ကယ်လ်ဆီယမ်ဓာတ်ဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့အရာဖြစ်ပြီး အထူးသဖြင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေမှာ ပိုမိုလိုအပ်ပါတယ်။
အမျိုးသမီးတွေမှာ အသက် ၁၉ နှစ် ကျော်လာတာနဲ့ ကယ်လ်ဆီယမ် လိုအပ်ချက်က ပိုမိုများပြားလာတာကြောင့် ကယ်လ်ဆီယမ် ချို့တဲ့တဲ့အခါ ဖြစ်ပေါ်တတ်တဲ့ ကျန်းမာရေးဆိုင်ရာ လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) စိတ် မတည်မငြိမ် ဖြစ်ခြင်း၊ မှတ်ဉာဏ် အားနည်းခြင်း၊ အာရုံကြော အားနည်းခြင်း အစရှိတဲ့ လက္ခဏာတွေဟာ ကယ်လ်ဆီယမ်ဓာတ် ချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်တဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။
(၂) ရာသီမလာခင် ခံစားရတတ်တဲ့ ကိုယ်လက် မအီမသာဖြစ်ခြင်း၊ စိတ်ဆတ်လွယ်ခြင်းနဲ့ ရာသီလာစဉ် ကြုံတွေ့ရတတ်တဲ့ ဆီးစပ်ကိုက်ခြင်း၊ လေပွခြင်း၊ ဝက်ခြံထွက်ခြင်း ၊ မောပန်းနွမ်းနယ်ခြင်း၊ စိတ်ဖိစီးခြင်း ၊ ကိုယ်လက်ကိုက်ခဲနာကျင်ခြင်းနဲ့ ခေါင်းကိုက်ခြင်း အစရှိတဲ့ ကျန်းမာရေး ပြဿနာတွေဟာ ခန္ဓာကိုယ်က လုံလောက်တဲ့ ကယ်လ်ဆီယမ်ဓာတ် မရရှိခြင်း ကြောင့်ပဲ ဖြစ်ပါတယ်။
(၃) သွေးဆုံးပြီး အမျိုးသမီးတွေနဲ့ အသက်ကြီးတဲ့ အမျိုးသားတွေမှာ ဖြစ်လေ့ရှိတဲ့ အရိုးပွခြင်းနဲ့ အရိုးပါးခြင်း၊ အရိုးကျိုး လွယ်ခြင်း အစရှိတဲ့ ရောဂါတွေဟာ ကယ်လ်စီယမ်ဓာတ် အားနည်းခြင်းကြောင့် ဖြစ်ပါတယ်။
(၄) သွားကျန်းမာရေးကို ဂရုတစိုက် ပြုလုပ်နေပေမယ့် သွားပိုးစားခြင်း၊ သွားတွေ ကျိုးပဲ့လွယ်ခြင်းတွေ ဖြစ်ပေါ်နေမယ် ဆိုရင်တော့ ဒါဟာ ကယ်လ်ဆီယမ်ဓာတ် ချို့တဲ့နေခြင်းရဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။
ကယ်လ်စီယမ်ဓာတ်ကို ပြန်လည် ဖြည့်တင်းပေးနိုင်တဲ့ အစားအစာတွေကတော့ နို့နဲ့ နို့ထွက်ပစ္စည်းများ၊ ပဲအမျိုးမျိုး၊ အခွံမာသီး အစေ့အဆန်များ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေနဲ့ တို့ဟူးတို့ကို ထည့်သွင်း စားသုံးပေးခြင်းအားဖြင့် ခန္ဓာကိုယ်က လိုအပ်တဲ့ ကယ်လ်စီယမ်ဓာတ်တွေကို ရရှိစေမှာ ဖြစ်ပါတယ်။
Ref; naturallivingideas.com