Health

အိပ်ရေးပျက်ခြင်းကြောင့်ဖြစ်ပေါ်တဲ့ လေးလံထိုင်းမှိုင်းခြင်းကို သက်သာစေမယ့် နည်းလမ်းကောင်းများ

Want create site? Find Free WordPress Themes and plugins.

ကောင်းမွန်စွာ မအိပ်ပျော်ဘဲ နိုးထလာတဲ့ မနက်ခင်းတွေမှာ သင့်အနေနဲ့ အရာရာဟာ စိတ်အလိုမကျစရာတွေ ဖြစ်နေတတ်ပါတယ်။ လုံလောက်စွာ အိပ်စက်ချိန်မရှိခြင်းဟာ ကျန်းမာရေးပြသနာတွေကို ဖြစ်ပေါ်စေနိုင်ပြီး တနေ့တာ လုံးမှာလည်း လန်းဆန်းတက်ကြွမှုတွေ ကင်းမဲ့စေမှာပဲဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ညဘက်တွေမှာ အိပ်ရေး ပျက်ထားပြီး မနက်ခင်းတွေမှာ လေးလံထိုင်းမှိုင်းနေမယ်ဆိုရင်တော့ အခုဖော်ပြမယ့် နည်းလမ်းကောင်းတွေကို စမ်းသပ် ပြုလုပ်ကြည့်သင့်ပါတယ်။

(၁) ရေအေးအေးနဲ့ ရေချိုးပေးခြင်းဟာ အိပ်ရေးပျက်ခြင်းကြောင့် လေးလံထိုင်းမှိုင်းခြင်းကို သက်သာစေပြီး ခန္ဓာကိုယ်ရဲ့ သွေးလှည့်ပတ်မှုကို ကောင်းစေနိုင်ပါတယ်။

(၂) ညဘက်အိပ်ရေးပျက်ထားတဲ့ မနက်ခင်းမျိုးတွေအတွက် သင့်တနေ့တာကို ကြက်ဥပြုတ်စားခြင်းဖြင့်် စတင်လိုက်ပါ။ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ ကြက်ဥဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပြန်လည် ဖြည့်တင်းပေးနိုင် တာကြောင့် မနက်စာထဲမှာ ထည့်သွင်းစားသုံးသင့်ပါတယ်။

(၃) အိပ်ရေးပျက်ခြင်းကြောင့် လေးလံထိုင်းမှိုင်းနေတဲ့ အာရုံကြောစနစ်တွေ ပြန်လည်နိုးကြားလာဖို့အတွက် ကော်ဖီ တခွက် သောက်သုံးသင့်ပါတယ်။ ကဖင်းဓာတ်ဟာ အိပ်ငိုက်ခြင်းကိုသက်သာစေတဲ့အပြင် အာရုံစူးစိုက်နိုင်အားကိုလည်း မြင့်တက်စေပါတယ်။

(၄) အိပ်ရေးပျက်ခြင်းကြောင့် ခေါင်းကိုက်ခြင်းဝေဒနာအတွက်တော့ ဖရဲသီးစားသုံးခြင်းက သက်သာ ပျောက်ကင်းစေ မှာဖြစ်ပါတယ်။ အိပ်ရေးပျက်ခြင်းကြောင့် ဦးနှောက်ထဲကို အောက်စီဂျင်လုံလောက်စွာမရရှိပဲ ခေါင်းအုံခေါင်းကိုက်ဝေဒနာ ခံစားရတာဖြစ်တာကြောင့် ရေများများသောက်ပေးခြင်းနဲ့ ရေဓာတ်ပြည့်ဝတဲ့ ဖရဲသီး၊ သခွားသီးတို့လို အသီးအနှံမျိုးတွေကို စားသုံးပေးသင့်ပါတယ်။

Ref : https://steptohealth.com

Did you find apk for android? You can find new Free Android Games and apps.
Loading