ဆံကေသာနဲ့ ပက်သက်တဲ့ ကြုံတွေ့ရလေ့ရှိတဲ့ ဆံပင်ကျွတ်ခြင်း၊ ဆံသားမွဲခြောက်ခြင်းနဲ့ ဆံသားအဆီပြန်ခြင်း စတဲ့ ဆံသား ပြဿနာတွေအတွက် ဘယ်လောက် ကောင်းပါတယ်ဆိုတဲ့ Hair Product တွေသုံးသုံး ဒီဆံသား ပြဿနာ တွေကနေ မသက်သာဘူးဆိုရင်တော့ ဒါဟာ သင့်ခန္ဓာကိုယ်ကလိုအပ်တဲ့ ဗီတာမင်ဓာတ်တွေ ချို့ယွင်းနေတာကြောင့် ဖြစ်နိုင်ပါတယ်။
ဆံသား ပြဿနာ သက်သက်တင် မဟုတ်ဘဲ သင့်ကျန်းမာရေးအခြေအနေကိုပါ ဖော်ပြပေးနေတာ ဖြစ်တာကြောင့် ခန္ဓာကိုယ် ကျန်းမာရေးကို ဆံသားတွေရဲ့အခြေအနေကတဆင့် ပြန်လည်ဆန်းစစ်နိုင်စေဖို့အတွက် ဧရာဝတီကနေ ရေးသား ဖော်ပြပေး လိုက်ပါတယ်။
(၁) သာမန်အားဖြင့် လူတယောက်ဟာ တနေ့မှာ ဆံပင်ချည်ပေါင်း ၁၅၀ ခန့်ထိ ကျွတ်လေ့ရှိပါတယ်။ ဒီနှုန်းထားထက်ပိုပြီး ဆံပင်တွေက ကျွတ်နေမယ်ဆိုရင်တော့ ဒါဟာ စိတ်ဖိစီးမှုများခြင်း ၊သွေးအားနည်းခြင်း၊ သံဓာတ်ချို့တဲ့ခြင်းနဲ့ ပရိုတင်းဓာတ် လုံလောက်စွာ မရရှိခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပရိုတင်းဓာတ်များများပါတဲ့ အာလူး၊ ပဲအမျိုးမျိုး၊ နို့ထွက် ပစ္စည်းတွေနဲ့ အသားတွေကို ပိုမိုစားသုံးပေးသင့်ပါတယ်။
(၂) ဦးရေပြားပေါ်က အဆီဂလင်းတွေဟာ လိုအပ်တာထက်ပိုပြီး အဆီတွေ ပိုမိုထွက်ရှိခြင်းကြောင့် ဆံသား အဆီပြန်ခြင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။ ဒါဟာ ခန္ဓာကိုယ်က လိုအပ်တဲ့ အဆီဓာတ် ပမာဏထက် ပိုလျှံနေတယ်ဆိုတဲ့ လက္ခဏာ ဖြစ်တာကြောင့် အဆီတွေကို လျှော့စားသင့်ပြီး ခေါင်းမကြာခဏ လျှော်ခြင်းနဲ့ ခေါင်းလျှော်ရည် အပျော့စားတွေကို ရွေးချယ် အသုံးပြုသင့်ပါတယ်။
(၃) သင့်ဆံပင်တွေဟာ သာမန်ထက်ပိုပြီး ခြောက်သွေ့ကြမ်းတမ်းနေတယ်ဆိုရင် ဗီတာမင်အေနဲ့ ဗီတာမင်စီဓာတ် ချို့တဲ့ခြင်းကြောင့် ဖြစ်နိုင်ပြီး အချဉ်ဓာတ်ပါတဲ့ အသီးအနှံများ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်နဲ့ ကြက်အသည်းတို့လို ဗီတာမင်အေ ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးသင့်ပါတယ်။
Ref ; steptohealth.com/hair-says-health-find/