Health

ရေဓာတ် ခမ်းခြောက်ခြင်းနဲ့ ပတ်သတ်ပြီး သိမှတ်မှားနေတာတွေ

Want create site? Find Free WordPress Themes and plugins.

အနည်းဆုံး ရေဓာတ် ၆၀ ရာခိုင်နှုန်းကျော်နဲ့ ဖွဲ့စည်းထားတဲ့ ခန္ဓာကိုယ် အတွက် နေ့စဉ် ရေသောက်ဖို့ လိုအပ်ပါတယ်။ ရေဓာတ်ပြည့်ဝဖို့ အမြဲသတိထား သောက်သုံးဖို့ လိုပါတယ်။ ဒါပေမယ့် တချို့ ရေဓာတ် လိုအပ်ချက် ရှိတယ် လို့ လက်ခံထားတဲ့ အချက်တွေ၊ ရေဓာတ် ခမ်းခြောက်တာနဲ့ ပတ်သက်ပြီး သိထား၊ လက်ခံထားတဲ့ တချို့အချက်တွေက သိမှတ်မှာနေတာတွေ ရှိပါတယ် လို့ ပညာရှင်တွေက ထောက်ပြပါတယ်။ အဲဒီ သိမှတ်မှားတတ်တာတွေကို လေ့လာကြည့်ရအောင်ပါ။

(၁) ရေဆာရင် ရေဓာတ်နည်းနေပြီ ။ ။ တကယ်တော့ ရေဓာတ်ခမ်းခြောက်လို့ ရေဆာတာ မဟုတ်ပါဘူး။ ရေဓာတ် ခမ်းခြောက်တယ် ဆိုတာက ကိုယ်ခန္ဓာကနေ ချွေး၊ မျက်ရည်တွေကနေ အသက်ရှုခြင်းတွေကြောင့် ရေဓာတ် ထွက်သွားခြင်း တွေပါ။ ကိုယ်တွင်း ရေဓာတ်ကို ကျောက်ကပ်ကနေ ဟန်ချက်ညီအောင် ထိန်းထားပေးပါတယ်။ ရေဓာတ် လိုအပ်တဲ့ နေရာကို ရေပိ့ုပေးတာတွေပါ လုပ်ပေးပါတယ်။ ဒီလိုရေဓာတ် ခမ်းပြီး ရေလိုအပ်လာရင် ကျောက်ကပ်ကနေ ဦးနှောက်ကို အကြောင်းကြားတယ်၊ ဦးနှောက်က သင့်ကို ရေသောက်ချင်စိတ် ဖြစ်လာစေတယ် ပေါ့။

(၂) နေ့တိုင်းရေ ၈ ခွက်သောက်ဖို့ မလိုပါ ။ ။ ရေများများ သောက်ရမယ် ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့် ရေသောက်တိုင်း မကောင်းပါဘူး။ ဥပမာ – တရက်ကို အနည်းဆုံးရေ ၈ ခွက်သောက်သင့်တယ် ဆိုတာ လူတိုင်း အတွက် မမှန်ပါဘူး လို့ နယူးယောက် အခြေစိုက် Culinary ဆေးခန်းတည်ထောင်သူ ဒေါက်တာ ဒါရာဟူနဂ် (Dara Hunag) က ပြောပါတယ်။

ချွေးထွက်များသူတွေ အတွက် ဆိုရင်တော့ ရေပိုသောက်သင့်တာ မှန်ပါတယ်၊ ဒါပေမယ့် ပင်ပင်ပန်းပန်း မလုပ်သူတွေ၊ အထိုင် များသူတွေ ဆိုရင် ဒီလောက် ရေ ၈ ခွက်ဆိုတာ သောက်ဖို့ မလိုအပ်ပါဘူး လို့ အဟာရပိုင်းဆိုင်ရာ ဒေါက်တာ ရိုဂျာအီး အဒမ်စ် (Roger E. Adams) က ရှင်းပြပါတယ်။ မလိုအပ်ဘဲ ရေသောက်များရင် နှလုံး၊ အဆုတ်တွေကိုထိခိုက်မှု ရှိစေနိုင်သလို ရေဓာတ်များခြင်းလို ဖြစ်ရပ်တွေ ဖြစ်လာနိုင်တယ် လို့ ဆိုပါတယ်။

(၃) မနက်အိပ်ယာထ ရေသောက်ဖို့ မလိုအပ်ပါ ။ ။ လူအများစုက မနက်အိပ်ယာထ ရေတခွက် ကောင်းကောင်း သောက်ခြင်းက အပူကင်းစေတယ်၊ ကျန်းမာရေး အတွက် မဖြစ်မနေ သောက်ဖို့ လိုအပ်တယ် လို့ ဆိုကြပေမယ့် တကယ်တော့ အိပ်ယာထ ရေမသောက်လည်း ရပါတယ်။ အိပ်ယာထ ရေသောက်တာထက် မနက်အိပ်ယာထသင့် ဆီးကို သင်ကြည့်ပါ။ အရောင်နဲ့ ဆိုရင် ရေဓာတ် လိုအပ်ပါတယ်။ ကြည်လင်နေမယ် ဆိုရင်တော့ ရေဓာတ် မလိုအပ်ပါဘူး။ မနက်အိပ်ယာထ ရေသောက်လို့ ရပါတယ်။ မဖြစ်မနေသောက်ရမယ် ဆိုတဲ့ အသိကိုသာ စိတ်ထဲ ထည့်မထားပါနဲ့။

(၄) အုန်းရေကို အားမထားပါနဲ့ ။ ။ အုန်းရေမှာ အခြားပိုတက်စီယမ် ပါရှိတဲ့ အရည်တွေနဲ့ စာရင် ကယ်လိုရီလည်း အနည်းငယ် ပါရှိပါသေးတယ်။ ပိုတက်စီယမ်လည်း ပြည့်ဝပါတယ်။ ဒါပေမယ့် ရေဓာတ် လိုအပ်ချက် အရ အုန်းရေကို အားထားသောက်ဖို့ မကြိုးစားပါနဲ့။ အထူးသဖြင့်တော့ သူ့ရဲ့ ပိုတမ်စီယမ် ကြွယ်ဝမှုက ကျောက်ကပ်ရောဂါ ရှိသူတွေနဲ့ မတည့်ပါဘူး၊ ရေဓာတ်လိုအပ်ချက် အတွက် ရေကိုပဲ သောက်ပါ။ အုန်းရေကို အစားမထိုးပါနဲ့။

(၅) ရေဓာတ်များလွန်းသွားနိုင်တယ် ။ ။ ရေသောက်များလို့ ဘာမှ မဖြစ်ဘူး လို့ ထင်ကြပါတယ်။ ဒါပေမယ့် မဟုတ်ပါဘူး။ သေစေနိုင်တဲ့ အထိ ရေဓာတ်လွန်ခြင်း ဖြစ်စေနိုင်ပါတယ်။ Hyponatremia ဆိုတဲ့ အခြေအနေ၊ သူက ရေသောက်များ တာကို ပြောတာ၊ ရလဒ်ကတော့ ဆိုဒီယမ်ကို ကိုယ်တွင်းမှာ စုဖွဲ့နိုင်မှု အားနည်းသွားစေတယ်။ နောက်ဆုံး ရလဒ်ကတော့ စိတ်ရှုပ်ထွေးစေတယ်၊ ကတုန်ကယင် ဖြစ်စေတယ်၊ ပြေးနေတဲ့ အချိန်တွေမှာ ဆိုရင် အမောဖောက်ပြီး သေစေနိုင်သည် အထိ ဖြစ်စေနိုင်တယ် လို့ ဆိုပါတယ်။

(၆) ရေသည်လည်း တန်ဆေးလွန်ဘေး ။ ။ သင့် အနေနဲ့ ရေဘယ်လောက် သောက်ရမယ် ဆိုတာကို သိဖို့ သင့် အနေနဲ့ ချွေးဘယ်လောက် ထွက်တယ် ဆိုတာကို အဓိကထားပြီး ကြည့်ဖို့ လိုပါလိမ့်မယ်။ ချွေးမှ များများမထွက်ဘဲ ရေလည်း များများသောက်ဖို့ မလိုအပ်ပါဘူး။ နေပူထဲက တာဝေး အပြေးသမား တယောက် ရေများများ သောက်နေလို့ ရေခဲတောင် တက်နေသူတဦးက အဆိုပါ တာဝေးသမားလို ရေတွေ အများကြီး လိုက်သောက်နေဖို့ မလိုအပ်ပါဘူး။ လိုအပ် သလောက်ပဲသောက်ပါ။

(၇) ရေဓာတ်ဖြည့်၊ အားဖြည့် အချိုရည်တွေဟာ အကောင်းဆုံး မဟုတ်ဘူး ။ ။ အားကစားသမားတွေ သောက်တဲ့၊ နေပူထဲ နေသူတွေ သောက်ဖို့ ထုတ်လုပ်လာတဲ့ ရေဓာတ်ဖြည့်၊ အားဖြည့် အချိုရည်တွေက လိုအပ်ချက် အတိုင်းပဲ သောက်ဖို့၊ လိုအပ်သူပဲ သောက်ဖို့ သင့်တော်ပြီး လူတိုင်းနဲ့ အဆင်ပြေ အကောင်းဆုံး မဟုတ်ဘူးလို့ Armonk Integrative Medicine က MD ဖြစ်သူ Tania Dempsey က ပြောပါတယ်။ ဒီလို ရေဓာတ်ဖြည့် အချိုရည်တွေထဲမှာ သိုင်းရွိုက် (Thyroid) ကို ထိခိုက်စေမယ့် Powerade ဆိုတဲ့ အရာတွေ ထည့်သွင်း ဖန်တီးထားတယ် လို့ ဆိုပါတယ်။

Powerade ကတော့ ရေဓာတ်ဖြည့်နိုင်မှု အားကောင်းစေတဲ့ အရာပါ။ တဖက်က ရေဓာတ်ဖြည့် အချိုရည်သောက်လို့ ရေဓာတ် ပြည့်တာ မြန်ပေမယ့် သိုင်ရွိုက်ကို ထိခိုက်စေမယ့် ဓာတ်ပါရှိနေတာကတော့ မကောင်းပါဘူး။ ပြီးတော့ အဆိုပါ ရေဓာတ်ဖြည့် အချိုရည်တွေထဲက သကြားဓာတ်ကလည်း ကျန်းမာရေး အတွက် သိပ်ပြီး မသင့်တော်လှပါဘူး။ ဖရူးတို့စ် ဓာတ်များပြီး ဆီးချို၊ သွေးချိုကို အားပေးစေတယ် လို့ ဆိုပါတယ်။

(၈) ကဖင်းဓာတ်က ရေဓာတ် ခမ်းစေတာ မဟုတ်ဘူး ။ ။ ဒေါက်တာအဒမ်ရဲ့ အဆိုအရတော့ ကော်ဖီသောက်လို့ ကိုယ်ခန္ဓာ ရေဓာတ်ခမ်းဖို့ လွယ်စေတယ် ဆိုတာ မဟုတ်ပါဘူး လို့ ပြောပါတယ်။ ဒါပေမယ့် ကော်ဖီအသောက်များရင်တော့ ရေဓာတ်ခမ်းစေတာ မှန်ပါတယ် တဲ့။ ဒါပေမယ့် ကော်ဖီများများ သောက်ရင်လည်း ရေများများသောက်သလို ဖြစ်နေလို့ ခံသာစေပါတယ်တဲ့။ ကော်ဖီကိုသင့်ရုံပဲသောက်မယ်၊ ကော်ဖီအသောက်များသူတွေကအရည်ကျဲကျဲပဲသောက်မယ် ဆိုရင် အဆင်ပြေမှာပါ။

(၉) ကိုယ်လက်လှုပ်ရှားမှု များမှ ရေများများသောက်ရမှာမဟုတ်ဘူး၊ ရေမှန်မှန်သောက်ရမှာ ။ ။ အထက်မှာ ပြောခဲ့သလို အထိုင်များလို့၊ ပတ်ဝန်းကျင် အပူချိန်နဲ့ ချွေးထွက်မှုတွေ အပေါ်ကို မူတည်ပြီးတော့ အေးအေးဆေးဆေး နေသူတွေက ရေများများ သောက်ဖို့ မလိုအပ်တာ မှန်ပေမယ့် ရေဓာတ်ပြည့်ဝအောင် ရေမှန်မှန် သောက်ဖို့တော့ လိုအပ်ပါတယ်။ တချို့က ချွေးထွက်များချိန် တချက်ပဲ ရေသောက်ပြီးပုံမှန် နေချိန်မှာတော့ ရေသောက် နည်းလေ့ ရှိပါတယ်။ တချို့က ရေမသောက်ဘဲ အချိုရည်တွေ သောက်ကြပါတယ်။ အထိုင်များ၊ ချွေးထွက်နည်း ရင်တောင် ရေတော့ သင့်ရုံမှန်မှန် သောက်ပါ။ အချိုရည်တွေပဲ ဖိမသောက်ပါနဲ့။

(၁၀) ဆီးရဲ့ အရောင်ဟာသင့်ရဲ့ ရေဓာတ်ကို ဖော်ပြပေးတာ မဟုတ်ဘူး ။ ။ ပုံမှန် ဆိုရင်တော့ ဆီးရဲ့ အရောင်က ကိုယ်ခန္ဓာမှာ ရေဓာတ် နည်းသည်၊ များသည်ရဲ့ ညွှန်ပြချက် တခုပါ။ ဒါပေမယ့် မာလ်တီဗီတာမင် ဖြည့်စွက်စာတွေ၊ အသားဓာတ် များလွန်းတဲ့ အစာတွေ အစားများရင် ဆီးအရောင်က နောက်သွားတတ်တယ် လို့ ဆိုပါတယ်။ ဒီတော့ အလွယ်မှတ်ထားနိုင်တာက ဆီးအရောင်ကို ကြည့်တာထက် ဆီးပမာဏကို ကြည့်ပါ။ အရောင်လည်းနောက်တယ်၊ ဆီးလည်း သိပ်မသွားရင် ရေဓာတ် လိုအပ်မယ် ပေါ့။ ဆီးအရောင် မကြည်ပေမယ့် ဆီးများများ သွားရင်တော့ ရေဓာတ် လိုအပ်လှတယ် မဟုတ်ပါဘူး။

Ref: www.rd.com

Did you find apk for android? You can find new Free Android Games and apps.
Loading