Health

ဆံပင်အဖျားနှစ်ခွဖြစ်ခြင်းအတွက် လွယ်ကူရိုးရှင်းတဲ့ သဘာဝနည်းလမ်းများ

Want create site? Find Free WordPress Themes and plugins.

ပတ်ဝန်းကျင်က လေထုညစ်ညမ်းမှုနဲ့ နေရောင်ခြည်နဲ့ ထိတွေ့မှုဒဏ်တွေအပြင် ဖုန်နဲ့ အညစ်အကြေးတွေ၊ ဆံပင်ကို မကြာခဏ ကောက်လိုက်၊ ဖြောင့်လိုက်၊ ဆေးဆိုးလိုက် ပြုလုပ်ခြင်းတွေကြောင့် ဆံကေသာဟာ ခြောက်သွေ့ကြမ်းတမ်းပြီး အဖျားနှစ်ခွတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဆံပင်ရဲ့ သဘာဝအရ အဖျားတခါကွဲသွားပြီဆိုရင် နောက်ထပ်ဆက်ဖြစ်ဖို့က ရာခိုင်နှုန်းများတာကြောင့် ဆံပင်အဖျားနှစ်ခွဖြစ်ခြင်းကို သက်သာပျောက်ကင်းစေမယ့် သဘာဝနည်းလမ်း လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကိတ်မုန့်အလှဆင်တဲ့နေရာမှာ အများဆုံးအသုံးပြုလေ့ရှိတဲ့ Whipped cream မှာပါဝင်တဲ့ အဆီနဲ့ ပရိုတင်းဓာတ် တွေဟာ ဆံသားကို အားဖြည့်ပေးနိုင်ပြီး ဆံပင်အဖျားနှစ်ခွ ဖြစ်ခြင်းကို သက်သာစေပါတယ်။ ခေါင်းမလျှော်ခင်မှာ whipped cream ကို ဆံသားပေါ်မှာလိမ်းကာ နှိပ်နယ်ပေးပြီး ၁၀ မိနစ်ခန့်အကြာမှာ ခေါင်းလျှော်ပေးမယ်ဆိုရင်တော့ ဆံသားအဖျားနှစ်ခွဖြစ်ခြင်းတွေ ကင်းဝေးသွားမှာဖြစ်ပါတယ်။

(၂) ခေါင်းမလျှော်ခင်မှာ ဆံပင်ကို ရေစိုအောင် ရေအနည်းငယ်နဲ့လောင်းပြီး ပျားရည်နဲ့သံလွင်ဆီ ဆတူ ရောထားတဲ့ အရောကို လိမ်းပေးပါ။ ပြီးရင်တော့ ပုံမှန်သုံးနေကျ ခေါင်းလျှော်ရည်ကိုအသုံးပြုပြီး ခေါင်းလျှော်ပေးရုံနဲ့ ဆံသား အဖျားနှစ်ခွ ဖြစ်ခြင်းကို သက်သာစေမှာ ဖြစ်ပါတယ်။

(၃) ကြက်ဥတလုံး၊ သံပုရာရည်လက်ဖက်ရည်ဇွန်းနှစ်ဇွန်းနဲ့ သံလွင်ဆီ လက်ဖက်ရည်ဇွန်းတဇွန်းတို့ကို ရောပြီး ခေါင်း မလျှော်ခင် ဆံသားအနှံကိုလိမ်းပြီး နှိပ်နယ်ပေးပါ။ နာရီဝက်အကြာမှာ ခေါင်းလျှော်ပေးလိုက်ခြင်းအားဖြင့် ဆံပင်အဖျား နှစ်ခွကွဲခြင်းကို သက်သာစေပါတယ်။

(၄) ပုံမှန်သုံးနေကျ ခေါင်းလျှော်ရည်နဲ့လျှော်ပြီး ဆန်ဆေးရည်နဲ့ ဆံသားတွေကို ထပ်မံ လျှော်ပေးခြင်းအားဖြင့်လည်း ဆံပင်အဖျားနှစ်ခွဖြစ်ခြင်းကို ပျောက်ကင်းစေနိုင်ပါတယ်။

(၅) နောက်ထပ်နည်းလမ်းကောင်း တခုကတော့ ပန်းသီးရှာလကာရည်ကို ရေအနည်းငယ်နဲ့ရောပြီး ခေါင်းလျှော်အပြီးမှာ ဆံသားတွေပေါ်ကို ဖြည်းဖြည်းချင်းလောင်းချပြီး နှိပ်နယ်ပေးပါ။ ပြီးရင်တော့ ရေနဲ့ပြန်လည် ဆေးကြောပေးမယ်ဆိုရင် ဆံသားတွေကို ပျော့ပျောင်းစေပြီး အဖျားနှစ်ခွဖြစ်ခြင်းမှလည်း ကင်းဝေးစေမှာ ဖြစ်ပါတယ်။

Ref : https://steptohealth.com

Did you find apk for android? You can find new Free Android Games and apps.
Loading