ကမ္ဘာပေါ်က အသုံးအများဆုံးဆေးဝါးတွေထဲမှာ တခုအပါအဝင်ဖြစ်တဲ့ အက်စ်ပရင် ဆေးပြားကို ကိုက်ခဲ နာကျင်မှု တွေအတွက် အများဆုံးအသုံးပြုကြပြီး ဘေးထွက်ဆိုးကျိုးတွေရှိနိုင်လို့ ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သုံးသင့် တဲ့ ဆေးဝါးလည်းဖြစ်ပါတယ်။ အက်စ်ပရင်ဆေးပြားဟာ ကျန်းမာရေးအတွက်သာမက ခန္ဓာကိုယ်မှာ ဖြစ်တတ်တဲ့ အသား အရေ ပြသနာတွေအတွက်လည်း အသုံးဝင်ပါသေးတယ်။ အက်စ်ပရင်ရဲ့ အသုံးဝင်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) အင်းဆက်ပိုးမွှားတွေကိုက်ခံရလို့ ရောင်ရမ်းနာကျင်တဲ့အခါ အက်စ်ပရင်ဆေးပြားကို အမှုန့်ကြိတ်ပြီး ရေအနည်းငယ်နဲ့ ရောကာ လိမ်းပေးမယ်ဆိုရင်တော့ သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
(၂) မျက်နှာပေါ်က ဝက်ခြံတွေအတွက်တော့ အက်စ်ပရင်ဆေးပြားကို ကြိတ်ချေထားတဲ့ အမှုန့်နဲ့ ရေနွေးအနည်းငယ် ရောပြီး ဝက်ခြံဖုပေါ်ကို လိမ်းပေးပါ။ ၁၅ မိနစ်ခန့်ကြာရင်တော့ မျက်နှာကို ရေနဲ့ပြန်လည်ဆေးကြောပေးမယ်ဆိုရင်တော့ ဝက်ခြံဖုတွေ သိသိသာသာချပ်သွားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
(၃) ညိုမွဲပြီး ခြောက်သွေ့နေတဲ့ အသားအရေတွေအတွက် အက်စ်ပရင်ဆေးပြားကိုကြိတ်ပြီး ပျားရည်အနည်းငယ်နဲ့ ရောပြီးလိမ်းပေးမယ်ဆိုရင်တော့ အသားအရေဖြူဝင်း စိုပြည်လာစေမှာ ဖြစ်ပါတယ်။
(၄) အသားမာတက်နေတဲ့ အသားအရေ နေရာပေါ်ကို ကြိတ်ချေထားတဲ့ အက်စ်ပရင်ဆေးပြားမှုန့်နဲ့ သံပုရာရည် အနည်းငယ်ကို ရောပြီးလိမ်းပေးပါ။ ၁၀ မိနစ်ခန့်ကြာရင် ရေနဲ့ပြန်လည်ပွတ်တိုက်ဆေးကြောပေးပါ။ ဒီနည်းအတိုင်း ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် အသားမာတက်ခြင်းကို သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
(၅) နောက်ထပ်အသုံးဝင်တဲ့ နည်းလမ်းတခုကတော့ ဦးရေပြားယားယံပြီး ဗောက်ထတဲ့အခါမျိုးတွေမှာ သုံးနေကျ ခေါင်းလျှော်ရည်ထဲကို အက်စ်ပရင်ဆေးပြားကြိတ်ချေထားတဲ့ အမှုန့်အနည်းငယ်ကို ရောပြီးခေါင်းလျှော်ပေးခြင်းအားဖြင့် ဗောက်ထခြင်းကို သက်သာစေမှာ ဖြစ်ပါတယ်။
Ref. https://www.rd.com