ စမ်းသပ် အဆင့်ပဲ ရှိနေသေးတယ် လို့ ပြောပါတယ်။

DMUA က အမျိုးသား သန္ဓေတားဆေး ထုတ်လုပ်ဖို့ အတွက် အဓိက အရေးပါတဲ့ ဟော်မုန်းအရောပါ။ ဒီနေ့ခေတ် အမျိုးသားတွေ အနေနဲ့လည်း ဖြစ်နိုင်ရင် သူတို့ ကိုယ်တိုင်ပဲ သန္ဓေတားဆေး သောက်သုံးချင်နေသူတွေ ရှိပါတယ်။ ဒီတော့ မကြာခင်မှာ ဆေးကို အောင်မြင်အောင် ဖန်တီးနိုင်ဖို့ရှိနေပါတယ်လို့ Page က ဆက်ပြောပါတယ်။

အထူးသဖြင့်တော့ အချို့သော ပဋိသန္ဓေတားဆေးတွေကြောင့် ကိုယ်တွင်း ကိုလက်စထရော စုဖွဲ့မှုကို အားပေးရာ ရောက်ပြီး ဝ, လာတာတွေ ရှိတတ် လို့ အိမ်ထောင်သည် အမျိုးသမီး အချို့ဟာ ကိုယ်ဝန်တားဆေး သောက်ဖို့ စိုးရွံ့မှု ရှိနေကြတာ လည်း ဖြစ်ပါတယ်။

ဒါကြောင့် အမျိုးသမီးတွေထက် ကိုယ်လက် လှုပ်ရှားမှု များပြီး ဝ,ဖို့ နည်းနည်း ခက်တဲ့ အမျိုးသားတွေ သောက်နိုင်မယ့် ကျားပဋိသန္ဓေ တားဆေးသာ ထုတ်လုပ်နိုင်မယ်၊ စိတ်ချ လက်ချ သောက်နိုင်မယ် ဆိုရင် တဦးချင်းကနေ မိသားစု အတွင်း ကျန်းမာရေး အထောက်အကူ ရရှိစေနိုင်ပါတယ်။ အမျိုးသားတွေ အတွက် တားဆေးကတော့ စမ်းသပ်နေပါပြီ၊ မကြာခင် ဆေးဆိုင်တွေမှာ ရနိုင်လာမယ် လို့ မျှော်လင့်ရပါတယ်။           ။

Ref: www.maxim.com

Did you find apk for android? You can find new Free Android Games and apps.
Loading