Health

ပျားရည်ရဲ့ ကျန်းမာရေး ကောင်းကျိုး ၉ ချက်

Want create site? Find Free WordPress Themes and plugins.

ကျန်းမာရေး အတွက် ပျားရည်ဆိုတာ အိမ်တိုင်းမှာ ဆောင်ထားသင့်တဲ့ သဘာ၀ အစာ တမျိုးပါ။ ပျားရည်ဟာ ကျန်းမာရေး အတွက် ကောင်းတယ် ဆိုတာ လူအများစု သိကြတယ်။ ဒါပေမယ့် ဘယ်လို ကောင်းလဲ၊ ဘယ်လောက် ကောင်းသလဲ ဆိုတာ သေသေချာချာ သိသူနည်းမယ် ထင်ပါတယ်။ ပျားရည်ရဲ့ ကောင်းကျိုး ၉ ချက် လေ့လာ တင်ပြပေးပါမယ်။

(၁) ချောင်းဆိုး သက်သာစေတယ် ။     ။ တကယ်ဆိုရင် ပျားရည်က အချို ဆိုပေမယ့် ချောင်းဆိုးခြင်းကို သက်သာစေ ပါတယ်။ ဒီနေရာမှာ သကြားရောထားတဲ့ ပျားရည်အတုတွေ ကိုတော့ မဆိုလိုပါ။ သူက လည်ချောင်း အတွင်းမှာ အဆီနဲ့ ချွဲမကပ်စေအောင် အလွှာပါးလေး ဖြစ်စေပြီး ချောင်းဆိုခြင်းကို သက်သာစေတာ ဖြစ်ပါတယ်။ ညဘက် ချောင်းဆိုးနေသူ တွေ ပျားရည်ကို စားပွဲတင် ၂ ဇွန်းလောက် လျက်ပြီး အိပ်ပါ။

(၂) ကိုလက်စထရောဓာတ် မှန်စေတယ် ။         ။ ကိုလက်စထရော လို့ ဆိုလိုက်တာနဲ့ ကိုယ်ခန္ဓာ အတွက် လုံး၀ မကောင်းတာလည်း မဟုတ်သလို ပိုနေ၊ များနေရင်လည်း မကောင်းပါ။ ဒူဘိုင်း အခြေစိုက် လေ့လာသူတွေရဲ့ တွေ့ရှိချက် အရ ရေ ၂၅၀ မီလီလီတာနဲ့ ပျားရည် ၇၅ ဂရမ်ကို ၁၅ ရက်ကြာ နေ့စဉ် သောက်သုံးပေးရင်  ကိုယ်ခန္ဓာ အတွက် မကောင်းတဲ့ Low-density lipoprotein ကို လျော့ကျစေတာ တွေ့ရသလို ကိုယ်ခန္ဓာ အတွက် ကောင်းမွန်လိုအပ်တဲ့ High-density Lipoprotein ဓာတ်ကို မြင့်တက်စေတာ တွေ့ရတယ် လို့ ဆိုပါတယ်။

(၃) အရေပြားကို စိုစွတ်နေစေတယ် ။         ။ သူက အရေပြား အတွင်းမှာလည်း အဆီလွှာ တခု ဖြစ်လာစေတယ်။ ဒီအဆီလွှာက ရေဓာတ် ဆုံးရှုံးမှုကို ဟန့်တားပေးပြီး အရေပြားကို စိုစွတ်အေးမြနေစေတာ ဖြစ်တယ် လို့ အရေပြား အထူးကုဆရာဝန် Patricia Farris က ဆိုပါတယ်။ ဒီလိုပဲ ပျားရည်ထည့်သွင်းဖန်တီးထားတဲ့ အရေးပြားလိမ်းဆီတွေဟာ ရေဓာတ်ရော အရေပြား အစိုဓာတ်ကိုပါ ထိန်းထားပေးနိုင်မှု ကောင်းစေတယ် လို့ အရေပြား ဆရာဝန် Zoe Diana Draelos က ပြောပါတယ်။

 

(၄) ဝက်ခြံလည်း ပျောက်စေတယ် ။     ။ ပျားရည်ရဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်မှု စွမ်းရည် အရ ဝက်ခြံတွေကို လည်း သက်သာ ပျောက်ကင်းစေမှု ရှိတယ် လို့ Joey Green’s Magic Health Remedies ရဲ့ ဆောင်းပါးရှင် Joey Green က ပြောပါတယ်။ ဇာဒိပ္ပုလ်သီးနဲ့ ပျားရည်ကို ဆတူ ရောပြီး မျက်နှာ မသစ်ခင် မိနစ် ၂၀ လောက်ကြာ လိမ်းပေးရုံနဲ့ ဝက်ခြံတွေ သက်သာစေနိုင်တယ် လို့ ဆိုပါတယ်။

(၅) လည်ချောင်းနာခြင်းကိုလည်း သက်သာစေတယ် ။      ။ ချောင်းဆိုးခြင်းလိုပဲ အဆင်မသင့်လို့ လည်ချောင်းနာခြင်းလို ဝေဒနာကိုလည်း ပျားရည်က သက်သာစေပါတယ်။ ဂျင်းကို အလွှာလိုက် လှီးထားတာ ဖြစ်စေ၊ ညက်နေအောင် ထောင်းထားတဲ့ အနေအထား ဖြစ်စေ၊ စားပွဲတင်ဇွန်း ၁/၂ ဇွန်း၊ ရေ ၁/၂ ခွက်၊ ပျားရည် ၁ ဇွန်း၊ ရှောက်ရည် ၁/၂ ဇွန်း ရောထည့် သောက်သုံးပေးပါ။ သက်သာစေပါလိမ့်မယ်။

(၆) အပူလောင်ခြင်းကိုလည်း သက်သာစေတယ် ။     ။ အသေးစိပ် လေ့လာထားရှိမှု တခုရဲ့ ရလဒ် အရ ပျားရည်ဟာ အပူလောင်ခြင်းကို မြန်မြန်နဲ့ လွယ်လွယ် သက်သာစေတယ် လို့ ဆိုပါတယ်။

(၇) သွေးတွင်းသကြားဓာတ်ကိုလည်း လျော့ကျစေတယ် ။          ။ Journal of International Society of Sports Nutrition မှာ ဖော်ပြထားတဲ့ ဆောင်းပါးအရ ပျားရည်ဟာ သွေးတွင်း သကြားဓာတ် (ဂလူးကို့စ်) နှုန်းကို အကောင်းဆုံး ထိန်းထားပေးနိုင်တယ် လို့ ဆိုပါတယ်။ အချို့သော လူတွေမှာ လေ့ကျင့်ခန်း လုပ်ဆောင်ပြီးချိန်တွေမှာ ကာဗိုဟိုက်ဒရိတ် တွေ၊ အသားဓာတ် အပိုတွေ ဖြစ်တည်လာတတတ်ပါတယ်။ ဒီလို ဓာတ်တွေ ဖြစ်တည်မှုကို ပျားရည်က ထိန်းထားပေးနိုင်တယ် လို့ ဆိုပါတယ်။ သွေးတွင်း ဂလူးကု့ိစ်ဓာတ် မြင့်တတ်သူတွေ အနေနဲ့ သွေးတွင်း သကြားဓာတ် ထိန်းချင်ဖို့ ပျားရည်ကို စားသုံးပေးနိုင်တယ် လို့လည်း ဆိုပါတယ်။

(၈) ဗောက်တွေ ကိုလည်း လျော့ကျစေတယ် ။            ။ ပျားရည်နဲ့ ခေါင်းလျှော်ပေးနိုင်ပါတယ်။ ခေါင်းလျှော်ရည်နဲ့ ရောပြီး လျှော်တာမျိုး ဖြစ်စေ၊ ခေါင်းလျှော်ရည်နဲ့ မလျှော်ခင် ပျားရည်နဲ့ လျှော်ပေးတာမျိုးတွေက ဆံပင်ဗောက်ထတာကို လျော့နည်း သက်သာစေတယ် လို့ သိရပါတယ်။ လေ့လာသူတွေက ဗောက်ထတာရော ဦးရေပြား ယားယံခြင်းကိုပါ သက်သာစေတာ တွေ့ခဲ့ရတယ် လို့လည်း ဆိုပါတယ်။ ပျားရည်မှာ မှိုကို တိုက်ဖျက်တဲ့ စွမ်းရည်လည်း ရှိသလို အရေပြားလည်း စိုစွတ်နေစေလို့ အခုလို ဗောက်လည်း သက်သာစေတာ ဖြစ်ပါတယ်။ ပျားရည်နဲ့ ရေနွေး အနည်းငယ်ကို ရောပြီး ၂-၃ မိနစ်ခန့် လျှော်ပေးပါ။

(၉) ဆပ်ပြာဆီအနေနဲ့လည်း သုံးနိုင်သေးတယ် ။         ။ ကိုယ်တိုက် ဆပ်ပြာဆီနဲ့ ပျားရည် ရောပြီး ရေချိုးပေးရင် ဝက်ခြံထွက်တာလည်း သက်သာစေတယ်၊ အရေပြားလည်း စိုစွတ်နေစေမယ်၊ ကိုယ်နံ့လည်း မွှေးစေတယ်။ ပျားရည် ၂ ဇွန်း၊ သံလွင်ဆီ ၁ ဇွန်းနဲ့ ဆပ်ပြာဆီ ရောနှော ချိုးပေးရင် အကောင်းဆုံးပါ။ ဗီတာမင် အီး၊ လာဗင်ဒါဆီလို အမွှေးဆီတွေနဲ့ လည်း ရောထည့်နိုင်ပြီး ကိုယ်သင်းနံ့ ပိုကောင်းစေပါလိမ့်မယ်။

Ref: www.rd.com

Did you find apk for android? You can find new Free Android Games and apps.
Loading