လူတိုင်းဖြစ်လေ့ဖြစ်ထရှိတဲ့ အသံဝင်ခြင်းဟာ သာမာန်ထက်ပိုပြီး အသံကိုကျယ်ကျယ်လောင်လောင် ပြောဆိုခြင်းကြောင့် အသံထွက်တဲ့ အင်္ဂါအစိတ်အပိုင်းရောင်ရမ်းတာဖြစ်နိုင်သလို ရေချိုးမှားခြင်း၊ ရေခဲရေအသောက်များခြင်းနဲ့ ဘက်တီးရီးယား တွေကြောင့်လည်း အသံဝင်တတ်ပါတယ်။ အသံဝင်ခြင်းရဲ့နောက်ဆက်တွဲအနေနဲ့ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ဖျားခြင်းတို့အထိ ဖြစ်ပေါ်နိုင်တာကြောင့် အသံဝင်တဲ့အခါ သက်သာပျောက်ကင်းစေမယ့် အိမ်တွင်းကုထုံးနည်းလမ်းတွေ ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ဂျင်းအနည်းငယ်ကို လှီးဖြတ်ကာ ရေနွေးထဲထည့်ပြီးသောက်သုံးပေးမယ်ဆိုရင်တော့ လည်ချောင်းတွင်းမှာ ကပ်နေတဲ့ ချွဲသလိပ်တွေကို ပျော်စေပြီး အသံဝင်ခြင်းကိုလည်းသက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
(၂) ပျားရည်ဟာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ ဂုဏ်သတ္တိရှိတာကြောင့် ပျားရည်အနည်းငယ်ကို သံပုရာရည်၊ ရေနွေးတို့နဲ့ရောပြီး သောက်သုံးပေးသင့်ပါတယ်။
(၃) သံလွင်ဆီ လက်ဖက်ရည်ဇွန်းတဇွန်း၊ သံပုရာရည်လက်ဖက်ရည်ဇွန်း တဇွန်းနဲ့ ပျားရည်အနည်းငယ်တို့ကို ရေနွေး ထဲသို့ထည့်ပြီး တနေ့လေးကြိမ်ခန့် သောက်သုံးပေးခြင်းအားဖြင့် အသံဝင်ခြင်းကို သက်သာ ပျောက်ကင်းစေမှာ ဖြစ်ပါ တယ်။
(၄) ရေနွေးဆူဆူထဲကို ကြက်သွန်နီ နှစ်လုံးထည့်ပြီး မိနစ်နှစ်ဆယ်ခန့်ထားပါ။ ပြီးရင် သကြားအညို လက်ဖက်ရည်ဇွန်း နှစ်ဇွန်းထည့်ပြီး သကြားပျော်ဝင်အောင် မွှေပေးပြီး သောက်သံုံးပေးမယ်ဆိုရင်တော့ လည်ချောင်းနာခြင်းနဲ့ အသံဝင်ခြင်း တို့ကိုသက်သာစေမှာဖြစ်ပါတယ်။
(၅) အသံဝင်ခြင်းဖြစ်ပေါ်တဲ့အခါ ရေနွေးနဲ့ဆားရည်ရောထားတဲ့ အရောကို ပလုတ်ကျင်းပေးခြင်းကလည်း သက်သာ စေပါတယ်။ ရေများများသောက်ပေးဖို့ လိုအပ်ပြီး အသံဝင်တာ ၄ ၊ ၅ ရက်ခန့်ကြာနေပြီး မပျောက်ကင်းဘူး ဆိုရင်တော့ ဆေးကုသမှုခံယူသင့်ပါတယ်။
Ref : https://steptohealth.com