• English
Thursday, July 10, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Health

အသိမှား အမှတ်မှား အရေပြားကင်ဆာ သတိထား

by ချစ်ဖေ (တောင်တွင်းမြေ)
21 April 2018
in Health
A A
အသိမှား အမှတ်မှား အရေပြားကင်ဆာ သတိထား
18.1k
VIEWS
Share on FacebookShare on Twitter

ကောက်ယူထားတဲ့ စာရင်းတွေ အရတော့ အရေပြားကင်ဆာဟာ အမေရိကန်မှာ အဖြစ်အများဆုံး ရောဂါတခုလို့ ဆိုပါတယ်။ ဒါပေမယ့် နိုင်ငံတကာမှာလည်း ဖြစ်ပွားမှု များနေတာပါ။ ကင်ဆာနဲ့ ပတ်သက်ပြီး အမှတ်မှားနေတာလေး သတိပြု ဆင်ခြင်ဖွယ်လေးတွေ တင်ပြပေးပါမယ်။

RelatedPosts

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 July 2025
3.3k
အရှေ့ နှင့် အနောက်

အရှေ့ နှင့် အနောက်

6 July 2025
422
မော်စီတုန်း

မော်စီတုန်း

5 July 2025
1.2k

(၁) လူငယ်တွေမှာ အရေပြားကင်ဆာ ဖြစ်နိုင်ခြေ ပိုများတယ် ။ ။ အမေရိကန်နိုင်ငံ၊ မင်နီဆိုးတား ပြည်နယ်က Mayo ဆေးရုံက လေ့လာချက် တခုအရ သက်ကြီးပိုင်းတွေထက် အသက် ၄၀ အောက် အမျိုးသမီးတွေမှာ အရေပြားကင်ဆာ ဖြစ်နိုင်ခြေ ၈ ဆ၊ အမျိုးသားတွေမှာ ၄ ဆ ပိုပြီး ကင်ဆာ ဖြစ်နိုင်ခြေ ပိုတယ် လို့ ဆိုပါတယ်။

ကင်ဆာ ဖြစ်နိုင်ခြေကို ကြိုတင် ကာကွယ်မှု နည်းလမ်းနဲ့ လျှော့ချတာ အကောင်းဆုံးလို့ အကြံပေးထားပါတယ်။ ဒါအပြင် မွေးကင်းစ ကနေ ၁၉ နှစ် အတွင်း အရွယ် ကလေးတွေမှာလည်း ကင်ဆာ ဖြစ်နှုန်းက ၂ ရာခိုင်နှုန်းလောက် အရင်ကထက် ပိုလာတာက စိုးရိမ်စရာ လို့လည်း ဆိုပါတယ်။ အသက်ငယ်သူတွေ အနေနဲ့ အရေပြားကင်ဆာ ဖြစ်နိုင်ခြေ ပိုများတာကြောင့် အလေးထား ဂရုစိုက်သင့်ပါတယ်။

(၂) မျက်လုံးမှာလည်း အရေပြားကင်ဆာ ဖြစ်နိုင်တယ် ။ ။ Ocular လို့ ဆိုတဲ့ မျက်ကြည်လွှာအတွင်း ကင်ဆာ ဖြစ်ပွားနိုင် တယ် လို့ ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် အရေပြား ပညာရှင် တဦးဖြစ်တဲ့ ဆန်ဒီယေးဂို (San Diego) က ပြောပါတယ်။ နှစ်စဉ် အမေရိကန်မှာ မျက်လုံးတွင်း အရေပြားကင်ဆာ ဖြစ်သူ ၂၀၀၀ လောက် ရှိတယ် လို့လည်း စာရင်းတွေ အရ သိရပါတယ်။ အထူးသဖြင့်တော့ မျက်လွှာသားဟာလည်း တခြား အရေပြားတွေလိုပဲ အရေပြား ကင်ဆာ ဖြစ်နိုင်တာလို့ ဆိုပါတယ်။

(၃) နေရောင်ထိတွေ့မှု မရှိတဲ့ နေရာတွေမှာလည်း အရေပြားကင်ဆာ ဖြစ်နိုင်တယ် ။ ။ လိင်အင်္ဂါလို အပိုင်းတွေ အပါအဝင် နေရောင်ခြည် ထိတွေ့မှု နည်းတဲ့ နေရာတွေမှာလည်း ကင်ဆာ ဖြစ်နိုင်တယ်လို့ နယူးယောက်မြို့က အရေပြား ခွဲစိပ် ဆရာဝန် မိုက်ကယ်ဟင်နရီ (Michelle Henry)က ပြောပါတယ်။ နေရောင်ခြည်ပါ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြား ကင်ဆာ ဖြစ်နိုင်ခြေ ပိုတယ်လို့ သိထားပေမယ့် အရောင်ခြယ်ဆဲလ် ဖြစ်တည်မှု အားနည်းပြီး နေရောင်ခြည်နဲ့ ထိတွေ့မှု နည်းရင်လည်း ကင်ဆာ ဖြစ်နိုင်ဖို့ အားပေးရာ ဖြစ်စေတယ် လို့ သိလာရကြောင်း ပြောပါတယ်။ အကောင်းဆုံးက တနှစ် တကြိမ် အရေပြား ကင်ဆာ စစ်ဆေးမှု လုပ်ဆောင်သင့်တယ် လို့ အကြံပေးထားပါတယ်။

(၄) အသားညိုသူတွေ အရေပြားကင်ဆာဖြစ်ရင် အသက်ပိုတိုတယ် ။ ။ အသားဖြူသူတွေထက် အသားညိုသူတွေက အရေပြားကင်ဆာ ဖြစ်နိုင်ခြေ လျော့နည်းတာ မှန်ပေမယ့် ဖြစ်ပြီ ဆိုရင်တော့ အသက်ရှင်သန်နိုင်မှု ကာလ ပိုမို တိုတောင်းတယ် လို့ မှတ်တမ်းတွေ အရ သိရပါတယ်။ ကင်ဆာ ဖြစ်ပြီး ၅ နှစ်တာ ရှင်သန်နိုင်မှုကို ပြန်ကြည့်ရင် အသားဖြူသူတွေက ၉၃ ရာခိုင်နှုန်းထိ ဆက်လက် အသက်ရှင်ကြပေမယ့် အသားညိုသူတွေကတော့ ၆၉ ရာခိုင်နှုန်း လောက်ပဲ ရှင်သန်မှုရှိတယ် လို့ ဆိုပါတယ်။ ဒါဆိုရင်တော့ အသားညိုသူတွေနဲ့ အသားမည်းသူတွေမှာ အရေပြားကင်ဆာ ဖြစ်နိုင်ခြေ နည်းပေမယ့် ဖြစ်ပြီ ဆိုရင်တော့ သေဆုံးဖို့ ပိုမြန်တယ် လို့ ဆိုပါတယ်။

(၅) မှဲ့တွေဟာ ကင်ဆာ လက္ခဏာစစ်စစ် မဟုတ်ဘူး ။ ။ မှဲ့သစ်တွေ တိုးပွား ထွက်ရှိလာခြင်း တခုတည်းက ကင်ဆာ လက္ခဏာ စစ်စစ် မဟုတ်ပါဘူး။ မှဲ့တွေ ပျောက်သွားမယ်၊ မှဲ့ပုံစံ ပြောင်းလဲမယ် (အရွယ်၊ အနားသတ်ပြောင်းလဲမှုတွေ ရှိမယ်)၊ မှဲ့ အရောင်တွေ ပြောင်းလဲမှု ရှိမယ်၊ မှဲ့ အရွယ် ကြီးမားလွန်းမယ်၊ ရှိပြီးသား မှဲ့တွေ အရောင်၊ အရွယ်၊ ပုံစံ ၃ ခုလုံး ပြောင်းလဲမှု ရှိမယ် ဆိုရင်တော့ ကင်ဆာ လက္ခဏာ ဖြစ်နိုင်ပါတယ်။

(၆) အရေပြားကင်ဆာမှာ အဆင့် ခွဲခြားမှု မရှိဘူး ။ ။ ဆိုလိုတာကတော့ အဆင့် ၁၊ အဆင့်၂ စသဖြင့် သေစေနိုင်လောက်သော၊ သက်သာနိုင်သေးသော အဆင့် ဆိုပြီး ခွဲခြားလို့ မရပါ။ ကင်ဆာ မဖြစ်အောင် ကြိုတင် ကာကွယ်ပါ။ အရေပြားကင်ဆာ ဖြစ်ရင်တော့ ကုသလို့၊ ခွဲစပ်လို့ မရပါဘူး။

(၇) ခရမ်းလွန်ရောင်ခြည် တခုတည်းကြောင့် အရေပြားကင်ဆာ ဖြစ်နိုင်တာ မဟုတ် ။ ။ အရင်ကတော့ နေရောင်ခြည် ထဲက ခရမ်းလွန်ရောင်ခြည်ကြောင့်ပဲ အရေပြားကင်ဆာဖြစ်တယ်လို့ သိထားပေမယ့် သူတခုတည်းကြောင့် မဖြစ်နိုင်ပါဘူး။ မျိုးရိုးလိုက်နိုင်ပါသေးတယ်။ ဆွေးမျိုးထဲမှာ အရေပြားကင်ဆာ ဖြစ်ဖူးသူတွေရဲ့ သွေးချင်းတွေက ကင်ဆာ ဖြစ်နိုင်ခြေ ပိုပါတယ်။ ဆေးဝါးသောက်သုံးမှု များခြင်းကလည်း ကင်ဆာ ဖြစ်ဖို့ အားပေးရာ ရောက်တယ် လို့လည်း ဆိုပါတယ်။

(၈) နေလောင်ခံဆီ ကောင်းကောင်း သုံးပါ ။ ။ နေလောင်ခံ နိုင်အောင် နေလောင်ခံဆီ သုံးရမယ် ဆိုတာ သိပေမယ့် အခုထိ ၂၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းလောက်ပဲ လိုအပ် ပမာဏကို လိမ်းတတ်၊ သုံးတတ်ကြပါတယ်။ တကယ်တော့ ရာနှုန်းပြည့် သုံးရမှာပါလို့ အမေရိကန် အရေပြား အကယ်ဒမီရဲ့ ထုတ်ပြန်ချက် တခုက ဆိုပါတယ်။ နေရောင်ထဲ မသွားခင် နေလောင်ခံဆီကို ၁၅ မိနစ် ကြိုလိမ်သင့်တယ်၊ လိုအပ် လုံလောက်သော ပမာဏ ရှိအောင် လိမ်းပေးသင့်တယ်၊ ၂ နာရီ တကြိမ် နောက်ထပ် အားဖြည့် လိမ်းပေးသင့်တယ်၊ ချွေးထွက်များပြီးတိုင်း၊ ရေကူးပြီးတိုင်း ပြန်လိမ်း ပေးသင့်တယ် လို့ ဆိုပါတယ်။ SPF 30 အနည်းဆုံး ရှိတဲ့ နေလောင်ခံဆီတွေ သုံးသင့်တယ် လို့ သိရပါတယ်။

Ref: www.rd.com

Your Thoughts …
Tags: အရေပြားကင်ဆာ
ချစ်ဖေ (တောင်တွင်းမြေ)

ချစ်ဖေ (တောင်တွင်းမြေ)

Similar Picks:

ဆီးချိုရောဂါ ရှေ့ပြေးလက္ခဏာများ

ဆိုးဝါးတဲ့ ရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာများ

by ရေဗန်
25 February 2019
15.3k

အရေပြားကင်ဆာရဲ့ အဓိက လက္ခဏာတွေကတော့ အရေပြား နီမြန်းခြင်း၊ အသားဝါခြင်း၊ မှဲ့များပေါ်လာခြင်း၊ အနာမကျက်ခြင်း၊ မှဲ့များပုံစံပြောင်းခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

Next Post
အမေရိကန် သမိုင်းတလျှောက် အန္တရာယ် အများဆုံး လေကြောင်းသူလျှို စစ်ဆင်ရေးများ

အမေရိကန် သမိုင်းတလျှောက် အန္တရာယ် အများဆုံး လေကြောင်းသူလျှို စစ်ဆင်ရေးများ

ဟနွိုင်းမြို့တွင် ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်စွန်ပက်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးစဉ် / The Global New Light of Myanmar

မြန်မာနှင့် ဗီယက်နမ် နှစ်နိုင်ငံကုန်သွယ်ရေး ၁ ဘီလီယံမျှော်မှန်း

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

5 days ago
3.8k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

3 days ago
3.3k

Most Read

  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    shares
    Share 0 Tweet 0
  • မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate