Health

မျက်အိတ်တွဲခြင်း ၊ မျက်အိတ်ဖောင်းခြင်းတွေကို သက်သာစေနိုင်မယ့် နည်းလမ်းကောင်းများ

Want create site? Find Free WordPress Themes and plugins.

မျက်အိတ်တွဲခြင်း ၊ မျက်အိတ်ဖောင်းခြင်းတို့ရဲ့ အဓိကအကြောင်းအရင်းဟာ မျက်တွင်းအရေပြားအောက်မှာ အဆီတွေ စုပုံနေခြင်းကြောင့် ဖြစ်ပြီး ညဘက်အိပ်ရေးပျက်သူတွေနဲ့ အဝလွန်သူတွေမှာ ဖြစ်လေ့ရှိပါတယ်။ အသက်အရွယ်မရွေးမှာ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ မျက်အိတ်တွဲခြင်းနဲ့ မျက်အိတ်ဖောင်းခြင်းတို့ကို သက်သာစေနိုင်မယ့် သဘာဝနည်းလမ်းကောင်း တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) တခါသုံးလက်ဖက်ရည်ထုတ် (Tea Bag) လေးတွေကို သောက်သုံးပြီးတဲ့အခါ ရေခဲသေတ္တာထဲမှာ သိမ်းထားပြီး မျက်အိတ်ဖောင်းနေတဲ့ နေရာပေါ်မှာ ကပ်ပေးခြင်းအားဖြင့် မျက်အိတ်တွဲခြင်းနဲ့ မျက်အိတ်ဖောင်းခြင်းတွေကို သက်သာ စေမှာ ဖြစ်ပါတယ်။ တခါသုံးလက်ဖက်ရည်ထုတ်တွေမှာ ပါဝင်တဲ့ ကဖင်းဓာတ်ဟာ မျက်အိတ်ဖောင်းခြင်းကို သာမက မျက်ကွင်းညိုခြင်းကိုပါ သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၂) သခွားသီးကို ပါးနိုင်သမျှ ပါးပါးလှီးပြီး မျက်အိတ်ဖောင်းနေတဲ့နေရာပေါ်မှာ ကပ်ပေးမယ်ဆိုရင်တော့ မျက်အိတ်တွဲ ခြင်းကို ထိရောက်စွာသက်သာမှုရှိစေတဲ့အပြင် မျက်လုံးညောင်းညာခြင်းကိုသက်သာစေပါတယ်။

(၃) အုန်းဆီအနည်းငယ်ကို မျက်လုံးထဲမဝင်အောင်သတိထားပြီး မျက်အိတ်ဖောင်းနေတဲ့နေရာပေါ်တွေကို လိမ်းပေးပြီး လက်နဲ့အသာအယာနှိပ်နယ်ပေးပါ။ မိနစ်၂၀ ခန့်ထားပြီးရင်တော့ ရေခပ်နွေးနွေးလေးနဲ့ ဆေးချပေးပါ။ ဒီနည်းလမ်းအတိုင်း ပုံမှန်ပြုလုပ်ပေးခြင်းအားဖြင့်လည်း မျက်အိတ်ဖောင်းခြင်းနဲ့ မျက်အိတ်တွဲခြင်းတို့ကို သက်သာစေမှာ ဖြစ်ပါတယ်။

အခုဖော်ပြခဲ့တဲ့ နည်းလမ်းတွေအပြင် ရေများများသောက်ပေးခြင်း၊ အိပ်ချိန် ၇ နာရီ သို့မဟုတ် ၈ နာရီခန့် ပြည့်အောင် အိပ်စက်ခြင်းတို့ကို ပြုလုပ်ပေးသင့်ပြီး ဆေးလိပ်သောက်သုံးခြင်းနဲ့ ကော်ဖီ အလွန်အကျွံသောက်သုံးခြင်း တွေကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။

Ref. https://steptohealth.com

Did you find apk for android? You can find new Free Android Games and apps.
Loading