အိမ်တိုင်းအိမ်တိုင်းရဲ့ မီးဖိုချောင်မှာရှိတဲ့ ကြက်သွန်နီဟာ ဟင်းချက်ပြုတ်ရာမှာ အသုံးဝင်ရုံမက အသားအရေ ကျန်းမာရေး အတွက်လည်းအသုံးဝင်တာကြောင့် အရေပြားမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြသနာတွေအတွက် ကြက်သွန်နီရဲ့ အသုံးဝင်ပုံ တွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) မျက်နှာအသားအရေပေါ်က တင်းတိတ်နဲ့ မှဲ့ခြောက်တွေ ပျောက်ကင်းစေဖို့အတွက် ကြက်သွန်နီကို တင်းတိတ်နဲ့ မှဲ့ ခြောက် တွေပေါ်မှာ ကပ်ပေးနိုင်ပါတယ်။ ကြက်သွန်နီမှာပါဝင်တဲ့ ဆာလဖာဓာတ်ဟာ အသားအရေကို လင်းလက်စေပြီး ပုံမှန်ပြုလုပ်ပေးခြင်းအားဖြင့် တင်းတိတ်နဲ့ မှဲ့ခြောက်တွေကို ပျောက်ကင်းစေနိုင်ပါတယ်။
(၂) ကြက်သွန်နီအရည်ကို ပျားရည်အနည်းငယ်နဲ့ ရောပြီး မျက်နှာအသားအရေပေါ်က ဝက်ခြံတွေပေါ်မှာ လိမ်းပေးမယ်ဆို ရင်တော့ ဝက်ခြံဖုတွေရောင်ရမ်းခြင်းကိုသက်သာစေရုံသာမက ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကို ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
(၃) ဓားရှတာမျိုးလို မတော်တဆ ထိခိုက်ရှနာဖြစ်မှုတွေကြောင့် သွေးထွက်လွန်နေမယ်ဆိုရင် ဒဏ်ရာပေါ်ကို ကြက်သွန်နီ လှီးပြီး ကပ်ပေးခြင်းအားဖြင့် ရောဂါပိုးမွှားများဝင်ရောက်ခြင်းကို ကာကွယ်ပေးနိုင်ပြီး သွေးတိတ်မြန်စေပါတယ်။
(၄) အိမ်ရှင်မတွေ ထမင်းဟင်းချက်ပြုတ်တဲ့အခါမှာ ကြုံတွေ့ရလေ့ရှိတဲ့ ဆီပူလောင်တာနဲ့ မီးပူလောင်တာတွေ အတွက် တော့ ကြက်သွန်နီကို မီးပူလောင် ၊ ဆီပူလောင်တဲ့ အသားအရေနေရာပေါ်ကို ကပ်ပေးခြင်းအားဖြင့် မီးလောင်ဖု ဖြစ်ပေါ် ခြင်းကို ကာကွယ်ပေးနိုင်ပြီး နာကျင်မှုနဲ့ ရောင်ရမ်းခြင်းတွေကိုပါ သက်သာစေနိုင်ပါတယ်။
(၅) အင်းဆက်ပိုးမွှားတွေ အကိုက်ခံရတာကြောင့် အရေပြားရောင်ရမ်းနာကျင်ခြင်းတွေဖြစ်ပေါ်တဲ့အခါ ထောင်းထားတဲ့ ကြက်သွန်နီအရည်နဲ့ အဖတ်တွေကို ရောင်ရမ်းနာကျင်နေတဲ့ အရေပြားပေါ်မှာ ကပ်ပေးခြင်းအားဖြင့် အင်းဆက်ပိုးမွှား တွေကိုက်ခဲခြင်းကြောင့် အဆိပ်တက်ခြင်းကို သက်သာပျောက်ကင်း စေနိုင်ပါတယ်။
Ref. http://www.bodyandbeans.com