ပူပြင်းလာတဲ့ရာသီဥတုမှာ အပြင်အမြဲလိုလိုသွားလာနေရသူတွေအတွက် နေလောင်ဒဏ်ခံရခြင်းက အဓိကပြသနာဖြစ်လာပါတယ်။ နေလောင်ဒဏ်ကာကွယ်ခရင်မ်ဘယ်လောက်ပဲလိမ်းလိမ်း အလွန်ပူတဲ့အခါမျိုးမှာ အပြင်သွားရပြီဆိုရင် အသားအရေတွ ပူစပ်လာတာမျိုး ခံစားကြရမှာပါ။ ဒီလိုဒုက္ခတွေကနေ သက်သာစေမဲ့ အလွယ်ဆုံးနည်းလမ်းလေးတွေ ဖော်ပြလိုက်ပါတယ်။
(၁) ဆေးသောက်ပါ။
အချို့တွေနေလောင်ဒဏ်ခံရတာများတဲ့ အသားရေတွေမှာ အရေပြားနီရဲလာပြီး ရောင်ရမ်းလာတာမျိုး ဖြစ်တတ်တာကြောင့် ibuprofen (သို့) aspirin ကို ဆရာဝန်နဲ့တိုင်ပင်ပြီး သောက်သင့်ပါတယ်။
(၂) အေးမြအောင်နေပါ။
ရေအေးအေးနဲ့ချိုးပါ။ ရှားစောင်းလက်ပတ်လည်း ခန္ဓာကိုယ်မှာ လိမ်းပြီး အအေးဓာတ်ပြန်ထိန်းပါ။
(၃) အစိုဓာတ်ထိန်းပါ။
အစိုဓာတ်ပါတဲ့ လိုးရှင်းမျိုး လိမ်းပါ။ Sun Burn Cool Down Aloe Sprayနဲ့ Anti-Itch Cream Plus 10 Mousturizer မျိုးတွေလည်း သုံးနိုင်ပါတယ်။
(၄) အိမ်သုံးပစ္စည်းတွေနဲ့ အသားအရေထိန်းသိမ်းပါ။
နွားနို့၊ ကြက်ဥအကာနဲ့ လက်ဖက်စိမ်းရောနှောပြီး အရေပြားပေါ်မှာလိမ်းပါ။ နွားနို့မှာပါဝင်တဲ့ ပရိုတင်းနဲ့ ကြက်ဥအကာက အပူလောင်တာလျော့ကျစေပြီး လက်ဖက်စိမ်းက ရောင်ရမ်းခြင်းကိုု သက်သာစေပါတယ်။
(၅) ရေသောက်ပါ။
နေရောင်ခြည်ဟာ သင့်အရေပြားက အစိုဓာတ်ကိုခြောက်သွေ့စေရုံသာမက ခန္ဓာကိုယ်က ရေဓာတ်ကိုပါ ဆုံးရှုံးစေပါတယ်။ ဒါကြောင့်နေရောင်ထဲသွားတဲ့အခါ အရမ်းပင်ပန်းတယ်လို့ ခံစားရတာဖြစ်ပါတယ်။ နေရောင်ကြောင့် ပျက်စီးသွားတဲ့ အသား အရေကို ကုသဖိုု့ ရေများများသောက်ပြီး ရေဓာတ်များတဲ့ဖရဲသီး၊ စပျစ်သီး၊ သခွားမွှေးသီးစတဲ့အသီးတွေ စားသုံးပါ။
ဒီလိုဆိုရင် နေပူထဲအသွားအလာများတဲ့သူတွေအတွက် ဒီနည်းလမ်းလေးတွေက ကူညီနိုင်ပါလိမ့်မယ်။