အခုခေတ်မှာ အလှအပကို မိန်းကလေးတိုင်း စိတ်ဝင်စားလာကြပါပြီ။ စကပ်အတို၊ ဘောင်းဘီအတိုဝတ်ချင်ပေမယ့် ခြေသလုံးကကြီးနေလို့၊ ကြွက်သားတွေကြီးနေလို့ စိတ်ညစ်ရတဲ့ ပျိုမေတို့အတွက် ခြေသလုံးသားသေးသွယ်စေမယ့် လေ့ကျင့်ခန်း ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။

(၁) Standing Calf Raise and Pulse
– မတ်တပ်ရပ်ပါ။
– ခန္ဓာကိုယ်ဟန်ချက်ညီနေပါစေ။
– ခြေဖျားဖြေးဖြေးချင်းစီကြွပြီး ခဏရပ်ပါ။
– ပြီးနောက် ပြန်ချပါ။ ၁၀ ကြိမ်ပြုလုပ်ပါ။

(၂) Seated Claf Raise
– ထိုင်ခုံတခုပေါ်တွက်ထိုင်ပါ။ ခြေဖျားကို ကြမ်းပြင်နှင့်ထိထားပါ။ ပေါ်ပေါ်တွင် အလေးတုံးတခုတင်ပါ။
– ပြီးနောက်ခြေဖျားကို ဖြေးဖြေးချင်းကြွပါ။
– ခြေဖျားကြွပြီးသည့်အခါ ၃ စက္ကန့်ခန့်ရပ်နားပါ၊
– ပြီးနောက် ပုံမှန်အနေအထားတိုင်းပြန်သွားပါ။ ၁၀ ကြိမ်ပြုလုပ်ပါ။

(၃) Side to Side Jump
– မတ်တပ်ရပ်ပါ။
– ပြီးနောက် စည်းတခုထားပြီး ဘေးတစောင်းခုန်ပါ။
– ၁ မိနစ်ခန့်ပြုလုပ်ပါ။

(၄) Sumo Squat with Calf raise
– ပုံပါအတိုင်းထိုင်ပါ။
– တင်ပါးမရွေ့စေဘဲ ခြေဖျား ဖြေးဖြေးချင်းထောက်ပါ။
– ခြေဖျားကြွလာတဲ့အခါ စက္ကန့်အနည်းငယ်နားပါ။
– ၁၀ ကြိမ်ပြုလုပ်ပါ။
လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ခြေထောက်ကိုလှုပ်ပါ။ ဆန့်ပါ။ အကြောဖြေလျှော့ပါ။ အထက်ပါနည်းလမ်းတွေကို ပုံမှန်လုပ်ပြီး သေးသွယ်တဲ့ ခြေသလုံးသား ပိုင်ဆိုင်သလို အဝတ်အစားဝတ်တိုင်း မိမိကိုယ်ကိုယုံကြည်မှု ရရှိကြပါစေမှာ ဖြစ်ပါတယ်